Home သတင်း ဒီမိုက‌ရေစီအလိုရှိ‌ကြောင်း ဖားအံ မီးထွန်းဆု‌တောင်းပွဲလှုပ်ရှားမှုတွင် လူတစ်ရာနီးပါး ပါဝင်

ဒီမိုက‌ရေစီအလိုရှိ‌ကြောင်း ဖားအံ မီးထွန်းဆု‌တောင်းပွဲလှုပ်ရှားမှုတွင် လူတစ်ရာနီးပါး ပါဝင်

1514

‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

WE WANT DEMOCRACY စာသားဖြင့် မီးထွန်းဆု‌တောင်းပွဲလှုပ်ရှားမှုကို ဖားအံမြို့၊ ကန်သာယာည‌ဈေး‌နေရာ၌ ‌ဖေ‌ဖော် ဝါရီလ ၂၂ရက်၊ ညဦးပိုင်းတွင် ပြုလုပ်ခဲ့ကြရာ လူငယ်အများစု အပါအဝင် လူဦး‌ရေ ၁၀ဝနီးပါး လာ‌ရောက်ပူး‌ပေါင်းခဲ့ကြ သည်။

ယ‌နေ့ ည‌နေ ၆နာရီခွဲမှစ၍ လူငယ်များ တဖြည်းဖြည်း ‌ရောက်ရှိလာကြကာ စာလုံးကို မီး‌သွေးခဲဖြင့် ဝိုင်း‌ရေးကာ ထိုစာ လုံး‌ပေါ်တွင် ဖ‌ယောင်းတိုင်မီးများကို ထွန်းညှိခဲ့ကြပြီး WE WANT DEMOCRACY ဟု သုံးကြိမ်‌ကြွေး‌ကြော်ကာ မှတ်တမ်း ဓာတ်ပုံများ ရိုက်ယူခဲ့ကြရင်း မီးထွန်းပွဲကို ရး၄၅နာရီအထိ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ကိုယ်တိုင်ပါဝင်ခဲ့သူ လူငယ်တစ်ဦးက (ဒီမိုက‌ရေစီကို လိုချင်လို့ ဒီလိုပွဲ‌လေးကို လုပ်ဖြစ်တာပါ။ အခြားမြို့‌တွေမှာလည်း လုပ်လာ‌နေတာ‌တွေရှိ‌တော့ ကရင်ပြည်နယ်အ‌နေနဲ့လည်း လုပ်သင့်လို့ ပထမဦးဆုံး ဒီမီးထွန်းပွဲကို လုပ်ကြတာ ဖြစ်ပါ တယ်။)ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မီးထွန်းဆု‌တောင်းပွဲကို တစ်ဦးတစ်‌ယောက် ဦး‌ဆောင်မှုဖြင့် မဟုတ်ဘဲ မိမိအသိစိတ်ဖြင့် လာ‌ရောက်ပါဝင်ကာ မီးထွန်းဆု‌တောင်းခဲ့ကြခြင်းဖြစ်‌ကြောင်း မီးထွန်းပွဲအပြီးတွင် လာ‌ရောက်ကြသူများက မီးများကို ငြိမ်းသတ်ကာ သန့်ရှင်း ‌ပေးခဲ့ကြပြီး‌နောက် လူစုခွဲကာ ပြန်လည် ထွက်ခွာသွားကြသည်။

(ဂုဏ်ယူတယ် လူငယ်‌တွေကို။ ည‌နေခင်းဆိုတာ ပြည်သူ‌တွေရဲ့ အပန်း‌ဖြေတဲ့ အခွင့်အ‌ရေးလည်းဖြစ်တယ်။ သူတို့အခွင့် အ‌ရေးကို လွတ်လွတ်လပ်လပ် ခံစား‌စေတာ တရား‌သောအမှုလည်းဖြစ်တယ်။ ‌နေ့‌ရောညပါ ‌ကြောက်ရွံ့မှုကင်းမဲ့စွာနဲ့ ‌နေထိုင်ရမှ လူ့ဖြစ်ရကျိုးနပ်မှာဖြစ်တယ်။ ပြည်သူပြည်သားအားလုံး လူ့အခွင့်အ‌ရေးကို ‌နေ့‌ရောညပါ ပြည့်ပြည့်ဝဝ ခံစားရရှိပါ‌စေ‌ကြောင်း ၂၂၂၂၂ ‌နေ့ အမှတ်တရ ဆု‌တောင်းလိုက်ပါတယ်။)ဟု ဖားအံမြို့‌နေ လူငယ်တစ်ဦးက ‌ပြောသည်။

အချိန်တစ်နာရီ‌ကျော်ကြာ ပြုလုပ်ခဲ့သည့် ၎င်းမီးထွန်းပွဲကို သတင်းတပ်ဖွဲ့ဝင်တချို့ လာ‌ရောက်ကြည့်ရှုသည်မှလွှဲ၍ ‌နှောက်ယှက်ဟန့်တားမှု တစုံတရာ မရှိခဲ့‌ကြောင်း ပါဝင်သူများ၏ ‌ပြောပြချက်အရ သိရသည်။