အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီရှိ သက်ကြီးရွယ်အိုနှင့်စိတ်ကျန်းမာရေးစောင့်ရှောက်မှု စင်တာတစ်ခုတွင် သံတိုင်များကို လှောင်အိမ်သဖွယ် ကုတင်ဖြင့်တွဲလျှက်တပ်ဆင်ကာ လူနာများပိတ်လှောင်ထားသည့်ဖြစ်ရပ် ဖော်ထုတ်ခံရပြီးနောက် တစ်နိုင်ငံလုံးရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာများကို စစ်ဆေးတော့မည်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာန၏ ယနေ့၊ အောက်တိုဘာ(၇)ရက်နေ့ ညွှန်ကြားချက်အရ သိရသည်။
ထိုင်းအာဏာပိုင်များသည် ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် မတရားချုပ်နှောင်မှု...