Home သတင်း ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေး ကရင်ဒုံးက သလို မ‌မောမပန်းနိုင် ပန်းတိုင်အ‌ရောက်သွားရန် နိုင်ငံ‌တော်သမ္မတ တိုက်တွန်း

ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေး ကရင်ဒုံးက သလို မ‌မောမပန်းနိုင် ပန်းတိုင်အ‌ရောက်သွားရန် နိုင်ငံ‌တော်သမ္မတ တိုက်တွန်း

2296

နိုဝင်ဘာလ ၇ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ဖက်ဒရယ်ပြည်‌ထောင်စုကို မဖြစ်မ‌နေတည်‌ဆောက်သွားမည်ဖြစ်‌သော‌ကြောင့် ဖက်ဒရယ်ပြည်‌ထောင်စု တည် ‌ဆောက်ရာတွင် ကရင်ဒုံးကသလို အပြုံးပန်းကိုယ်စီနှင့် မ‌မောမပန်းနိုင် ပန်းတိုင်အ‌ရောက် ‌လျှောက်လှမ်းသွား ရန် နိုင်ငံ‌တော်သမ္မတဦးဝင်းမြင့်က ၆၄ နှစ်‌မြောက်ကရင်ပြည်နယ်‌နေ့ အခမ်းအနား၌တိုက်တွန်း‌ပြောကြားသည်။

နိုင်ငံ‌တော်သမ္မတ ဦးဝင်းမြင့်က “ကျ‌နော်တို့ ကြိုးစားအားထုတ်‌ဆောင်ရွက်တဲ့အခါမှာ ကျ‌နော်တို့ချည်းဘဲ မပြီး ပါဘူး။ အားလုံးဝိုင်းဝန်း ပူး‌ပေါင်း‌ဆောင်ရွက်ပြီး‌တော့ ကရင်ဒုံးယိမ်းလိုဘဲ တက်ညီလက်ညီ သွက်သွက် လက်လက် ဟန်ချက်ညီညီ ထိန်းညှိပြီး ‌ဆောင်ရွက်မှ ဒီပန်းတိုင်ကို ‌ရောက်မှာဖြစ်တယ်။ အဲဒီ‌တော့ တကယ် ‌ပြောရမယ်ဆိုလို့ရှိရင် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ဖို့ဆိုတာ တိုင်းရင်းသားအားလုံးရဲ့ ဆန္ဒတူညီမှု‌တွေ အ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့မှ တည်‌ဆောက်ရမှာဖြစ်တယ်” အဖွင့်မိန့်ခွန်းတွင် ယခုလိုထည့်သွင်း‌ပြောဆို သည်။

ထို့အပြင် တိုင်းရင်းသားတို့၏ နှစ်‌ပေါင်းများစွာ လိုလား‌တောင့်တ‌နေသည့် ဖက်ဒရယ်ပြည်‌ထောင်စု ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် နိုင်ငံ‌တော်အ‌နေဖြင့် ကြိုးပမ်း‌ဆောင်ရွက်‌နေပြီး တိုင်းရင်း သားအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းလုပ်‌ဆောင်သွားရန်လိုသည်ဟု သမ္မတက ဆက်‌ပြောသည်။

၆၄ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့သို့ နိုင်ငံ‌တော်သမ္မတက သဝဏ်လွှာ‌ပေးပို့ ခဲ့ပြီး နိုင်ငံ‌တော်အစိုးရ ငြိမ်းချမ်း ‌ရေးခရီး‌လျှောက်လှမ်းရာတွင် ကရင်ပြည်နယ်ရှိတိုင်းရင်းသားများ ပူး‌ပေါင်း‌ဆောင်ရွက်မှုသည် ငြိမ်းချမ်း‌ရေးခရီး အတွက်များစွာ အ‌ထောက်အပံ့ဖြစ်‌စေ‌ကြောင်း၊ ကရင်ပြည်နယ်သည် သဘာဝ‌တော‌တောင်များတည်ရှိကာ ခရီး သွားလုပ်ငန်းဖွံ့ဖြိုးလာမည့် ပြည်နယ်ဖြစ်‌ကြောင်း၊ မြန်မာနိုင်ငံအ‌ရှေ့‌တောင်ဘက်တွင် အဓိကကုန်သွယ်မှု ရှိသည့် ပြည်နယ်ဖြစ်ကာ ပြည်နယ်အတွင်း လူမှုဘဝဖွံ့ဖြိုးမှုကို ဝမ်း‌မြောက်စွာ‌တွေ့မြင်‌နေရသည်ဟု နိုဝင်ဘာ ၇ ရက်‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။

နိုဝင်ဘလာလ ၇ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၆၄ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့အခမ်းအနားဖွင့်ပွဲကို ပြည်နယ် အစိုးရရုံး‌ရှေ့၌ ကျင်းပရာ နိုင်ငံ‌တော်သမ္မတဦးဝင်းမြင့်၊ ပြည်‌ထောင်စု ဝန်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် အဆင့် ဝန်ကြီးများ၊ ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးများ တက်‌ရောက် ခဲ့သည်။

အလားတူ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ၊ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးနှင့် ‌ကေအဲန်ယူ ဗဟို ‌ကော်မတီ ဝင်များ၊ ကရင်လက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများ အသီးသီးတက်‌ရောက်ခဲ့ကြသည်။

နိုဝင်ဘာလ ၇ ရက်‌နေ့မှ ၁၁ ရက်‌နေ့အထိကျင်းပမည့် ၆၄နှစ်‌မြောက်ကရင်ပြည်နယ်‌နေ့ပွဲ‌တော်တွင် လူထုများ လာ‌ရောက်လည်ပတ်ကြည့်ရှုနိုင်ရန် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း အချို့လုပ်‌ဆောင်ချက် ပြခန်းများ၊ ‌ဈေးဆိုင် ခန်းများအပြင် KNU -ကရင်အမျိုးသားအစည်းအရုံး ပြခန်းတစ်ခုကိုလည်း ပြည်နယ်ပွဲတွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ပြသထားသည်။