Home သတင်း Japan Platform မှ ယခုနှစ် ဒီဇင်ဘာတွင် ကရင်ပြည်နယ် သွား‌ရောက်‌လေ့လာမည်

Japan Platform မှ ယခုနှစ် ဒီဇင်ဘာတွင် ကရင်ပြည်နယ် သွား‌ရောက်‌လေ့လာမည်

1955
‌အောက်တိုဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ဂျပန်နိုင်ငံအစိုးရမှ ကူညီ‌ထောက်ပံ့ထားသည့် Japan Platform NGO အဖွဲ့သည် ဂျပန်နိုင်ငံ‌ရောက် ကရင်အဖွဲ့အစည်းများနှင့် ယခုလ ဒုတိယပတ်က ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြရာ လာမည့် ဒီဇင်ဘာလတွင် ကရင်ပြည်နယ်ရှိ ‌ဒေသနှင့် လူထုအ‌ခြေအ‌နေများကို သွား‌ရောက်‌လေ့လာမည်ဖြစ်‌ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဂျပန်အစိုးရ နိုင်ငံခြား‌ရေးဌာန အပါအဝင် Japan Platform အဖွဲ့ဝင်‌ပေါင်း ၂၀‌ကျော်တို့က ဂျပန်နိုင်ငံရှိ Karen National League (KNL-Japan)၊ Karen National Union (KNU-Japan)၊ Karen National Foundation Japan – KNF ၊ Oversea Karen Organization Japan(OKOJ) အဖွဲ့မှ အဖွဲ့ဝင် ၆ဦးနှင့် ‌တွေ့ဆုံကာ ကရင်ပြည်နယ်၌ လုပ်ကိုင်နိုင်မည့် လုပ်ငန်းစဉ်များ အပါအဝင် ပြည်သူလူထု အ‌ခြေအ‌နေများကို ‌အောက်တိုဘာလ ၁၃ရက်‌နေ့က ‌ဆွေး‌နွေးခဲ့ကြသည်။

ထို‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်လာသည့် ဂျပန်နိုင်ငံခြား‌ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အ‌နေဖြင့် ကရင်ပြည်နယ် အတွက် လိုအပ်သည့်ကဏ္ဍများတွင် ကူညီလုပ်‌ဆောင်‌ပေးရန် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်‌ကြောင်းနှင့် Japan Platform အဖွဲ့ အ‌နေဖြင့်လည်း ယခုနှစ် ဒီဇင်ဘာလထဲတွင် မြန်မာအစိုးရနှင့် သွား‌ရောက်ညှိနှိုင်းမည်ဖြစ်‌ကြောင်း ‌ပြောဆိုခဲ့သည်ဟု KNU – Japan တာဝန်ခံ ‌စောမျိုးခိုင်ရှင်းက ‌ပြောသည်။

၎င်းက “သူတို့‌တွေက ကျ‌နော်တို့ကို‌တွေ့ပြီး ကရင်ပြည်နယ်ထဲက ‌ဒေသခံ‌တွေရဲ့ ‌နေထိုင်မှုစရိုက်‌တွေ၊ ယဉ်‌ကျေးမှု ဓ‌လေ့ရိုးရာ ‌တွေ ဘယ်လိုရှိသလဲဆိုပြီး ‌မေးတယ်။ သူတို့က ဒါ‌တွေကို အရင်‌လေ့လာပြီးမှ ကရင်ပြည်နယ်ထဲကို သူတို့သွားမယ်လို့ အဲလို ‌ပြောတယ်။”ဟု ‌ပြောသည်။

ဂျပန်နိုင်ငံရှိ NGO အဖွဲ့‌ပေါင်း ၂၅ခုနှင့်ဖွဲ့ထား‌သော Japan Platform သည် ဂျပန်အစိုးရ၏ ‌ထောက်ပံ့မှုဖြင့် ကရင်ပြည်နယ်တွင် ကရင်အမျိုးသားများအ‌ခြေအ‌နေ၊ ‌ဒေသတွင်းအ‌ခြေအ‌နေ၊ ဒုုက္ခသည်များ ‌နေရာပြန်လည်ချထား‌ရေး၊ ‌ကျေးရွာများ ပြန်လည်ထူ ‌ထောင်‌ရေးနှင့် ကရင်ပြည်သူများအား ‌ထောက်ပံ့‌ရေးတို့ကို မြန်မာအစိုးရနှင့် ပူး‌ပေါင်းကာ လုပ်‌ဆောင်သွားကြရန် အစီအ စဉ်ရှိ‌ကြောင်း ‌ဆွေး‌နွေးပွဲတက်‌ရောက်ခဲ့သည့် KNL-Japan ၏ ဝက်ဘ်ဆိုက်တွင် ‌ဖော်ပြထားသည်။

