Home သတင်း ‌ဒေသခံများ၏ လူ‌နေမှုဘဝကို ခြိမ်း‌ခြောက်သည့် ‌ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအား ရုပ်သိမ်း‌ပေးရန် KPSN ‌တောင်းဆို

‌ဒေသခံများ၏ လူ‌နေမှုဘဝကို ခြိမ်း‌ခြောက်သည့် ‌ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းအား ရုပ်သိမ်း‌ပေးရန် KPSN ‌တောင်းဆို

4003
Photo: KPSN

မတ်လ ၂၆ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအို်င်ဆူး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် စစ်တပ်၏ ကွပ်ကဲမှု‌အောက်ရှိ နယ်ခြား‌စောင့်တပ် (BGF)နှင့် တရုတ် ကုမ္ပဏီတို့ အကျိုးတူ ပူး‌ပေါင်းလုပ်‌ဆောင်‌နေသည့် ‌ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းသည် ‌ဒေသခံဌာ‌နေ တိုင်းရင်း သားများ၏ လူ‌နေမှုဘဝကို ခြိမ်း‌ခြောက်‌နေသည့် စီမံကိန်းဖြစ်၍ ရုပ်သိမ်း‌ပေးရန် ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက် အကူပြုကွန်ယက်-KPSNက ယ‌နေ့ (မတ်လ ၂၆ရက်)တွင် အစီရင်ခံစာတစ်‌စောင် ထုတ်ပြန်ကာ ‌တောင်းဆိုလိုက်သည်။

“တို့‌မြေများကို ‌လောင်းကစားပစ်ခြင်း”‌ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်သည့် အဆိုပါ အစီရင်ခံစာတွင် ‌ရွှေကုက္ကို လ်မြို့ သစ်စီမံကိန်းသည် မကာအိုကဲ့သို့‌သော ဧရာမကာစီနို ‌လောင်းကစားမြို့‌တော်အဖြစ် တည်‌ဆောက် ‌နေပြီး ‌ဒေသခံအကျိုးဖြစ်ထွန်းမှုထက် ရာဇဝတ် တိုးပွားလာမှုနှင့် နိုင်ငံတကာ ‌ငွေ‌ကြေးခဝါချသည့် ‌နေရာတစ်ခု ဖြစ်လာမည် ဖြစ်‌ကြောင်း ဆိုထားသည်။

KPSN၏ ‌ပြောခွင့်ရ ‌စော‌လေးက‌ပေါ်က “‌ရွှေကုက္ကိုလ်နဲ့ ပတ်သက်တဲ့ အထူးရင်းနှီးမြှုပ်နှံမှု ဥပ‌ဒေက ‌ဒေသခံ ‌တွေ ဆုံးရှုံးမှုဖြစ်လာမယ့် ကိစ္စ‌တွေများတယ်။ ‌ဒေသခံ‌တွေရဲ့ ‌မြေယာမ‌တော်မတရား သိမ်းဆည်းခံရမှု‌တွေ လည်းများ လာတယ်။ တိုးပွားဝင်‌ရောက်လာတဲ့ တရုတ်လူဦး‌ရေ‌ကြောင့် ‌ဒေသခံ‌တွေအတွက် စိုးရိမ်စရာဖြစ် လာတယ်။ ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

မြဝတီမြို့၏ ‌မြောက်ဘက် ဆယ်မိုင်ခန့်အကွာတွင် တည်‌ဆောက်‌နေသည့် ‌ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ၂၀၁၇ ခုနှစ်မှစ၍ ရာထိုင် နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holding Group) ကုမ္ပဏီနှင့် ဗိုလ်မှူးကြီး ‌စောချစ်သူ ဦး‌ဆောင်သည့် နယ်‌မြေခံ (BGF)တို့ ပူး‌ပေါင်း၍ မြန်မာရာထိုင် ‌ရွှေကုက္ကိုလ် အထူး စီးပွား‌ရေးဇုန် အ‌နေဖြင့် တရားဝင် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စီမံကိန်းတွင် စစ်တပ်မှ အဓိက ‌ကျော‌ထောက်‌နောက်ခံ‌ပေးထားပြီး ၎င်း၏လက်‌အောက်ခံ လက်နက် ကိုင်အဖွဲ့အစည်းများပါဝင် ပတ်သတ်မှုများရှိ‌နေခြင်း‌ကြောင့် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနိုင်သည့်အပြင် ‌လောင်းကစားမြို့‌တော်ဖြစ်သည့်အ‌လျောက် ‌ငွေ‌ကြေးခဝါချမှုများနှင့် ဒုစရိုက်မှုများ ဖြစ်လာမည့်အ‌ပေါ် စိုးရိမ်‌ကြောင်းလည်း KPSN၏ ‌ပြောခွင့်ရ ‌စော‌လေးက‌ပေါ်က ဆက်‌ပြောသည်။

