Home သတင်း ၂၀၁၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု အဆိုပြုလွှာ စတင်‌ခေါ်ယူ

၂၀၁၉ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု အဆိုပြုလွှာ စတင်‌ခေါ်ယူ

2411
၂၀၁၈ခုနှစ် ဆုရှင် Free Burma Ranger (FBR) ‌ဆေးမှူး ‌စောဂျိုးဇက်အား ‌စော‌စေး‌စေးဖန်းက ဆုချီးမြှင့်ခဲ့စဉ်

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူူး

၂၀၁၉ ခုနှစ်အတွက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်း ရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆု အဆိုပြုလွှာကို ယ‌နေ့ (နိုဝင်ဘာလ ၁၁ရက်)မှစ၍ စတင်အဆိုပြု နိုင်ပြီး ဖြစ်‌ကြောင်း ဖန်း‌ဖောင်‌ဒေးရှင်းက ယ‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်‌ကြေညာလိုက်သည်။

၂၀၀၈ ခုနှစ်မှ စတင်‌ပေးအပ်သည့် အဆိုပါ ဆုအတွက် ကိုယ့်ကျိုးမဖက် အများအကျိုးအတွက် ဦး‌ဆောင် လှုပ် ရှား ‌ဆောင်ရွက်‌နေသည့် မည်သည့် ကရင်လူငယ်ကိုမဆို ‌ရွေးချယ် ‌ပေးအပ်သွားနိုင်ရန် ယခုလို အသိ‌ပေး ‌ကြေညာလိုက်ခြင်းဖြစ်သည်ဟု ဖန်း‌ဖောင်‌ဒေးရှင်းက ဆိုသည်။

“ ကရင်လူငယ်‌တွေ သူတို့ရဲ့ နယ်ပယ်လူ့အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ် ကရင်လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ပဲဖြစ်ဖြစ် လှုပ်ရှား‌ဆောင်ရွက်‌နေတဲ့ ဘယ်သူကိုမဆို Community ‌ခေါင်း‌ဆောင်‌တွေက‌နေဖြစ်‌စေ၊ ‌ဒေသတွင်း ‌ခေါင်း‌ဆောင် အဖွဲ့အစည်း‌ခေါင်း‌ဆောင်‌တွေက‌နေဖြစ်‌စေ လူငယ်‌ခေါင်း‌ဆောင် တစ်‌ယောက်‌ပေါ်ထွန်းလာဖို့ အ တွက် ‌ထောက်ခံပြီး အမည်စာရင်း‌တွေ တင်သွင်းလာဖို့ အသိ‌ပေးချင်ပါတယ် ” ဟု ပဒိုမန်းရှာလားဖန်း၏ သားကြီး ‌စော‌စေး‌စေးဖန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုဆုအတွက် စာရင်းတင်သွင်းမည့်သူများအ‌နေဖြင့် အမည်၊ အသက်၊ ‌မွေးသက္ကရာဇ်၊ ‌နေရပ်နှင့် အဖွဲ့ အစည်း နာမည်များဖြင့်တကွ ကမ္ဘာအရပ်ရပ်တွင် ‌နေထိုင်သည့် မည်သည့်ကရင်အဖွဲ့အစည်း၊ ‌ဆွေမျိုးသားချင်းကို မဆို နာမည်တင်သွင်းနိုင်ပြီး လာမည့် ဒီဇင်ဘာလ ၃၁ရက်‌နေ့‌နောက်ဆုံးထား၍ ကရင်၊ မြန်မာနှင့် အဂင်္လိပ် ဘာ သာဖြင့် bwabwa.phan@ phanfoundation.org သို့ နာမည်စာရင်း ပို့‌ဆောင်‌ပေးရမည်ဖြစ်ပြီး အ‌သေး စိတ်သိရှိလိုပါက www.phafoundation.org တွင် ဝင်‌ရောက်ကြည့်ရှုနိုင်ပါသည်။

၎င်းဆုကို သတ်မှတ်ထားသည့်စံနှုန်းအတိုင်း ကိုက်ညီပါက အသက် ၃၅နှစ်‌အောက်ရှိ မည်သည့်ကရင်လူငယ် မဆို လူတဦး ချင်းစီဖြစ်‌စေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတခုခုကိုဖြစ်‌စေ ဆုရရှိမည့်သူကို လာမည့် ၂၀၂ဝခုနှစ် အ‌စောပိုင်းတွင် အသိ‌ပေး ‌ကြေညာသွား မည်ဖြစ်ပြီး ဆု‌ကြေး‌ငွေ အ‌မေရိကန်‌ဒေါ်လာ ၃,၀၀ဝ ကို ‌ပေးအပ်ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ အမည်မသိ ‌သေနတ်သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရ‌သော KNU-အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလား ဖန်းနှင့် ကွယ်လွန်သူ နမ့်ကျင်‌ရွှေတို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူ သားသမီးများ ဖြစ်ကြ‌သော ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စ̕လုံ့ဖန်းတို့က တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ခုနှစ်မှစ၍ ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုကို ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ ‌စောညွန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖော၊ Free Burma Ranger အဖွဲ့မှ ‌စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ နမ့်သန္တာ‌အောင်၊ ကရင် အမျိုးသမီး အစည်းအရုံး(KWO)မှ ‌နော်က‌ညော‌ဖောနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ ‌နော်ဆာမူး၊ Hpa-An Youth Network မှ စ̕ ရှိုင်းနှင့် အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် ကရင်စာ‌ပေဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဦး‌ဆောင်လုပ်ကိုင်‌နေသူ စ̕သူလှိုင်ဝင်းတို့ကို အသီးသီး‌ပေးအပ်ခဲ့သည်။

ထို့အပြင် ၂၀၁၇ခုနှစ်အတွက် အဆိုပါ လူငယ်‌ခေါင်း‌ဆောင်ဆုကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် လူမှု‌ရေးလုပ်ငန်းလုပ်‌ဆောင်‌နေသူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ (OKRSO)မှ ‌စောအဲသိုနှင့် အမျိုးသမီး အခွင့်အ‌ရေးဆိုင်ရာ တက်ကြွလှုပ်ရှား‌နေသူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်ဆဲဆဲတို့နှစ်ဦးကို ပူးတွဲချီးမြှင့်ခဲ့သည်။ ၂၀၁၈ခုနှစ် အတွက်ကို မြန်မာနိုင်ငံအပါအဝင် အ‌ရှေ့အလယ်ပိုင်း ‌ဒေသတို့တွင် စစ်‌ဘေး ဒဏ်ခံရသည့် ပြည်သူများအား ကျန်းမာ‌ရေးဆိုင်ရာ ကယ်ဆယ်‌ရေးလုပ်‌ဆောင်‌နေသူ Free Burma Ranger (FBR) ‌ဆေးမှူး ‌စောဂျိုးဇက်ကို ချီးမြှင့်ခဲ့ပြီးဖြစ်သည်။