ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ အုပ်ချုပ်မှုအာဏာကို ပြန်လည်လွှဲပြောင်းပေးရန် စစ်အုပ်စုက တောင်းဆိုထားသည်ဆိုသည့် သတင်းများအပေါ် မြို့လုံခြုံရေးတာဝန်ယူထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ်(၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ပယ်ချလိုက်သည်။
လက်ရှိ ဘုရားသုံးဆူမြို့တွင် စစ်အုပ်စုထံမှ အာဏာလွှဲယူထားခြင်းမျိုး...