Home သတင်း ကိုဗစ်‌ကြောင့် ‌ရွှေ့ဆိုင်းလိုက်ရသည့် ဧရာဝတီတိုင်း ကရင်စာ‌ပေ ဆရာဖြစ်သင်တန်း ပြန်လည်ဖွင့်လှစ်

ကိုဗစ်‌ကြောင့် ‌ရွှေ့ဆိုင်းလိုက်ရသည့် ဧရာဝတီတိုင်း ကရင်စာ‌ပေ ဆရာဖြစ်သင်တန်း ပြန်လည်ဖွင့်လှစ်

1642
Photo: မန်းမုဖန်း

ဇူလိုင် ၁၄ ရက်၊ ၂၀၂ဝ ခုနှစ်။ စဖန်း‌ရှောင်း

ကမ႓ာ့ကပ်‌ရောဂါ Covid-19 ‌ကြောင့် ‌ရွှေ့ဆိုင်းလိုက်ရသည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကရင်စာ‌ပေ Grade II သင်ရိုးသစ်(ပိုး-စ‌ကော)ဆရာဖြစ်သင်တန်းကို ပုသိမ်မြို့ရှိ ကက်သလစ်သာသနာခန်းမ၊ မရမ်း‌ချောင်းတွင် ဇူလှိုင်လ ၁၃ ရက်‌နေ့မှ စတင်ကာ ဖွင့်လှစ်‌ပေး‌နေပြီဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ဆရာဖြစ်သင်တန်းကို ပြီးခဲ့သည့် ဧပြီလတွင် ဖွင့်လှစ်ရန်စီစဉ်ထားခဲ့ရာမှ ၃ လ ကြာ‌ရွှေ့ဆိုင်းလိုက်ရပြီး‌နောက် ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာ‌ရေးသတ်မှတ် စည်းကမ်းချက်များနှင့်အညီ ယခုဇူလိုင်လမှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဋ္ဌ မန်းအိုင်ခလိန်က“ကျ‌နော်တို့ဒီသင်တန်းအတွက် လုပ်ငန်းစီမံချက်ကို ဇွန်လကတည်းက ကရင်‌ရေးရာဝန်ကြီးဆီကို တင်ပြတယ်။ သူက‌နေတစ်ဆင့် တိုင်း‌ဒေသကြီး ဝန်ကြီး ချုပ်နဲ့လွှတ်‌တော်‌တွေဆီ အဆင့်ဆင့်တင်ပြ‌ဆွေး‌နွေးတယ်။ မဖွင့်ခင်မှာလည်း ကျန်းမာ‌ရေးညွှန်ကြားချက်‌တွေဖြစ်တဲ့ ပိုစ တာ‌တွေကပ်တာ၊ လက်‌ဆေးတာ၊ Hand gel ‌တွေ၊ စာသင်ခန်းအ‌နေအထား၊ အိပ်ယာခန်း၊ ထမင်းစား ခန်းစတာ‌တွေအားလုံး‌ပေါ့။ သူတို့လာစစ်‌ဆေးပြီး‌တော့မှ သတ်မှတ်တဲ့စံချိန်စံညွှန်းတဲ့ညီတဲ့အခါမှာ ဖွင့်လှစ်နိုင်ခြင်းဖြစ် ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇူလိုင်လ ၁၃ ရက်မှ ၁၈ ရက်‌နေ့အထိ ၆ ရက်ကြာ ဖွင့်လှစ်သွားမည့် ၎င်းဆရာဖြစ်သင်တန်းကို ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ဖွင့်လှစ်ခဲ့ဖြစ်ပြီး သင်ရိုးသစ်ပြုစုသူ ဆရာ၊ ဆရာမ ၆ ဦးမှ ကိုယ်တိုင် လာ‌ရောက်သင်ကြား‌ပေးခြင်းလည်း ဖြစ်သည်။
ထိုသို့သင်ကြား‌ပေးနိုင်ရန်အတွက် တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီများမှ တစ်မြို့နယ်လျှင် ပိုး-စ‌ကော သင်တန်းသား ၂ ဦးနှုန်းဖြင့် ‌ခေါ်ယူခဲ့ခြင်းဖြစ်ပြီး စ‌ကောကရင် ၂၇ ဦး၊ ပိုးကရင် ၂၅ စုစု‌ပေါင်း ၅၂ ဦးတက် ‌ရောက်သင်ယူ‌နေ‌ကြောင်း သိရသည်။

ယမန်‌နေ့က စတင်ဖွင့်လှစ်လိုက်သည့် ကရင်စာ‌ပေ Grade II သင်ရိုးသစ်(ပိုး-စ‌ကော)ဆရာဖြစ်သင်တန်းကို အခမ်းအနား နှင့်တကွ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားသို့ တိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီးဂါ့မိုးမြတ်မြတ်သူ၊ တိုင်းစာယဉ် နာယကကြီးများနှင့်တကွ ဥက္ကဋ္ဌဖြစ်သူ မန်းအိုင်ခလိန်နှင့် အလုပ်အမှု‌ဆောင်‌ကော်မတီဝင်များ၊ ကရင်စာ‌ပေ သင်ရိုးဖြစ် ‌မြောက်‌ရေး‌ကော်မတီအတွင်း‌ရေးမှူး မန်းသန်းဝင်းဦး၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသူသင်တန်းသားများ တက်‌ရောက် ခဲ့ကြသည်ဟု သိရသည်။

တိုင်းရင်းသားစာ‌ပေများကို ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်များမှစတင်ကာ အစိုးရမူလတန်း‌အောက် အဆင့်များ တွင် ထည့်သွင်းသင်ကြားခွင့်ရပြီး‌နောက်ပိုင်း အလားတူ ကရင်စာ‌ပေများကို ဧရာဝတီတိုင်း‌ဒေသကြီးအပါအဝင် အခြား ‌သော ကရင်လူမျိုးများ‌နေထိုင်ရာ‌နေရာ‌ဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် စတင်သင်ကြား မှုရှိလာခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဧရာဝတီတိုင်း‌ဒေသကြီး ပညာ‌ရေးမှူးရုံးမှ ရရှိထားသည့်စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၉-၂၀၂ဝ ပညာသင်နှစ်တွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ပိုး-စ‌ကောကရင်စာ‌ပေသင်ကြား‌ပေးနိုင်သည့်‌ကျောင်း‌ပေါင်း ၁,၇၂၄ ‌ကျောင်း၊ ‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေ ၁၄၂,၈၇၇ ဦးနှင့် ကရင်စာ‌ပေသင်ကြား‌ပေးသည့် ဆရာ၊ ဆရာမ (LT) ၁,၂၉၇ဦး၊ (TA)ဆရာ၊ ဆရာမ ‌ပေါင်း ၂,၇၉၆ ဦးရှိခဲ့‌ကြောင်း သိရသည်။