ဗီဇအသွင်ပြောင်းလာသည့် ကျားဖြန့်သံသရာစက်ဝန်း
မူ့ဟီ့
(၁၂ စက်တင်ဘာ ၂၀၂၆)
စစ်အာဏာသိမ်းပြီးနောက် သာမန်လူတန်းစားမှာ ကုန်စျေးနှုန်းကြီးမြှင့်လာမှုနှင့်အတူ ၀င်ငွေ သုံးငွေ မျှတစွာ ရပ်တည်လုပ်ကိုင်ရန် မလွယ်ကူပါ။ ပြည်ပနိုင်ငံထွက် အလုပ်လုပ်ရန်လည်း အခက်အခဲ အဟန့်အတား များစွာရှိပြီး ပြည်တွင်းမှာလည်း စစ်မှုထမ်းဉပဒေကြောင့် မလုံခြုံ။ အလုပ်အကိုင်အခွင့်အလမ်း အလွန်ရှားပါးသည့်အတွက် ကျား ဖြန့်လုပ်ငန်းခွင်သည် သာမန်လူတန်းစားအတွက်...