Home သတင်း ကရင်လက်နက်ကိုင် ၄ ဖွဲ့‌ပေါင်းပြီး ခရိုင်အဆင့် နှစ်သစ်ကူး‌နေ့ကျင်းပမည်

ကရင်လက်နက်ကိုင် ၄ ဖွဲ့‌ပေါင်းပြီး ခရိုင်အဆင့် နှစ်သစ်ကူး‌နေ့ကျင်းပမည်

4258
Photo_KIC

နိုဝင်ဘာလ ၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ခုနှစ် ၂၇၅၉ နှစ် ပြာသိုလဆန်း ၁ ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို ကရင်လက်နက်ကိုင် ၄ ဖွဲ့‌ပေါင်းပြီး KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အဆင့်အ‌နေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် ကြိမ်‌ချောင်း‌ကျေးရွာတွင် ပထမဦးဆုံးအကြိမ် ကျင်းပသွားမည်ဟု သိရသည်။

ကြိမ်‌ချောင်းရွာ ဘုရားရှိခိုး‌ကျောင်းတွင် နိုဝင်ဘာလ ၂ ရက်‌နေ့ကပြုလုပ်သည့် ကရင်နှစ်သစ်ကူးကျင်းပနိုင်‌ရေး ပထမကြိမ် ညှိနှိုင်းအစည်းအ‌ဝေးတွင် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော် -DKBA ၊ ကရင်ငြိမ်းချမ်း ‌ရေးအဖွဲ့ -KNU KNLA(PC) နှင့် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် -BGF တို့က ပထမဆုံးအကြိမ်အဖြစ် နှစ်သစ်ကူး‌နေ့ကို ပူး‌ပေါင်းကျင်းပရန် သ‌ဘောတူညီခဲ့ခြင်းဖြစ်သည်။

ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းက “‌ခေတ်အဆက်ဆက် ကျ‌နော်တို့ကရင်လူမျိုးဟာ အခက်အခဲဒုက္ခ‌တွေရဲ့ ကြားမှာ ‌နေခဲ့ရတယ်။ အဖွဲ့အစည်းချင်း မတူ‌ပေမယ့် ကရင်တစ်မျိုးသားထဲပဲ ဖြစ်တဲ့အ‌ပေါ် ညီညီညွတ်ညွတ် ပြန်လည်တည် ‌ဆောက်ကြိုးစားကြဖို့ ‌တောင်းဆိုလာတဲ့အ‌ပေါ်မှာ ကရင်လက်နက်ကိုင် ၄ ဖွဲ့‌ပေါင်းပြီး ဒီနှစ်ကျင်းပမယ်။ အားလုံးက ကရင်အတူတူပဲဆိုတဲ့ နှလုံးစိတ်ဆန္ဒထားပြီ အမျိုးသား‌ရေးတာဝန်တစ်ခုအ‌နေနဲ့ ကျရာတာဝန်မှာ အားစိုက်ပြီး ‌ဆောင်ရွက် သွားကြပါ” ဟု ၎င်းညှိနှိုင်းအစည်းအ‌ဝေးတွင် ‌ပြောသည်။

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့သည် မိမိတို့အမျိုးသား အ‌ရေးအရာနှင့်သက်ဆိုင်သည့်‌နေ့ဖြစ်သည့်အတွက် စု‌ပေါင်းကျင်း ပသွား မည်ဖြစ်ကာ စည်းလုံးညီညွတ်မှုနှင့် ယဉ်‌ကျေးမှုများကို ‌ဖော်ထုတ်ခြင်းလည်းဖြစ်သည်ဟု ခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းက ‌ပြောသည်။

လက်နက်ကိုင်အဖွဲ့များ စု‌ပေါင်းကျင်းပမည့် ဒူးပလာယာခရိုင်အဆင့် နှစ်သစ်ကူးပွဲ‌တော်ကို ဝင်း‌ရေး၊ နို့တ‌ကော၊ ကျုံဒိုးနှင့် ‌ကော့ ကရိတ်မြို့နယ်ရှိ ကရင်လက်နက်ကိုင် ၄ ဖွဲ့များအပြင် ‌ကျေးရွာအသီးသီးမှ ‌ဒေသခံများကလည်း စု‌ပေါင်းကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အလိုက် ဒုံးပြိုင်ပွဲ၊ ကရင်ရိုးရာလက်‌ဝှေ့၊ အားကစားပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဟု ကျင်းပ‌ရေးတာ ဝန်ရှိသူထံမှ သိရသည်။

ကရင်နှစ်သစ်ကူးကျင်းပနိုင်‌ရေး ညှိနှိုင်းစည်းအ‌ဝေးသို့ တက်‌ရောက်လာသူ ‌ကော့ကရိတ်မြို့နယ် မိတန်‌ကျေးရွာမှ ‌စောထွန့် ‌ဖောင်ဟိန်က “ကရင်လက်နက်ကိုင်အဖွဲ့‌တွေ ညီညီညွတ်ညွတ်နဲ့ ကရင်နှစ်သစ်ကူး‌နေ့ကို စု‌ပေါင်းကျင်းပမယ်ဆို‌တော့ သူတို့ကို ‌လေးစားမိတယ်။ ဒီပွဲအတွက် တတ်နိုင်တဲ့ ယဉ်‌ကျေးမှု ရိုးရာအားကစား‌တွေကို ဝိုင်းဝန်းလုပ်‌ဆောင်သွားမယ်။ ကျ‌နော်တို့ ‌နေ့ထူး ‌နေ့မြတ်ယဉ်‌ကျေးမှု‌တွေကို ပူး‌ပေါင်း‌ဖော်ထုတ်ကျင်းပမယ်ဆို‌တော့ အတိုင်းမသိလည်း ဝမ်းသာမိတယ်”ဟု ‌ပြောသည်။

အဆိုပါ နှစ်သစ်ကူး‌နေ့ ကျင်းပနိုင်‌ရေးအတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအ‌ဝေးသို့ မြို့နယ်အသီးသီးမှ ‌ကျေးရွာအုပ်ချုပ် ‌ရေးမှူးများ၊ KNU ဒူးပလာယာခရိုင် တာဝန်ရှိသူများ၊ တခြားကရင်လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများ စုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။