လက်ရှိအချိန်သည် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ အပစ်အခတ်ရပ်စဲ‌ရေးအဆင့် ‌ဆွေး‌နွေး‌နေဆဲသာ ဖြစ်သည့်အ တွက် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ လုပ်‌ဆောင်ရာတွင် စာသင်‌ကျောင်း၊ ‌ဆေးရုံများနှင့် ‌သောက်သုံး‌ရေအတွက် ‌ရေသန့်စက်ရုံများသာ ပထမဦးဆုံးအဆင့်အ‌နေဖြင့် ‌ဆောက်လုပ်‌ပေးသင့်‌ကြောင်း အကြံပြုတင်ပြခဲ့သည်ဟုလည်း OKO-Japan အဖွဲ့မှ တွဲဖက်အ တွင်း‌ရေးမှူး ‌စောလင်းစိန်က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့က‌တော့ ပွင့်ပွင်းလင်းလင်းပဲ သူတို့ကို ‌ပြောပြလိုက်တယ်။ အခု ကရင်ပြည်နယ်ထဲမှာသာ တိုက်ပွဲ‌တွေကငြိမ်‌နေတာ၊ ရှမ်းနဲ့ ကချင်‌တွေဘက်မှာ‌တော့ ‌ဆွေး‌နွေး‌နေစဉ်မှာပဲ တိုက်ပွဲ‌တွေ ပြန်ဖြစ်‌နေတယ်။ ဒါ‌ကြောင့် ကရင်ပြည်နယ်ထဲမှာလည်း လမ်း ‌တွေ‌ဖောက်တာပြင်တာ‌တွေ၊ တံတား‌ဆောက်တာ‌တွေ အပါအဝင်‌ပေါ့‌နော်။ တခြားစီးပွား‌ရေးလုပ်ငန်း‌တွေ မလုပ်သင့်‌သေးဘူးလို့ ‌တော့ တင်ပြခဲ့တယ်”ဟု ‌ပြောသည်။

ထို့အပြင် အဆိုပါ Japan platform နှင့် ‌ဆွေး‌နွေးခဲ့သည့် ဂျပန်‌ရောက် ကရင်များအ‌နေဖြင့် ကရင်ပြည်နယ်အတွင်း ဝင်‌ရောက် လုပ်ကိုင်လိုပါက ပြည်နယ်အတွင်းရှိ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီဝင်များနှင့် ဆက်သွယ် လုပ်‌ဆောင်သင့်သလို ‌ဒေသခံလူထု၏ ‌ရေရှည်အကျိုးစီးပွားကိုသာ အဓိကဦးတည်‌စေလို‌ကြောင်း အကြံပြုခဲ့သည်ဟု ‌စောမျိုးခိုင် ရှင်းက ‌ပြောသည်။

“သူတို့ ပြည်တွင်းထဲဝင်လုပ်မယ်ဆိုရင်‌တော့ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရနဲ့ပူး‌ပေါင်းရမှာပဲ‌လေ။ အဲလိုဆိုရင် ကရင်ပြည်နယ် ဖွံ့ဖြိုး ‌ရေးမှာ ကရင်လူထုက အကျိုးခံစားရမှာ နည်းတယ်။ ဒါ‌ကြောင့် လူထုအတွက် လုပ်‌ပေးနိုင်တဲ့ ဖလုံ-စ‌ဝေါ်ပါတီနဲ့ ဘာသာ‌ရေးအဖွဲ့ အစည်း‌တွေနဲ့ ပူး‌ပေါင်းလုပ်သင့်တယ်။ ဖြစ်နိုင်ရင် ၂၀၁၅ခုနှစ်အထိ ‌စောင့်ဖို့‌တော့ တိုက်တွန်းခဲ့ပါတယ်”ဟု ‌ပြောသည်။

Japan Platform အဖွဲ့အ‌နေဖြင့် ကရင်ပြည်နယ်သို့ စတင် ဝင်‌ရောက်ကူညီမှုများကို ပြည်တွင်းသက်ဆိုင်‌သော အဖွဲ့အစည်း များနှင့် ညှိနှိုင်းလက်တွဲပြီး မဖြစ်မ‌နေ အဆင့်ဆင့် ပြုလုုပ်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။