Home ဆောင်းပါး လက်‌တွေ့ဘဝက ‌ကျောက်မီး‌သွေး

လက်‌တွေ့ဘဝက ‌ကျောက်မီး‌သွေး

3450
Photo: INTERNET
လက်‌တွေ့ဘဝက ‌ကျောက်မီး‌သွေး
မန်းကိုကို
(၁၈ ‌အောက်တိုဘာ၊ ၂၀၂၀)

‌လေထုညစ်ညမ်းမယ်၊ အက်ဆစ်မိုး‌တွေရွာမယ်၊ ပတ်ဝန်းကျင်ပျက်စီးမယ် ဆိုတဲ့ စွဲချက်‌တွေဟာ ‌ကျောက်မီး‌သွေးစွမ်း အင် အသုံးပြုဖို့ တာစူ‌နေတဲ့သူ‌တွေကို ဟန့်တား‌နေတယ်။

တစ်ချိန်ထဲမှာပဲ ပြည်တွင်းနဲ့ ကမာ္ဘအနှံ့မှာ ရာနဲ့ချီတဲ့ ‌ကျောက်မီး‌သွေးဓါတ်အားစက်ရုံ‌တွေကို တည်‌ဆောက်‌နေသူက ‌တော့ တရုတ်နိုင်ငံပဲဖြစ်တယ်။ ဒါ့အပြင် ‌နောက်ထပ် ‌ကျောက်မီး‌သွေးဓါတ်အား‌ပေးစက်ရုံသစ် ၂၂ရုံ‌ဆောက်ဖို့ ပြင်ဆင် ‌နေသူကျ‌တော့ ဂျပန်နိုင်ငံဖြစ်တယ်။ နျူးကလီးယားဓါတ်အား‌ပေးစက်ရုံ မ‌တော်တဆဖြစ်မှုအပြီးမှာ လက်‌တွေ့ကျတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။

ဘယ်သူ‌တွေ မှားယွင်း‌နေတယ်လို့ တစ်ဖက်သတ်‌ပြောရတာ လွယ်‌ပေမယ့် ပိုကျယ်ပြန့်တဲ့မြင်ကွင်းကိုလည်း ‌လေ့လာ ဆန်းစစ်ပြီး အ‌ဖြေထုတ်ကြည့်သင့်တယ် မဟုတ်လား။

ပထမ – ပတ်ဝန်းကျင်ညစ်ညမ်း‌စေမယ့် ဒီစွမ်းအင်ကဏ္ဍကို ဦး‌ဆောင်ပြီး ‌ဝေဖန်ကန့်ကွက်‌နေသူအများစုဟာ ဖွံ့ဖြိုးပြီး အ‌နောက်နိုင်ငံ‌တွေကဖြစ်‌နေတာ ငြင်းလို့မရဘူး။ တစ်ဖက်မှာလည်း က‌နေ့ အဂင်္လန်နိုင်ငံအနှံ့မှာ စက်မှု‌ခေတ်က တူးဆွ ခဲ့တဲ့ ‌ကျောက်မီး‌သွေးတွင်း‌ဟောင်းကြီး‌တွေကို မြင်နိုင်သလို၊ ‌အေးစက်တဲ့ရာသီဥတုကို အံတုဖို့နဲ့ စက်မှုလုပ်ငန်း‌တွေမှာ ‌ကျောက်မီး‌သွေး‌တွေ အကြီးအကျယ်သုံးခဲ့တာ‌ကြောင့် လန်ဒန်မြို့ကြီးဟာ ‌နေ့ခင်း‌ကြောင်‌တောင်မှာ ‌နေ‌ရောင်‌တောင် မမြင်ရတဲ့ ကာလ‌တွေရှိခဲ့ဖူးတာဟာလည်း ငြင်းမရတဲ့ သမိုင်း‌တွေဖြစ်တယ်။

ဒါ့အပြင် ‌ကျောက်မီး‌သွေးစွမ်းအင်ဟာ ဒုတိယကမာ္ဘစစ်ကို နိုင်‌အောင်တိုက်နိုင်ဖို့အတွက် စက်မှုနဲ့ စီးပွား‌ရေး‌အောင်မြင်မှု ‌တွေရဲ့ အုတ်မြစ်ဖြစ်ခဲ့တာကို အ‌မေရိကန်သမိုင်းမှာ အခိုင်အမာ‌တွေ့ရမယ်။ ဒါတင်မက ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ရှုတ်ချ‌နေတဲ့ ဩစ‌တြေးလျလိုနိုင်ငံကြီးဟာ ‌ကျောက်မီး‌သွေးအများဆုံးတင်ပို့‌နေဆဲ နိုင်ငံတနိုင်ငံဖြစ်ပြီး အရည်အ‌သွေး မြင့် စက်မှုလုပ်ငန်းသုံး ‌ကျောက်မီး‌သွေးတချို့ကိုလည်း တင်သွင်းသုံးစွဲ‌နေဆဲဖြစ်တယ်ဆိုတာ သိဖို့လိုတယ်။

