Home သတင်း ကျိုက်ဒုံမြို့နယ်ရှိ ‌ကျေးရွာများတွင် ‌ဒေသခံများအတွက် ကိုဗစ်‌ရောဂါ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု အားနည်း‌နေ‌သေး

ကျိုက်ဒုံမြို့နယ်ရှိ ‌ကျေးရွာများတွင် ‌ဒေသခံများအတွက် ကိုဗစ်‌ရောဂါ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု အားနည်း‌နေ‌သေး

1625

စက်တင်ဘာ ၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ ‌ကျေးရွာများတွင် ‌နေထိုင်လျှက်ရှိကြသည့် ‌ဒေသခံရွာသူရွာသား များအတွက် ကိုဗစ်ကူးစက်မှုဆိုင်ရာ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု အားနည်း‌နေ‌သေး‌ကြောင်း ‌ဒေသတွင်း သတင်းအရင်း အမြစ်အရ သိရသည်။

ကျိုက်ဒုံမြို့နယ်ခွဲရှိ ပူ‌ရေ၊ ‌တောရ‌ကျောင်း၊ မိတန်၊ ‌ကော်သ‌နောက်၊ ကွင်းက‌လေးနှင့် ကျိတ် စသည့်‌ကျေးရွာတွင် အနံ့၊ အရသာ‌ပျောက်‌နေကြသူများနှင့် ဖျားနာကိုက်ခဲ စသည့်လက္ခဏာများ ခံစားရသလို မိမိနည်းလမ်းဖြင့်သာ ကုသ‌နေကြ ရသည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “ရွာမှာဆိုရင် တစ်ရွာလုံးနီးပါးပဲ ‌နေမ‌ကောင်းဖြစ်‌နေကြတယ်။ တချို့ကလည်း အနံ့‌ပျောက်တယ်။ တချို့က လည်း အရသာ‌ပျောက်တယ်။ ဖျားတာ‌တွေ နာကျင်ကိုက်ခဲတာ‌တွေရှိတယ်။ စစ်‌ဆေးတာ‌တွေလည်း မရှိဘူး‌ပေါ့‌နော်။ တချို့ကလည်း ဗိ‌န္ဓော‌ဆေး‌တွေနဲ့ ကုတယ်။ ဒီလိုပဲ ကြိတ်ကု‌နေရတယ်‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ကျေးရွာများတွင် ‌ဒေသခံများ ‌နေမ‌ကောင်းဖြစ်လျှင် အိမ်တွင်းကုသမှုများရှိပြီး အချို့မှာလည်း ကျိုက်ဒုံ‌ဆေးရုံသို့ သွား‌ရောက်စစ်‌ဆေးမှု ခံယူ‌သော်လည်း ကျန်းမာ‌ရေးဝန်ထမ်းများအ‌နေဖြင့် လက်ခံစစ်‌ဆေးခြင်း မပြုလုပ်‌ပေး‌ကြောင်း ကိုလည်း အဆိုပါ‌ဒေသခံများ၏ ‌ပြောဆိုချက်များအရ သိရသည်။

သို့‌သော် ကျိုက်ဒုံမြို့နယ်ရှိ တိုင်းရင်းသားကျန်းမာ‌ရေး‌ဆေးခန်းတွင် ကိုဗစ် positive ကုသခံရသူတစ်ဦးနှင့် ‌သေဆုံးသူ တစ်ဦးသာ ရှိပြီး ပူ‌ရေ၊ ရှိုးထနှင့် မိတန်‌ကျေးရွာတွင် ကိုဗစ်သံသယဝင်လူနာများအဖြစ်သာ ရှိ‌သေး‌ကြောင်း Karen Department of Health and Welfare (KDHW) ၏ field assistant (ကွင်းဆင်းတာဝန်ခံ) တစ်ဦးက ယခုလို ‌ပြော သည်။

