Home သတင်း ဖားအံမြို့အနီး ‌ကျေးရွာများတွင် စစ်ကားများ ဖြတ်သန်းသွားလာမှု‌ကြောင့် ဖမ်းဆီးခံရမည်ကို ရွာသားများ ထိတ်လန့်‌နေ

ဖားအံမြို့အနီး ‌ကျေးရွာများတွင် စစ်ကားများ ဖြတ်သန်းသွားလာမှု‌ကြောင့် ဖမ်းဆီးခံရမည်ကို ရွာသားများ ထိတ်လန့်‌နေ

2645

စက်တင်ဘာ ၁၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့အနီးရှိ ‌ကျေးရွာများတွင် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြို့တွင်းမြို့ပြင်၌ စစ်တပ်ကားများ ဖြတ်သန်း သွားလာခြင်းများ‌ကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ရွာသားအချို့မှာ ညပိုင်းတွင် ‌ရှောင်တိမ်းရမှုများရှိ‌နေ ‌ကြောင်း ရပ်ကွက်၊ ‌ကျေးရွာ‌နေထိုင်သူများထံမှ သိရှိရသည်။

စစ်‌ကောင်စီတပ်မှ စစ်ကားများမှာ ဖားအံမြို့အနီးအနားရွာများသို့ ဝင်ထွက်ခြင်း၊ အရပ်သားကားများဖြင့်လည်း သွား လာ‌နေခြင်းများ‌ကြောင့် မြို့တွင်းရှိ ‌နေထိုင်သူများ အပါအဝင် ‌ကျေးရွာအချို့မှ ‌ဒေသခံရွာသူရွာသားများမှာ စိုးရိမ်စိတ် ဖြင့် ‌နေထိုင်သွားလာ‌နေရသည်ဟု ရွာခံအချို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့‌တောင်ဘက်ရှိ ရွာခံတစ်ဦးက “အခုရွာမှာ‌နေတဲ့လူ‌တွေက ‌နေ့‌နေ့ညည ‌ကြောက်‌နေရတယ်။ ရွာ‌တွေထဲမှာ ကား‌တွေဝင်ထွက်ရှိ‌တော့ ဘာကိုဖမ်းဖို့လာလဲ မသိဘူး။ တချို့‌ပြောတာက PDF လိုက်စုံစမ်းတယ်။ တချို့က‌တော့ ‌ပေါ်တာ‌တွေဖမ်းမယ်လို့ ကြားတယ်။ CDM သမား‌တွေကိုလည်း လိုက်ဖမ်းဖို့ရှိတယ် ကြားတယ်။ မြို့‌တွေမှာလည်း လူ လိုက်ဖမ်းတယ်။ သူတို့ဖမ်းချင်တဲ့လူမရှိရင် ရွာ‌တွေမှာလိုက်ဖမ်းမယ်။ အခုရွာမှာ‌နေရတာလည်း လုံးဝ မလုံခြုံ‌တော့ဘူး” ဟု ‌ပြောသည်။

ထို့အပြင် ဖားအံမြို့ထဲတွင်လည်း စစ်‌ကောင်စီဘက်မှ ဖမ်းဆီးမှုများ ညတိုင်းနီးပါး ရှိလာသလို စက်တင်ဘာလ ၉ရက် ‌နေ့ကလည်း ဖားအံမြို့ရှိ စီးပွား‌ရေးလုပ်ငန်းရှင်အချို့ကို ညဘက် ဝင်‌ရောက်ဖမ်းဆီးမှုများရှိ‌ကြောင်းလည်း ဖားအံမြို့ခံ များက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် စက်တင်ဘာလ ၁ဝရက်‌နေ့က ‌ရေးသားထားကြသည်။

အလားတူ ဖားအံမြို့အနီး ‌ပေါ့‌ထော်‌ကျေးရွာတွင်လည်း Mytel တာဝါတိုင် မီးရှို့ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ‌ကျေးရွာ လူထုအချို့ ဖမ်းဆီးခံရမှုရှိခဲ့ပြီး ပြန်လည်လွှတ်‌မြောက်လာသူရှိသလို ထိန်းသိမ်းခံထားရဆဲလည်း ရှိ‌နေ‌သေးသည့်အ တွက် ရွာသားအချို့မှာ ဆက်လက် တိမ်း‌ရှောင်‌နေရဆဲဖြစ်‌ကြောင်း နီးစပ်သူများထံမှ သိရသည်။

လုံခြုံ‌ရေးအရ အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “သူတို့က မသကင်္ာရင် အကုန်လိုက်ဖမ်းတာဘဲ။ ဒီအချိန်မှာ ဘယ် သူမဆို အဖမ်းခံမထိတာ အ‌ကောင်းဆုံးပဲ။ ကိုယ် ဘာမှမလုပ်‌တောင်မှ အဖမ်းခံရတတ်တယ်။ ဘာမှမလုပ်ကိုင်ရဲ‌တော့ ဘူး။ ‌ကြောက်ပဲ လိုက်‌ကြောက်‌နေရတဲ့ အ‌ခြေအ‌နေ‌ရောက်ပြီ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ သတင်းများ ထွက်‌ပေါ်‌နေ‌သော်လည်း ရွာသားများ အဖမ်းခံရမှုရှိမရှိကို အတည်ပြုချက် ရရှိနိုင်ရန် ‌ကေအိုင်စီ က စုံစမ်း‌မေးမြန်း‌သော်လည်း လက်ရှိအချိန်ထိ အဖမ်းခံရသည့်သတင်း အတိအကျကိုမူ မသိရှိ‌သေး‌ပေ။

အမျိုးသားညီညွှတ်‌ရေးအစိုးရ(NUG)က စက်တင်ဘာ ၇ရက်‌နေ့တွင် အ‌ရေး‌ပေါ်‌ကြေငြာချက် ထုတ်ပြန်ပြီးသည့်‌နောက် ပိုင်း ဖားအံမြို့ အဝင်အထွက် လမ်းများတွင် ‌စောင့်ကြည့်စစ်‌ဆေးမှုများကို တိုး၍ ‌ဆောင်ရွက်သည့်အပြင် မြို့တွင်းရှိအ ချို့‌နေရာများ၌လည်း လမ်းသွားလမ်းလာများကို စစ်‌ဆေး‌မေးမြန်းမှုများရှိလာ‌ကြောင်း မြို့ခံများထံမှ သိရသည်။