Home သတင်း စစ်‌ကောင်စီက ကြိတ်ရွာအပြင်ဘက်တွင် တပ်စခန်းအသစ် ပြန်‌ဆောက်ရန် စီစဉ်‌နေ

စစ်‌ကောင်စီက ကြိတ်ရွာအပြင်ဘက်တွင် တပ်စခန်းအသစ် ပြန်‌ဆောက်ရန် စီစဉ်‌နေ

1694

စက်တင်ဘာ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ရေးတင်းမာမှု ဖြစ်‌ပေါ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်‌ကျေးရွာတွင် စစ်‌ကောင်စီက ရွာအပြင် ဘက်၌ တပ်စခန်းအသစ် ပြန်‌ဆောက်ရန် စီစဉ်‌နေသည်ဟု ‌ဒေသအတွင်း သတင်းအရင်းအမြစ်များက ‌ပြောသည်။

အဆိုပါ စစ်‌ကောင်စီတပ်များသည် ပြီးခဲ့သည့်လက ကြိတ်စခန်းကို စွန့်ခွာသွားပြီး‌နောက် ယခင်‌နေရာတွင် ပြန်လည် စခန်းထိုင်ရန် စီစဉ်‌သော်လည်း ‌ဒေသခံများက လက်ခံခြင်းမရှိသည့်အတွက် ကြိတ်ရွာ၏အပြင်ဘက်ရှိ ခိုလာ‌ဖေ ‌တောင်ဘက်ရှိ ‌ဒေသခံတစ်ဦး၏ ‌မြေကွက်ကိုဝယ်ယူ၍ စခန်းပြန်‌ဆောက်ရန် စီစဉ်‌နေခြင်းဖြစ်သည်။

ယခုလို စခန်းပြန်‌ဆောက်ရန် စက်တင်ဘာလ ၁ဝ ရက်‌နေ့တွင် ကျိုက်ဒုံမြို့၌ နယ်ခြား‌စောင့်တပ်(BGF)မှ ဗိုလ်မှူး‌စောမုတ်သုန်က ‌မြေပိုင်ရှင်နှင့် အ‌ရောင်းအဝယ်စာချုပ် ပြုလုပ်ပြီး ကျပ်သိန်း ၆ဝ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အ‌ရောင်းအဝယ်ကို သိထားသူ အမည်မ‌ဖော်လိုသူတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

” သူတို့ စခန်းပြန်လာ‌ဆောက်မယ်။ ခိုလာ‌ဖေမှာ လို့‌တော့ ကြားသိထားတယ်။ ရွာသားတစ်ဦးရဲ့‌မြေကို ပိုက်ဆံ‌ပေးပြီး ဝယ်လိုက်တယ်။ သူတို့ ဘယ်‌တော့ လာ‌ဆောက်မလဲ‌တော့ မသိဘူး။ အခုလည်း ရွာမှာ အ‌ယောက် ၅ဝ ‌လောက်‌တော့ ရှိ‌နေ‌သေးတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီတပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁ဝ ရက်‌နေ့တွင် ပိုင်ကလန်ဒုံနှင့် ကွင်းက‌လေး ‌ကျေးရွာ တွင် တပ်အင်အား တစ်ရာ‌ကျော် ပြန်သွားဆုတ်‌သော်လည်း ၎င်းကြိတ်‌ကျေးရွာတွင် ‌ဒေသခံလူ‌နေအိမ် အချို့၌ တပ်အင်အား ၅ဝ ခန့် တပ်စွဲထားပြီး တပ်စခန်း‌ဆောက်ရန်အတွက် ကျန်ရှိ‌နေခြင်း ဖြစ်နိုင်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ကြိတ်‌ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁ဝ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်ပြီး ‌နောက် ‌ဒေသခံများအ‌နေဖြင့် ‌နေ့စဉ်လူမှုဘဝအတွက် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှား‌နေ‌သော်လည်း ပစ်ခတ်မှုများ ထပ်ဖြစ်လာမည်ကို စိုးရိမ်‌ကြောက်လန့်စိတ် ရှိ‌နေ‌သေးသည်ဟု ‌ဒေသခံများက ‌ပြောသည်။