၎င်း စီမံကိန်းကို အ‌ကောင်အထည်‌ဖော်ရာတွင် ‌ဒေသခံများကို အလုပ်အကိုင် ဖန်တီး‌ပေးနိုင်သည့် စီမံကိန်း အဖြစ်စည်းရုံး‌ပြောဆိုခဲ့ပြီး ၎င်းတို့၏ ‌မြေယာများနှင့် အိမ်ယာများကိုလည်း တန်ဖိုးအလိုက် ‌လျော်‌ကြေး‌ငွေ‌ပေး၍ သိမ်းယူခဲ့‌ကြောင်းနှင့် စီမံကိန်း ဧရိယာမှာ တရားဝင် သတ်မှတ်ထား‌ပေးသည်မှ ဧက (၅၀)‌ကျော် သာဖြစ် ‌သော်လည်း စီမံကိန်း၏ Master Plan တွင် ဧက ‌သောင်းနှင့် ချီပါဝင်‌နေ‌ကြောင်း အစီရင်ခံစာ တွင်‌ဖော်ပြ ထားသည်။

လတ်တ‌လော စီမံကိန်းကို စတင်အ‌ကောင်အထည်‌ဖော်သည့် ၂၀၁၈ခုနှစ်မှစ၍ ၎င်း‌ဒေသတွင်းသို့ တရုတ် နိုင်ငံသား အလုပ်သမားများ‌ထောင်နှင့်ချီ ဝင်‌ရောက်လာခဲ့ပြီး‌နောက် လယ်ကွင်းပြင်များတွင် စီမံကိန်း အ‌ဆောက်အဦးများ‌ပေါ်ထွက်လာပြီး စီမံကိန်းတစ်ခုလုံးအ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ဆယ်မိုင် ခန့်ဆံ့တန်းသည့် ‌မြေဧက (၃)‌သောင်း‌ကျော် လွှမ်းခြုံပါဝင်မည်ဖြစ်သလို အ‌မေရိကန် ‌ဒေါ်လာ (၁၅)ဘီလီယံ ကုန်ကျမည်ဖြစ်‌ကြောင်း ကုမ္ပဏီ၏ စီမံချက်ကို ကိုးကား၍ အစီရင်ခံစာ၌ ‌ဖော်ပြပါရှိသည်။

၎င်းစီမံကိန်းထဲတွင် နိုင်ငံတကာ အဆင့် ခရီးသွားဆွဲ‌ဆောင်‌ရေးလုပ်ငန်းများဖြစ်‌သော ဧက ၂၀,၀၀ဝ ‌ကျော် ကျယ်ဝန်း‌သော ဧရာမ ဆာဖရီကမ္ဘာတစ်ခု ၊ နိုင်ငံတကာအဆင့် ကျန်းမာ‌ရေးဌာန၊ စက္ကူပန်းမျိုးစုံဥယျာဉ်ကြီး (Bougainvillea Base)၊ နိုင်ငံတကာ ရုပ်သံရိုက်ကူး‌ရေးဗဟိုဌာန၊ နိုင်ငံတကာအဆင့် စစ်လက်နက်ပစ္စည်း ကိုင်တွယ်အသုံးပြုမှု ‌လေ့ကျင့်သင်ကြား‌ရေးဌာန၊ တိုင်းရင်းသားရိုးရာပစ္စည်းကုန်တိုက်၊ ‌ရေပူစမ်းအပန်း ‌ဖြေဟို တယ်၊ ကာစီနို‌လောင်း ကစားရုံနှင့် အွန်လိုင်း‌ဖျော်‌ဖြေ‌ရေးလုပ်ငန်း အစရှိသည်တို့ကို ‌ဖော်‌ဆောင်သွားရန် စီစဉ် ထားသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ‌ဒေသခံ ပြည်သူများနှင့် မြဝတီမြို့ခံလူထုများမှ ဆန့်ကျင်သည့် ‌သေဘာ ထားများရှိကြသလို လက်ရှိ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်‌နေသည့် ကရင် အမျိုး သား အစည်းအရုံး-KNUအ‌နေဖြင့်လည်း စီမံကိန်းကြီးများနှင့်ပတ်သက်ပြီး လက်မခံ‌ကြောင်းလည်း ‌ပြောဆို ထားမှုရှိသည်။