ဒုတိယ – Second World လို့‌ခေါ်တဲ့ ဖွံ့ဖြိုးပြီးစနိုင်ငံ‌တွေထဲက တရုတ်ပြည်ဟာ ကိုယ်တိုင် ‌ကျောက်မီး‌သွေး‌တွေ အကြီး အကျယ်ဝယ်ယူတင်သွင်းပြီး ‌ကျောက်မီး‌သွေးစွမ်းအင်နဲ့ လည်ပတ်တဲ့ စက်ရုံ‌တွေကို ဦး‌ဆောင်‌ဆောက်လုပ် ဝန်‌ဆောင်မှု ‌တွေ ‌ပေး‌နေတယ်။ စက်မှု‌ခေတ်ရဲ့လိုအပ်ချက်‌တွေကို ဖြည့်ဆည်းနိုင်ဖို့ သဘာဝပတ်ဝန်းကျင်ကို ထည့်မတွက်တဲ့ တရုတ်နိုင်ငံရဲ့ အပြုအမူဟာ အဆန်းမဟုတ်‌ပေမယ့် သူတို့ရဲ့ ရုပ်ပိုင်း‌အောင်မြင်မှု‌တွေကိုလည်း မျက်မြင်တပ်အပ် ‌တွေ့‌နေရတာဟာ ပကတိတရားပါ။

တတိယ – ဖွံ့ဖြိုးဆဲနိုင်ငံ‌တွေထဲမှာပါပြီး ကာလ‌ပေါ်စက်ရုံတရုံ‌တောင် မတည်‌ထောင်နိုင်‌သေးတဲ့ ဗမာပြည်အတွက် ‌ကျောက်မီး‌သွေးစွမ်းအင်ကို ဘယ်လိုသ‌ဘောထားသင့်သလဲ။ ဒီ‌မေးခွန်းအတွက် ထည့်တွက်စရာ အချက်တချို့က‌တော့

(၁) စွမ်းအင်လိုအပ်ချက်နဲ့ ထုတ်လုပ်မှုစရိတ်
(၂) စက်မှုဆိုင်ရာ စပ်ကူးမတ်ကူးကာလအတွက် သုံးစွဲမယ့် စွမ်းအင်အမျိုးအစား
(၃) ‌ဒေသတွင်း ထွက်ရှိတဲ့ စွမ်းအင်အရင်းအမြစ်နဲ့ ချိန်ညှိမှု
(၄) ရင်းနှီးမြုပ်နှံမယ့်သူ
(၅) ‌ရေရှည်‌မျှော်မြင် စီမံခန့်ခွဲမှု‌တွေဖြစ်တယ်။

ဒါ‌တွေအ‌ပေါ်မူတည်ပြီး ထပ်ဆင့်ကြည့်ရင် ‌ဒေသ/နိုင်ငံတွင်း ‌ကျောက်မီး‌သွေးအလုံအ‌လောက် ထွက်ဖို့နဲ့ သယ်ယူပို့ ‌ဆောင်‌ရေးစရိတ် ‌ဈေးအချိုဆုံးဖြစ်မှ သုံးစွဲဖို့ အဆင်‌ပြေမှာဖြစ်တယ်။ တဖက်မျာလည်း သဘာဝဓါတ်‌ငွေ့လို အရင်းအ မြစ်က ‌ဈေးပိုချို‌နေတယ်ဆိုရင်လည်း သဘာဝဓါတ်‌ငွေ့ကို ထည့်စဉ်းစားရမှာပါ။

ဒီကိစ္စမှာ ပြည်နယ်ချင်း ပူး‌ပေါင်းမှုနဲ့ နိုင်ငံအဆင့် အ‌ထောက်အကူ‌တွေလည်း လိုမှာ ‌သေချာပါတယ်။

‌ကျောက်မီး‌သွေးဟာ လတ်တ‌လော အသင့်‌တော်ဆုံးလို့ ဆုံးဖြတ်ခဲ့ရင်‌တော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံး ဖြစ်ဖို့နဲ့ အမြင့်ဆုံး အကျိုး‌ကျေးဇူးရဖို့အတွက် ဥပ‌ဒေ၊ ကြပ်မတ်မှု‌တွေအပြင် ‌ကျောက်မီး‌သွေးအလွန်ကာလအတွက် ကြိုတင် စီမံမှု‌တွေ လိုပါတယ်။

