အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း) မြို့နယ်အတွင်း၊ အောက်တိုဘာ(၁)ရက်နေ့က စစ်အုပ်စုမှဒရုန်းဖြင့်ပစ်ခတ်ခဲ့ရာ အသက်(၁၇)နှစ်အရွယ် အရပ်သားလူငယ်(၁) ဦး သေဆုံးပြီး (၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ အောက်တိုဘာလ (၆) ရက်နေ့တွင် ထုတ်ပြန်သည်။ ...