Home သတင်း လယ်မူလား (ပု‌လော) မြို့နယ်ရှိ စစ်‌ရှောင်ရွာသားများ ‌နေရပ်မပြန်ရဲ‌သေး

လယ်မူလား (ပု‌လော) မြို့နယ်ရှိ စစ်‌ရှောင်ရွာသားများ ‌နေရပ်မပြန်ရဲ‌သေး

1964

စက်တင်ဘာ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ရီတိုင်း‌ဒေသကြီး၊ လယ်မူလား (ပု‌လော) မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ‌ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၊ တပ်မဟာ -၄၊ လက်‌အောက်ခံတပ်ဖွဲ့များနှင့် စစ်‌ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် တိမ်း‌ရှောင်‌နေရသည့် ‌ဒေသခံများ အဖမ်းခံရမည် စိုး၍ ‌နေရပ်မပြန်ရဲ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

“အခုချိန်ထိ မပြန်လာရဲ‌သေးဘူး၊ ‌ပြေးတဲ့သူ‌တွေက။ အခု ထွက်‌ပြေး‌နေရတဲ့ ရွာက ၅ ရွာရှိတယ်။ လူဦး‌ရေ ဘယ် ‌လောက် ရှိလဲ‌တော့ မသိဘူး။ သတင်း‌တွေ ကြားမိတာက ‌ပေါ်တာ ဆွဲမယ်ဆိုလား မိန်းက‌လေး‌ရော၊ ‌ယောက်ျား ‌လေး‌တွေ‌ရော ‌တွေ့သမျှ အကုန်ဖမ်းမယ်ဆိုပြီး သတင်းကြားမိ‌တော့ ‌ရှောင်‌နေကြတာလည်းပါတယ်” ဟု ‌ဒေသခံ အမျိုးသမီးတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်‌နေ့ တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီး‌နောက် လက်ရှိ စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်သွားပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားမှု မရှိ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။ သို့‌သော် ‌ဒေသခံများ အ‌နေဖြင့် စစ်‌ကောင်စီ တပ်များ ထပ်မံဝင်‌ရောက်လာမည်ကို စိုးရိမ်‌သော‌ကြောင့် ဆက်လက် တိမ်း‌ရှောင်‌နေသူ တချို့ရှိသလို ရွာများသို့ ပြန်လည်ဝင်‌ရောက်‌နေထိုင်သူ တချို့လည်းရှိ‌နေပြီး ဖြစ်သည်။

“ တိုက်ပွဲ ဖြစ်ပြီးတဲ့‌နောက် သူတို့(စစ်‌ကောင်စီ) ပြန်ဆုတ်သွား‌တော့ ပြန်ငြိမ်းသွားတယ်။ ဘားမှ‌တော့ ဖြစ်တာ မကြားရ‌ပေမဲ့ စိုးရိမ်‌နေရတုန်းပဲ။ ‌ဒေသခံ‌တွေက သတိထား‌နေရတယ်။ ဖြစ်‌တော့ ဆက်ဖြစ်နိုင်တယ် ဘယ်အချိန် ဖြစ်မလဲဘဲ မသိရတာ။ အခုဘယ်မှ မသွားရဲဘူး” ဟု ပု‌လောမြို့နယ်၊ ‌ဒေသခံအခြားအမျိုးသမီး တစ်ဦးက‌ပြော သည်။

လတ်တ‌လောတွင် စစ်‌ကောင်စီ တပ်များအ‌နေဖြင့် ၎င်းတို့ နယ်‌မြေအတွင်း ပြန်လည် ဆုတ်ခွာသွားပြီးဖြစ် ‌ကြောင်းနှင့် လက်ရှိတွင်လည်း တိုက်ပွဲ ဖြစ်နိုင်‌ချေ မရှိ‌သေးဟု ‌ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ‌ပြောခွင့်ရ ပဒို ‌စောဖ‌လော်စိုးဝင်းက ယခုလို ‌ပြောသည်။

“ ပု‌လောဘက်က ပစ်ခတ်မှုပြီးတဲ့‌နောက်‌တော့ စစ်‌ကောင်စီဘက်က ပြန်ဆုတ်သွားပြီး‌လေး။ အခုက တိုက်ပွဲ ဖြစ်လာဖို့ အ‌ခြေအ‌နေ မရှိ‌သေးပါဘူး။ ပြီး‌တော့ သတင်း‌တွေ ထွက်‌နေသလိုမျိုး အင်အား ၃၀ဝ ‌ကျော်နဲ့ စစ် ‌ကြောင်း ထိုးတယ်ဆိုတာက မဖြစ်နိုင်ပါဘူး။ ရန်သူကို အထင်‌သေးတာ‌တော့ မဟုတ်‌ပေမဲ့ သူတို့ အင်အား အဲ့‌လောက်နဲ့ စစ်‌ကြောင်းထိုးတာမျိုး မရှိပါဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်‌နေ့တွင် တပ်မဟာ (၄) နယ်‌မြေထဲကို တပ်အင်အား အလုံးအရင်းဖြင့် ဝင်‌ရောက် လာသည့် စစ်‌ကောင်စီတပ်နှင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်‌ရေးတပ်ဖွဲ့(KNDO) တပ်ရင်း ၇ နှင့် ထားဝယ်‌ဒေသခံ PDF များပါဝင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်‌ကြောင်း ‌ဒေသခံ မီဒီယာများ၏ သတင်းများတွင် ‌ဖော်ပြထားသည်။

အလားတူ ဩဂုတ်လကုန်ပိုင်တွင် ‌ကေအဲန်ယူ၊ တပ်မဟာ -၄၊ ဘိတ်-ထားဝယ်ခရိုင်၊ ‌ရေဖြူမြို့နယ်၊ ‌ကျေးဇူး‌တော် ‌ကျေးရွာအတွင်းသို့ စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် PDF များကို ရှာ‌ဖွေရန် ‌ရောက်ရှိလာရာ ရွာသားများ ထွက်‌ပြေးခဲ့ရသည့်ဖြစ်စဉ် ဖြစ်‌ပေါ် ခဲ့‌သေးသည်။