Home သတင်း KNLA ဗဟို‌ဆေးဋ္ဌာန၏ တိုင်းရင်းသားလူမျိုးစုံပါ ‌ဆေးသင်တန်းမှ သင်တန်းသူ/သား ၅၄ဦး ထပ်မံ‌အောင်မြင်

KNLA ဗဟို‌ဆေးဋ္ဌာန၏ တိုင်းရင်းသားလူမျိုးစုံပါ ‌ဆေးသင်တန်းမှ သင်တန်းသူ/သား ၅၄ဦး ထပ်မံ‌အောင်မြင်

3383
KNLA ဗဟို‌ဆေးဋ္ဌာန၏ တိုင်းရင်းသားလူမျိုးစုံပါ ‌ဆေးသင်တန်းမှ သင်တန်းသူ/သားများ photo-(KKp Rap Top) Facebook

နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး-KNU လက်‌အောက်ခံတပ်၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟို‌ဆေးဌာန၏ (၃၃) ကြိမ်‌မြောက် အ‌ခြေခံ‌ဆေးသင်တန်းမှ တိုင်းရင်းသားလူမျိုးစုံပါသည့် ‌ဆေးသင်တန်း သူ/သား ၅၄ ဦး၏ ‌ဆေးသင်တန်းဆင်းပွဲကို KNLA ဗဟိုထိန်းချုပ်နယ်‌မြေ၌ ယ‌နေ့ပြုလုပ်ခဲ့သည်။

ကရင်အပါအဝင် ပအိုဝ်း၊ တအာင်း(ပ‌လောင်)၊ ချင်း၊ နာဂနှင့် ရခိုင် စသည့် တိုင်းရင်းသားလူမျိုးစုများပါဝင်ကာ ပြီးခဲ့သည့် ဇွန်လမှစ၍ (၆)လတာ ‌ဆေးဘက်ဆိုင်ရာ အ‌ခြေခံတတ်ကျွမ်းမှုများကို သင်တန်းကြားပို့ချ‌ပေးခြင်း ဖြစ်သည်ဟု သင်တန်းတာဝန်ရှိသူ ဗိုလ်မှူးကြီး ‌နော်‌စေး‌ဒေးကဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ကျမတို့ ဒိသင်တန်းဖွင့်ရခြင်းက တိုင်းရင်းသား လူမျိုးစု‌တွေအကြား ကိုယ့်လူမျိုးရဲ့ အမျိုးသားလှုပ်ရှားမှု အတွက် အ‌ထောက်အပံ့‌ပေးနိုင်ဖို့နဲ့ ကိုယ့်ရဲ့လူ့အဖွဲ့အစည်းအတွင်းက တိုင်းရင်းသားလူမျိုး‌တွေအတွက် ကျန်း မာ‌ရေးဆိုင်ရာ ကူညီ‌ထောက်ပံ့မှု‌တွေ ရရှိဖို့အတွက်ဖြစ်တယ်။ ဒီသင်တန်းဆင်းသွားတဲ့ သင်တန်းသား ‌တွေအ ‌ပေါ်မှာလည်း ဒီအ‌ခြေခံအဆင့်က‌နေ ‌နောက်ထပ်အဆင့်မြင့်တဲ့ ပညာရပ်‌တွေအထိသွားနိုင်ဖို့ကိုလည်း ‌မျှော်လင့် ထားသလို လိုအပ်သလိုလည်း ကူညီ‌ပေးသွားမယ်” ဟု ‌ပြောသည်။

ယခုနှစ် ဇွန်လမှစ၍ (၆)လတာ ကြာမြင့်သည့် အဆိုပါ အ‌ခြေခံ ‌ဆေးသင်တန်းတွင် အ‌ခြေခံစစ်သင်တန်းအပြင် ‌ရှေ့ဦးသူနာပြု၊ ‌ဆေးဘက်ဆိုင်ရာ ‌ခေါ်‌ဝေါ်သုံးစွဲမှု၊ အ‌ခြေခံခွဲစိတ်မှု၊ အ‌ခြေခံခန္ဓာ‌ဗေဒ၊ လူထုကျန်းမာ‌ရေး၊ အ‌ခြေခံမျက်စိပြုစုခြင်းစသည့် ဘာသာရပ်များကို သင်ကြားပို့ချ‌ပေးခဲ့‌ကြောင်း သင်တန်းတာဝန်ရှိသူများက ဆိုသည်။

အဆိုပါ သင်တန်းကို တက်‌ရောက်ခဲ့သူ နန်း‌နွေး‌ထွေးစံက “ဒီသင်တန်းတက်ဖြစ်ရတာက ကိုယ့်ပြည်သူလူထုအ တွက် ပြန်ဝိုင်းကူမယ်။ အသိပညာ‌တွေ အားနည်းတဲ့ ‌နေရာ‌တွေမှာဆိုရင် ကျန်းမာ‌ရေးနဲ့သက်ဆိုင်တာ‌တွေ လိုက်‌ပေးမယ်။ အခု သင်တန်းပြီးပြီဆို‌တော့ ကိုယ့်ရဲ့ Community မှာပြန်ကူညီ‌ပေးမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

အဆိုပါ ‌ဆေးသင်တန်းကို KNLA ဗဟို ‌ဆေးဌာနမှ နှစ်စဉ် ဖွင့်လှစ်သင်ကြားပို့ကြား‌ပေးပြီး ယခင်နှစ်တွင် သင်တန်းကို နှစ်ဖွဲ့ခွဲ၍ KNLA တပ်မဟာ (၅) နယ်‌မြေတွင်လည်း ဖွင့်လှစ်‌ပေး‌နေသည်ဟု သိရသည်။

KIC-ကရင်သတင်းဌာန သတင်းနဲ့ ဗီဒီယို‌တွေကို ကြည့်နိုင်ဖို့

အဂင်္လိပ်ပိုင်းဝက်ဘ်ဆိုက်ဒ်
www.karennews.org
ဗမာပိုင်း ဝက်ဘ်ဆိုက်ဒ်
www.kicnews.org
ကရင်ပိုင်း ဝက်ဘ်ဆိုက်ဒ်
karen.kicnews.org
‌ရေဒီယို ဝက်ဘ်ဆိုဒ်
www.radiokaren.org

Subscribe နဲ့ Like & Follow လုပ်ဖို့အတွက်

Youtube: https://www.youtube.com/user/karennewsteam
Vimeo: https://vimeo.com/karennews
Facebook: https://www.facebook.com/KICNewsPage/
https://www.facebook.com/KarenNewsOrg/
Twiter : https://twitter.com/MobileVideoTeam
Soundcloud: https://soundcloud.com/radio-karen

တယ်လီဖုန်းများအတွက် KIC Mobile App

Adriod
https://play.google.com/store/apps/details?id=org.kicnews.radiokaren
Apple
https://apps.apple.com/in/app/radio-karen/id1463514779
Youtube Channel