Home သတင်း မြဝတီမြို့တွင် ‌နေအိမ်တွင်း လက်လုပ်မိုင်း‌ပေါက်ကွဲ၊ ၁ဦး‌သေ ၂ဦး ဒဏ်ရာပြင်းထန်

မြဝတီမြို့တွင် ‌နေအိမ်တွင်း လက်လုပ်မိုင်း‌ပေါက်ကွဲ၊ ၁ဦး‌သေ ၂ဦး ဒဏ်ရာပြင်းထန်

3080
Photo: CJ

စက်တင်ဘာ၂ဝ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ရပ်ကွက် ‌အောင်‌မြေ‌ရွှေဘုံရပ်ရှိ ‌နေအိမ်တစ်အိမ်တွင် ယ‌နေ့ ညဦးပိုင်းက လက်လုပ် မိုင်းတစ်လုံး ‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ဦး ‌သေဆုံးကာ ကျန် ၂ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ည ရး၁၅အချိန့်ခန့်က မြဝတီမြို့ အမှတ် ၄ရပ်ကွက်၊ ‌အောင်‌မြေ‌ရွှေဘုံ ၂လမ်းရှိ ‌နေအိမ်တစ်အိမ်၌ လက်လုပ်မိုင်း စမ်းသပ်ရင်း မိုင်း‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆ‌ကြောင်း ‌ဒေသတာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

မိုင်း‌ပေါက်ကွဲမှု‌ကြောင့် ‌နေအိမ်အတွင်းရှိ အမျိုးသား ၃ဦးကို မိုင်းထိမှန်ကာ စိုးရိမ်ရသည့် အ‌ခြေအ‌နေဖြင့် ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့ပြီး မြဝတီခရိုင် ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်စဉ် တစ်ဦးမှာ ‌သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာလည်း အ‌ခြေအ ‌နေ စိုးရိမ်ရ‌ကြောင်း မြဝတီခရိုင်‌ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

ထိုသို့ မိုင်း‌ပေါက်ကွဲမှု ဖြစ်သွားပြီး‌နောက် အဆိုပါ‌နေရာတွင် စစ်‌ကောင်စီအဖွဲ့မှ လုံခြုံ‌ရေးတင်းကြပ်ထားပြီး ‌နောက် ဆက်တွဲ ရှာ‌ဖွေစုံစမ်းမှုများ ပြုလုပ်‌နေသည်ဟု သိရသည်။