Home သတင်း ICC ရှေ့နေချုပ်၏ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းလျှောက်ထားမှုအပေါ် အရပ်ဖက်အဖွဲ့များကြိုဆို ထောက်ခံ

ICC ရှေ့နေချုပ်၏ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းလျှောက်ထားမှုအပေါ် အရပ်ဖက်အဖွဲ့များကြိုဆို ထောက်ခံ

179
Photo -Original Uploader

နိုဝင်ဘာ ၂၈ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (International Criminal Court – ICC)၏ ရှေ့နေချုပ် Karim A.A. Khan KC ၏ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် Burma Campaign UK နှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့က ကြိုဆိုထောက်ခံကြောင်း အသီးသီး ထုတ်ပြန်လာသည်။

ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ပြည်နှင်ဒဏ်ပေးခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ပတ်သက်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို အခြေခံပြီး ICC ရှေ့နေချုပ်က စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးရန် လျှောက်ထားခဲ့ခြင်းအပေါ် ကြိုဆို ထောက်ခံကြခြင်းဖြစ်သည်။

“မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ဝရမ်းတောင်းဆိုတာက အချိန်တောင် နှောင်းနေပြီး။ ဒီအပေါ်မှာ မြန်မာတစ်နိုင်ငံ လုံးအနေနဲ့လည်း ဝမ်းသာကြိုဆိုနေကြမှာပါ။ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပေမဲ့ နောက်ဆက်တွဲ အရေးယူခံ ရမှုမရှိဘဲနဲ့ မြန်မာစစ်တပ်အနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကင်းလွတ်ခွင့်ရနေခဲ့တယ်။ တရားမျှတမှုတွေကတော့ တဖြည်းဖြည်းနဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဝိုင်းလာပါပြီး။ ဒါပေမဲ့ ဒါတွေဖြစ်လာဖို့က အဝေးကြီးသွားရအုံး မှာပါ။” ဟု Burma Campaign UK ၏ အုပ်ချုပ်ရေး ဒါရိုက်တာ Anna Roberts က ထုတ်ပြန်ချက်တွင် ပြောဆိုသွားသည်။

ICC ရှေ့နေချုပ်အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရင် ICC ကို လျှောက်ထားရာတွင် မြန်မာ စစ်တပ်ကျူးလွန်ခဲ့သော ၂၀၁၇ က ဩဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့သည့် ရိုဟင်ဂျာအပေါ် တိုင်းပြည်ကနေ နှင်ထုတ်မှု နှင့် သတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားများ အဓိက ပါဝင်သည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် ICC တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းပြည်ဖြစ်နေသည့် အပေါ် စစ်ကောင်စီအနေဖြင့် တရားစွဲဆို ဖမ်းဆီးလာမည့်အပေါ် ဂရုမစိုက်သည့်အပြင် တိုင်းပြည်တစ်ဝှမ်းလူသားမျိုး နွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကိုလည်း ဆက်လက် ကျူးလွန်နေကြောင်း အရပ်ဖက် အဖွဲ့စည်း များက ထောက်ပြမှုများ ရှိသည်။

အထူးသဖြင့် ရိုဟင်ဂျာအပေါ် ကျူးလွန်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုများအပြင် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်း မှုနောက်ပိုင်း မြန်မာပြည်သူ တစ်ရပ်လုံးအပေါ် ကျူးလွန်နေခဲ့သည့် အရပ်သားအပေါ် ဆန့်ကျင်သော စစ်ရာ ဇဝတ်မှုများတွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် လုံးဝ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး -KWO က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ပြောဆိုသည်။

A protester holds a poster featuring Myanmar armed forces chief Senior General Min Aung Hlaing during a demonstration against the military coup in Yangon on March 9, 2021. (Photo by AFP)

“အဖွဲ့ဝင် ၇၄,၀၀၀ ရှိတဲ့ ကျမတို့ KWO အနေနဲ့ တိုက်တွန်းလိုတာက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက် ရေး ၁၆ ရက်တာ လှုပ်ရှားမှုကာလအတွင်းမှာပဲ ဒီဖမ်းဆီးအရေးယူမှု ဖြစ်စဉ်ကနေ တရားမျှတရေးအဆင့်ထိ ရောက်နိုင်တဲ့အထိကို မြင်တွေ့ချင်ပါတယ်။ သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားရေးကို သူရင်ဆိုင်ကို ရင်ဆိုင်ရမှာပါ။” ဟု KWO ဥက္ကဋ္ဌ နော်ကညောဖောက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

၎င်းအပြင် အာဏာသိမ်းဖြစ်စဉ်ကတည်းက မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကော်သူးလေဒေသအတွင်း အနည်းဆုံး အရပ်သား အမျိုးသမီး ၂၁၂ ဦး နှင့် ကလေးသူငယ် ၁၂၇ ဦး သတ်ဖြတ်ခံခဲ့ရသည့် သက်သေအထောက် အထား များရှိကြောင်း နှင့် အရပ်သား ၉၀၉ ဦးကိုလည်း ထိခိုက်ဒဏ်ရာရရှိစေခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် တစ်ပါတည်း ထည့်သွင်းဖော်ပြထားသည်။

ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် သက်သေအထောက်ထားများဖြင့်သာ ဖော်ထုတ်ဝရမ်းလျှောက်ထားခဲ့သော် လည်း တိုင်းပြည်၏ ကျန်ဒေသများတွင် စစ်တပ်က နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် ဖြစ်စဉ်များကိုမူ စုံစမ်း ဖောက်ထုတ်ခြင်းမရှိသေးကြောင်း Burma Campaign UK က ထောက်ပြထားသည်။

သို့သော် ICC ရှိ တရားသူကြီးများအနေဖြင့် လက်ရှိတင်ပြလျှောက်ထားလာသည့် သက်သေအထောက်အထား များအပေါ် အကဲဖြတ် ချင့်ချိန်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် နိုင်ငံတကာ ဖမ်းဝရမ်းထုတ် ပြန်ခြင်း ရှိ မရှိ ဆုံးဖြတ်သွားရမည့် အခြေအနေကို ဆက်လက် စောင့်ကြည့်သွားရမည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

ယခုလို ဖမ်းဝရမ်းလျှောက်ထားမှုသည် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦးကို ဖမ်းဆီးအမိန့် ထုတ်ရန် ပထမဆုံး လျှောက်ထားခြင်းဖြစ်သည်ဟု ICC က ဆိုသည်။ ဖမ်းဝရမ်းလျှောက်လွှာတွင်လည်း စာရွက် စာတမ်းများ၊ သိပ္ပံနည်းကျ စစ်ဆေး အတည်ပြုထားသော သက်သေများ၊ ဓါတ်ပုံ နှင့် ဗီဒီယို သက်သေများ အပါအဝင် လူပုဂ္ဂိုလ်သက်သေထွက်ဆိုချက်များ ပါဝင်သည်ဟုလည်း ICC ကဆိုထားသည်။