Home COVID-19 ကိုဗစ် ကပ်‌ရောဂါ ကာလဖြစ်၍ ပါတီစည်းရုံး‌ရေးလုပ်ငန်း စိန်‌ခေါ်မှုများမည်ဟု ကရင်ပါတီ‌ပြော

ကိုဗစ် ကပ်‌ရောဂါ ကာလဖြစ်၍ ပါတီစည်းရုံး‌ရေးလုပ်ငန်း စိန်‌ခေါ်မှုများမည်ဟု ကရင်ပါတီ‌ပြော

1828

ဇူလိုင် ၂ ရက်။ ၂၀၂ဝ ခုနှစ်။ ‌စောရှား

Covid-19 ကပ်‌ရောဂါ ကာလဖြစ်‌သော‌ကြောင့် ‌ရွေး‌ကောက်ပွဲအတွက် ပါတီစည်းရုံး‌ရေးလုပ်ငန်းများ၊ နယ်‌မြေ စည်းရုံး‌ရေးလုပ်ငန်းများတွင် စိန်‌ခေါ်မှုများစွာရှိမည်ဟု ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီများက ‌ကေအိုင်စီ သို့ ယ‌နေ့ (ဇူလိုင် ၂ ရက်)တွင် ‌ပြောဆိုလိုက်သည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ၂၀၂ဝ ‌ရွေး‌ကောက်ပွဲကို နိုဝင်ဘာ ၈ ရက်‌နေ့တွင် ပြုလုပ်သွားမည်ဟု ယမန် ‌နေ့(ဇူလိုင် ၁ ရက်)၌ သတ်မှတ်‌ကြေညာအပြီး ပြည်နယ်အ‌ခြေစိုက် ကရင်ပါတီ ၂ ပါတီက ယခုလို ‌ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက “မဲဆွယ်စည်းရုံး‌ရေးနဲ့ ပတ်သက်ပြီး စည်းကမ်း သတ်မှတ်ချက်ထွက်လာတာ မ‌တွေ့‌သေးဘူး။ ၃ ‌ပေ၊ ၆ ‌ပေ ကွာရင် စည်းရုံးနိုင်တယ်။ ဒါ‌ပေမယ့် ဘယ်နှစ်‌ယောက် စည်းရုံးလို့ရမလဲဆိုတာ သူတို့မ‌ပြော‌သေးဘူး။ ဘယ်‌နေရာမှာလုပ်မလဲဆိုတဲ့ ခွင့်ပြုမိန့်ကိုလည်း ‌တောင်းရမယ်။ အဲဒါ ‌တွေက ကိုယ်တို့အတွက် အ‌နှောင့်အယှက်ဖြစ်တာ‌ပေါ့။ လွတ်လွတ်လပ်လပ်မရှိဘူး‌ပေါ့ကွာ။” ဟု ‌ပြောသည်။

ထို့အပြင် ပါတီစည်းရုံး‌ရေးလုပ်ငန်းများတွင် ပါတီကြီးများနှင့် နှိုင်းယှဉ်လာပါက ‌ငွေ‌ကြေးအင်အား အား နည်းခြင်းများရှိ သည့်အတွက် လူထုများအား အမျိုးသား‌ရေးစိတ်ဓာတ်များဖြင့်သာ အဓိကထားစည်းရုံးသွားမည် ဖြစ်‌ကြောင်းလည်း မန်း‌အောင်ပြည်စိုးက ဆက်‌ပြောသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) ဥက္ကဋ္ဌ ‌စောခင်‌မောင်မြင့်ကလည်း “အခက်အခဲက‌တော့ ကျန်းမာ‌ရေး လမ်းညွှန် ချက်အတိုင်းဆိုရင် လူစုလူ‌ဝေးနဲ့ စည်းရုံး‌ဟော‌ပြောတာ‌တွေ ဘယ်လုပ်နိုင်မလဲ။ မလုပ်နိုင်ဘူးဆိုရင်‌တော့ တစ်ရွာဝင် တစ်ရွာထွက်ပြီး လက်ကမ်းစာ‌စောင်‌တွေ လိုက်‌ဝေဖို့ ကြိုတင် စီစဉ်ထားတယ်။” ဟု‌ပြောသည်။

လူစုလူ‌ဝေးများဖြင့် မ‌နေရဟုဆို‌သော်လည်း အာဏာရပါတီဝင်များအ‌နေဖြင့် အစိုးရလုပ်ငန်းများ၊ တာဝန်ဖြင့်သွားရသည့် ခရီးစဉ်များအတွင်း စည်းရုံး‌ရေးပါ‌ရော၍ လုပ်‌ဆောင်‌နေသည်များကို ‌တွေ့မြင်‌နေရ‌သော်လည်း မိမိတို့ပါတီများအ‌နေဖြင့် ထိုသို့‌သောအခွင့်အ‌ရေးမရရှိကြ‌ကြောင်း ‌စောခင်‌မောင်မြင့်က သုံးသပ်‌ပြောဆိုသည်။

လွှတ်‌တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်‌လောင်းအမည်စာရင်းများကို ဇူလိုင်လ ၂ဝ ရက်မှ ဩဂုတ်လ ၇ ရက်‌နေ့အထိ တင်သွင်းနိုင်ပြီး တင်သွင်းလွှာများကို ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက်‌နေ့အထိ စိစစ်သွား မည်ဖြစ်‌ကြောင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ယမန်‌နေ့ ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲဆိုင်ရာ စု‌ဝေး‌ဟော‌ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များအတွက် သတ်မှတ်ကာလများကို ကိုယ်စား လှယ်‌လောင်းများ အတည်ပြုပြီးသည့်‌နောက်ပိုင်းတွင် ထုတ်ပြန်‌ကြေညာသွားမည်ဟု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ဆက် လက်ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) နှင့် ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီ(KNDP)၊ ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသားပါတီ (KNP)တို့ တရားဝင် နိုင်ငံ‌ရေးပါတီများအဖြစ် ရပ်တည်လျက်ရှိသည်။