Home COVID-19 ထိုင်းရှိ‌ဂေဟာများတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၇၅ဦး မြဝတီနယ်စပ်မှတဆင့် ပြန်လည်ဝင် ‌ရောက်

ထိုင်းရှိ‌ဂေဟာများတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၇၅ဦး မြဝတီနယ်စပ်မှတဆင့် ပြန်လည်ဝင် ‌ရောက်

2064
Photo: Nay Naw

ဇွန် ၂၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်‌ရေးနှင့် လူထုလုံခြုံ‌ရေး ဝန်ကြီးဌာနလက်‌အောက်ရှိ ‌ဂေဟာများတွင် လက်ခံ‌စောင့် ‌ရှောက်ထား‌သော အ‌ကြောင်းအမျိုးမျိုးဖြင့် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၅ဦးအား မြဝတီနယ်စပ် ထိုင်း-မြန်မာအမှတ် ၂ တံတားမှတဆင့် ယ‌နေ့ ‌နေ့လည် ၁၂နာရီ အချိန်ခန့်က ပြန်လည်ဝင်‌ရောက်လာ‌ကြောင်း သိရ သည်။

အ‌ကြောင်းအမျိုးမျိုးဖြင့် လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်‌ရေးနှင့်လူထုလုံခြုံ‌ရေးဝန်ကြီးဌာန လက် ‌အောက်ရှိ ‌ဂေဟာများတွင် ၃ လ မှ ၆ လထိ ‌စောင့်‌ရှောက်ထားသည့် အဆိုပါ မြန်မာနိုင်ငံသားများကို ယ‌နေ့ ထိုင်းဘက်ခြမ်းတံတားထိပ်၌ ထိုင်းတာဝန်ရှိသူများမှ လွှဲ‌ပြောင်း‌ပေးအပ်ရာ အဖွဲ့စုံဖြင့်သွား‌ရောက်ကာ စနစ်တကျ စိစစ်၍ ပြန်လည်ခံခဲ့သည်ဟု ပြန်လည်ထူ‌ထောင်‌ရေးဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ကျော်စွာက ‌ပြောသည်။

ထိုသို့ ပြန်လည်ဝင်‌ရောက်လာသူ ကျား(၇၄) ဦး၊ မ(၁)ဦး စုစု‌ပေါင်း (၇၅)ဦးတို့အား ‌နေ့လည် (၁၁း၃၀) အချိန် တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လဝကမှူး Mr.Kriangsak Treedangnoi ဦး‌ဆောင်‌သောအဖွဲ့မှ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်‌ရေးတံတား ထိုင်းဘက်ခြမ်း၌ လာ‌ရောက်လွှဲ‌ပြောင်း‌ပေးအပ်ရာ မြန်မာဘက်မှ ပြန်လည်ထူ‌ထောင် ‌ရေးဦးစီးဌာနမှ ဒုညွှန်မှူး ဦး‌ကျော်စွာနှင့် လူဝင်မှုကြီးကြပ်‌ရေးဌာနခွဲ(၁) ဦးစီးအရာရှိ ဦး‌ကျော်မြင့်နိုင်တို့က လွှဲ‌ပြောင်း လက်ခံခဲ့ခြင်းဖြစ်သည်။

ထို့‌နောက် ၎င်းတို့အား ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်‌ရေးတံတားမှ မြဝတီမြို့၊ ချစ်ကြည်‌ရေးတံတား BCF ဇုန် သို့ ‌ခေါ်‌ဆောင်လာရာ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်၊ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ ‌အောင်နှင့် ဌာနဆိုင်များမှ ကြိုဆိုခဲ့ကြပြီး ကျန်းမာ‌ရေးဌာနမှ ‌ဒေါက်တာ ‌ဝေလျှံဖြိုး‌မောင်နှင့်အဖွဲ့က ကျန်းမာ‌ရေး စစ်‌ဆေးမှုများ‌ဆောင်ရွက်ကာ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ MoU ‌ဂေဟာ Quarantine Center တွင် ထားရှိ သွားမည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်လွှဲ‌ပြောင်းခဲ့သူ ၇၅ ဦးမှာ ပြည်နယ်နှင့်တိုင်း (၁၀) ခုခန့်မှဖြစ်ကြပြီး အများစုမှာ ရခိုင် ပြည်နယ် ‌နေထိုင်သူများဖြစ်ကြသည်။ ၎င်းတို့အား မြဝတီမြို့ရှိ Quarantine Center တွင် ၂၁ ရက် ကျန်းမာ ‌ရေး‌စောင့်ကြည့်ပြီးမှသာ ယင်းတို့၏ ‌နေရပ်အသီးသီးသို့ ပြန်လည်ပို့‌ဆောင်‌ပေးမည်ဖြစ်‌ကြောင်း သိရသည်။