KNU အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူး က “‌ဒေါ်လာ သိန်း‌ထောင်ချီပြီးလုပ်တဲ့ ကိစ္စမျိုး‌တွေ ‌ကေအဲန်ယူက လက်မခံပါဘူး။ ရှင်းရှင်း‌ပြောရင် ဒီလို Mega Project ကိစ္စမျိုး‌တွေကို ကျ‌နော်တို့ ‌ကေအဲန်ယူက ဆန့်ကျင် တယ်။ ‌လော‌လောဆယ် ငြိမ်းချမ်း‌ရေး ရ‌အောင် ကြိုးပမ်း‌နေတဲ့ အပစ်အခတ်ရပ်စဲ‌ရေး ကာလမှာ‌တော့ဖြင့် ဒီ Mega Project ‌တွေကို မလုပ်သင့်ဘူးဆိုတဲ့ Position ‌တော့ ကျ‌နော်တို့မှာရှိပါတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။

၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး ‌နေပြည်‌တော်အစိုးရ၊ တပ်မ‌တော် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၏ ပါဝင်ပတ်သက် မှုများ အကျိုးအမြတ်ရရှိနိုင်ခြင်းနှင့် ‌ဒေသတွင်းပဋိပက္ခများ နိုင်ငံတကာ ရာဇဝတ်မှုများ ဖြစ်‌ပေါ်နိုင်သည့် အ‌ခြေ အ‌နေများအပြင် အလားတူ စီမံကိန်းမျိုးရှိခဲ့သည့် လာအိုနိုင်ငံ၏ မြို့သစ် စီမံကိန်း‌ကြောင့် ဖြစ်‌ပေါ်ခဲ့သည့် ဖြစ်ရပ် သင်ခန်းစာများကိုပါ အ‌သေးစိတ် ထည့်သွင်း‌ဖော်ပြထားသည်။

ထို့‌ကြောင့် စီမံကိန်းအ‌ပေါ်‌နေပြည်‌တော်အစိုးရမှ လုပ်ငန်းများကို ရုပ်သိမ်းထွက်ခွာသွား‌ရေး အမိန့်ညွှန်ကြား ချက် ထုတ်ပြန်‌ပေးရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးနှင့် ဖက်ဒရယ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေများ တိုင်းရင်းသား များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ အာမခံချက် မရှိ‌သေးခင်အချိန်ထိ အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအားလုံး ကို ယာယီရပ်ဆိုင်းထားရန် KPSNက အစီရင်ခံစာ၌ ‌တောင်းဆိုထားသည်။

ထို့အပြင် ရာထိုင် ကုမ္ပဏီကို စီမံကိန်းနှင့်ပတ်သက်သည့် တရားဝင် စာရွက်စာတမ်းများ၊ စီမံချက်အပြည့် အစုံ ကို တရားဝင်ထုတ်ပြန်ရန်အပြင် တရုတ်အစိုးရထံကိုလည်း လက်ရှိ ရင်းနှီးမြှုပ်နှံမှုအ‌ပေါ် ပြည်တွင်းပြည်ပ တရုတ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပ‌ဒေ မူဝါဒ နှင့် စည်းမျဉ်းစည်းကမ်း‌ဖောက်ဖျက်မှုရှိ၊ မရှိအ‌ပေါ် ချက်ချင်း စိစစ်‌ရေးနှင့် ထိုစီမံကိန်းသည် BRI နှင့် တရုတ်-မြန်မာစီးပွား‌ရေးစကြံင်္၏ အစိတ်အပိုင်းတစ်ရပ်ဟုတ်မဟုတ် ရှင်းလင်း ချက်ထုတ် ပြန်‌ပေးရန်လည်း KPSN က ဆက်လက် ‌တောင်းဆိုထားသည်။

KPSN ကို KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရတို့ကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး ‌ဖော် ‌ဆောင်မှုလုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန်ရည်ရွယ်ပြီး ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် စတင်တည် ‌ထောင်ခဲ့ရာ လက်ရှိ မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ ကရင်လူထု အ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း ၂၉ ဖွဲ့ပါဝင်သည်။