“ပူ‌ရေဘက်ကျ‌တော့လည်း ဆရာမတစ်‌ယောက်ရှိတယ်။ ပူ‌ရေက ဆရာမလည်း ကူးသွားလို့လား ဘာလို့လဲ‌တော့ မသိ ဘူး။ သံသယလူနာအ‌နေနဲ့ပဲ ကု‌နေရတယ်‌ပေါ့‌နော်။ အိမ်တွင်းမှာပဲ ကု‌နေရတယ်။ ဟိုမှာ ကွာရန်တင်း‌တွေ ဘာ‌တွေမရှိဘူး။ သူ့အိမ်နဲ့သူ ထားပြီးကု‌နေရတယ်။ တချို့အိမ်မှာ lock down ချထားတယ်။ ဝင်ထွက်သွားလာလို့ မရဘူးလို့ ‌ပြော ထားရတယ်‌ပေါ့‌နော်။”ဟု ၎င်းက ဆိုသည်။

ကိုဗစ်တတိယလိုင်းကာလ ဇူလိုင်လ ၁၄ရက်‌နေ့မှ စက်တင်ဘာလ ၈ရက်‌နေ့အထိ ကျိုက်ဒုံမြို့နယ်တွင် ကိုဗစ်‌ရောဂါ ကူးစက်ခံရသူ ၂ဝဦးခန့်ရှိပြီး ‌သေဆုံးသူတစ်ဦးနှင့် ပြန်လည်‌ကောင်းမွန်သွားသူတစ်ဦးရှိ‌ကြောင်း အဆိုပါတာဝန်ခံက ဆက်‌ပြောသည်။

ထို့အပြင် နယ်‌မြေကျူး‌ကျော်ဝင်‌ရောက်လာသည့် စစ်‌ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ကြား ပစ်ခတ် မှု‌ကြောင့် စစ်‌ရှောင်‌ပြေး‌နေရသည့် ပူ‌ရေ၊ ရှိုးထနှင့် ‌ကော့သနု‌ကျေးရွာတွင် စစ်‌ရှောင်‌ပြေး‌နေရသည့် ‌ဒေသခံများကို ကိုဗစ်‌ရောဂါလက္ခဏာ ခံစားရသည့် စစ်‌ဘေး‌ရှောင်များလည်းရှိ‌ကြောင်း Klo FM ၏ စာမျက်နှာတွင် ‌ဖော်ပြထားသည်။

ကိုဗစ် တတိယလိုင်း စတင်ဖြစ်ပွားသည့်အချိန်မှစ၍ အဆိုပါ‌ကျေးရွာများကို ‌ကျေရွာအတွင်း lock down ချကာ ‌စောင့် ကြည့်‌ရေးစခန်းများနှင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများဖြင့် ကိုဗစ်‌ရောဂါ ကာကွယ်‌စောင့်‌ရှောက်မှု ပြုလုပ်ကြ‌သော် လည်း စစ်အာဏာသိမ်းပြီး‌နောက် ကျန်းမာ‌ရေးဝန်ထမ်းများ CDM ပါဝင်ကြသလို လတ်တ‌လောတွင် ၎င်း‌ဒေသအတွင်း စစ်‌ရေးပဋိပက္ခ‌ကြောင့် ကိုဗစ်‌ရောဂါကူးစက်မှုရှိလာခြင်းဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

လတ်တ‌လော ကျိုက်ဒုံမြို့တွင် ကိုဗစ်ကူးစက်မှုများလာသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်‌နေ့တွင် ကျိုက် ဒုံမြို့ကို အသွားအလာ ကန့်သတ်သတ်မှတ်လိုက်ပြီးဖြစ်သလို စစ်‌ကောင်စီဘက်ကလည်း ၎င်း‌ကျေးရွာတွင် စစ်‌ရေးလှုပ် ရှားမှုရှိပြီး စစ်အင်အားဖြည့်တင်းမှုများ ရှိသည်ဟုလည်း ‌ဒေသခံများထံမှ သိရသည်။