‌နောက်ဆုံးတဆင့်က‌တော့ ရင်းနှီးမြုပ်နှံမှုပါ။ ဓနအား၊ စက်မှုအသိပညာ၊ စိတ်ပါဝင်စားမှု‌တွေဟာ မိုး‌ပေါ်က ကျလာတာ မဟုတ်ပါ။ ကိုယ်ကျိုးစွန့်တဲ့ ရင်းနှီးမြုပ်နှံသူ‌တွေက ‌စေတနာအပြည့်နဲ့ ‌ရောက်လာကြလိမ့်မယ်လို့လည်း အိပ်မက်လို့မရ ပါ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွန့်လွှတ်မှုတချို့၊ ရင်းနှီးမြုပ်နှံမှု လုပ်ချင်‌စေမယ့် အပြင်အဆင်၊ အ‌လျှော့အတင်း ညှိနှိုင်းမှု‌တွေနဲ့ ဖန်တီးတည်‌ဆောက်မှ ကိုယ့်‌ဒေသအတွက် လက်ဆုပ်လက်ကိုင် တစုံတခုကို ရလာနိုင်မှာ ဖြစ်တယ်။

ဘယ်လိုဖြစ်‌စေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးကိုသာ ပဓာနထားချင်သူနဲ့ အခြားအ‌ကြောင်းအမျိုးမျိုး‌ကြောင့် ဆန့်ကျင်ချင်သူ‌တွေလည်း ရှိမှာ‌သေချာပါတယ်။ ဒါကို လက်‌တွေ့ကျကျ ‌တွေးကြည့်ကြရ‌အောင်။

လူတိုင်း အိမ်မှာဆန်မရှိရင် တခုခုမစားဘဲ အငတ်ခံသူ မရှိသလို၊ ‌နေစရာအိမ်မရှိရင် ဝါးအိမ်ဖြစ်ဖြစ် ရရာ‌ဆောက်ပြီး ‌နေ ကြမယ့်သူချည်းပါ။ ဒီလိုပဲ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်မှုနည်းပညာ‌တွေဟာ တ‌နေ့ထက်တ‌နေ့ ‌ဈေးချိုလာတာ မှန် ‌ပေမယ့် ကိုယ့်ဆီ‌ရောက်မလာနိုင်ခင် ဆယ်စုနှစ်နဲ့ချီနိုင်တဲ့ စက်မှုစပ်ကူးမတ်ကူးကာလတခုကို ဘယ်လို‌ကျော်ဖြတ်ကြ မလဲ။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းဖို့ ‌ဆော်ဩ‌နေသူ‌တွေက သန့်ရှင်းတဲ့စွမ်းအင်‌တွေထုတ်ဖို့ ရင်းနှီးမြုပ်နှံမှု‌တွေ ယူလာ‌ပေးနိုင်မလား။ အ‌ဖြေ‌တွေက သိပ်မရိုးရှင်းပါဘူး။

လူ‌တွေအတွက် အ‌ခြေခံအားဖြင့် စားဝတ်‌နေ‌ရေးဖြည့်ဆည်းမှု‌တွေ လိုအပ်ပါတယ်။ ‌နောက်တဆင့်မှာ‌တော့ အ‌ခြေခံဝန် ‌ဆောင်မှု‌တွေဖြစ်တဲ့ လုံ‌လောက်တဲ့ လမ်းပမ်းဆက်သွယ်‌ရေး၊ ‌သောက်သုံး‌ရေ၊ လျှပ်စစ်စွမ်းအင်၊ အစိုးရနဲ့ ပုဂ္ဂလိကဝန် ‌ဆောင်မှုအမျိုးမျိုး‌တွေ လိုအပ်လာပါလိမ့်မယ်။ ဒါ‌တွေဟာ ရပ်တန့်ထားလို့ ရတာမျိုး‌တွေ မဟုတ်ပါဘူး။

တကယ်‌တော့ ‌ကျောက်မီး‌သွေးစွမ်းအင်ဆိုတာဟာ လူမှုဘဝကိုယ်စီထဲက အစိတ်အပိုင်း‌သေး‌သေး‌လေးတစ်ခုသာပါ။ အဖက်ဖက်က တွက်ချက်ပြီး လတ်တ‌လော စွမ်းအင်လိုအပ်ချက်ကို ဘာနဲ့ဖြည့်ဆည်း‌ပေးရမလဲဆိုတာ ဆုံးဖြတ်ရပါ မယ်။ ဒီအဆင့်နဲ့တင် ‘တစ်’‌နေကြရင်‌တော့ ‌ဒေသရဲ့တိုးတက်မှုနဲ့ ပို‌ကောင်းတဲ့ကိုယ်ပိုင်အနာဂတ်‌တွေကို တုံ့ဆိုင်း‌နေ ‌စေပါလိမ့်မယ်။