Home သတင်း ‌ဒေသစုံပါဝင်သည့် ပထမဦးဆုံးအကြိမ် ဘုံသစ်‌တောဆိုင်ရာ ‌ဆွေး‌နွေးပွဲ ပြုလုပ်

‌ဒေသစုံပါဝင်သည့် ပထမဦးဆုံးအကြိမ် ဘုံသစ်‌တောဆိုင်ရာ ‌ဆွေး‌နွေးပွဲ ပြုလုပ်

2437

ဇူလိုင် ၂ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဘိတ်-ထားဝယ်၊ ပဲခူတိုင်း စသည့် ‌ဒေသစုံပါဝင်‌သော ဘုံသစ်‌တောဆိုင်ရာ ‌ဆွေး‌နွေးပွဲ (Community Forest Forum)တစ်ခုကို ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပီးတခ‌ကျေးရွာ၌ ဇူလိုင်လ ၁ ရက်မှ ၃ရက်‌နေ့အထိ ပြုလုပ်လျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ခရိုင် (၇)ခု အတွင်းရှိ ‌ဒေသခံလူထုများနှင့် သက်ဆိုင်ရာ ‌ကေအဲန်ယူ သစ်‌တောဌာနတို့မှ အ‌ကောင်အထည်‌ဖော် ထိန်းသိမ်း‌စောင့်‌ရှောက်ထားသည့် ‌ကျေးရွာပိုင်ဘုံသစ်‌တောများ နှင့်ပတ်သက်ပြီး ‌ဆွေး‌နွေးဖလှယ်မှုများပြုလုပ်ကာ အနာဂတ်အတွက် ပူး‌ပေါင်းလုပ်‌ဆောင်နိုင်မည့် ‌ရှေ့လုပ် ငန်းစဉ်များကို ချမှတ်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်သူများ ‌ပြောသည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက်(KESAN)၏ ‌မြေယာနှင့် သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်ခြင်းဆိုင်ရာတာဝန်ခံ ‌စောမာဘူထူးက“ အနာဂတ်မှာ ဘုံသစ်‌တော ထိန်းထိမ်းမှု‌တွေ ပိုမိုအား ‌ကောင်းလာ‌စေဖို့အတွက် အဓိက ရည်ရွယ်တယ်။ ဒီလို အား‌ကောင်းဖို့ဆိုတာ က ‌ဒေသခံလူထု‌တွေပဲလုပ်ရမှာ မဟုတ်ပဲနဲ့ ‌ကော်သူး‌လေ သစ်‌တောဌာနနဲ့ ‌ဒေသခံဘုံသစ်‌တောအကြား ပူး ‌ပေါင်း လုပ်‌ဆောင်မှု အား‌ကောင်းလာ‌စေဖို့လည်း လိုတယ်။ ဘာဖြစ်လဲဆို‌တော့ ခရိုင်‌ဒေသ တချို့မှာ ကနဦးက ဘုံသစ်‌တောကို ရိုးရိုး‌လေးပဲ ဖွဲ့စည်းထားတာ။ ဒါ‌ပေမဲ့ ဒီဘုံသစ်‌တောထိန်းသိမ်းဖို့ နဲ့ ပိုမို ‌ကောင်းမွန်‌အောင်လုပ်ဖို့ဆိုတဲ့ အစီအစဉ်‌တွေ မရှိဖူး‌သေး။ ဒါကို ရည်ရွယ်ပြီး လုပ်တာပါပဲ ”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

သုံးရက်တာပြုလုပ်မည့် ၎င်း‌ဆွေး‌နွေးပွဲကို ‌ကေအဲန်ယူ ခရိုင် (၇)ခုအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ‌ကျေးရွာအုပ်စု အသီးသီးမှ ‌ကေအဲန်ယူ သစ်‌တောတာဝန်ရှိ သူများ၊ ‌ကျေးရွာပိုင် ဘုံသစ်‌တောထိန်းသိမ်းသည့် ‌ဒေသခံ ကိုယ်စားလှယ်များ၊ အခြား‌သော ကရင်လက်နက်ကိုင်များ၊ သဘာဝန်ပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဖက်အဖွဲ့ အစည်းများ၊ ကရင်လူငယ်များ၊ NGO အဖွဲ့အစည်းအချို့နှင့် ‌လေ့လာသူများ စုစု‌ပေါင်း ၂၀ဝ ‌ကျော် ပါဝင်တက်‌ရောက်လျက်ရှိသည်။

အလားတူ ၎င်း‌ဆွေး‌နွေးပွဲတွင် ဘုံသစ်‌တော သက်ဆိုင်ရာ ‌ကောင်းမွန်သည့် လက္ခဏာရပ်များ၊ ဘုံသစ်‌တော ဖွဲ့စည်းထိန်းသိမ်းမှုအ‌ပေါ် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၏ ပူး‌ပေါင်းပါဝင်မှုများ၊ ဘုံသစ်‌တောဖွဲ့စည်းခြင်း ဆိုင်ရာ ‌ကောင်းကျိုးများ၊ ရိုးရာဓ‌လေ့နှင့် ဆက်စပ်နှီးနွယ်မှုများကို အပြန်အလှန် နှီး‌နှောဖလှယ်‌ဆွေး ‌နွေးကြခြင်း ဖြစ်သည်။

သထုံခရိုင်မှ တက်‌ရောက်လာသူ ‌နော်‌နေဆဲ‌ဖောက “ ‌ဒေသတွင်း ဘုံသစ် ‌တော‌တွေက ကျမတို့အတွက် အရမ်းအ‌ရေးကြီးတယ်။ ကျမတို့ တစ်ဦးတစ်ဖွဲ့တည်းက အကုန်လုံးနားလည်နိုင်မှာမဟုတ်ဘူး‌လေ။ ဒီလို နှီး‌နှော ဖလှယ်မှုက‌နေ သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်‌တွေ ‌ဒေသခံ လူထု‌တွေနဲ့က ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေ ပိုရှိလာမယ်။ ပြီး‌တော့ ဒီဖွဲ့စည်းထားတဲ့ ဘုံသစ်‌တော‌တွေရဲ့ အားနည်းချက် အားသာချက်‌တွေကို ‌ဆွေး‌နွေး ရင်းနဲ့မှ ဒီအ‌ပေါ်မှာ စီမံထိန်းသိမ်းမှုအ‌ပေါ်မှာလည်း ပိုမိုနားလည်လာလိမ့်မယ်” ဟု ‌ပြောသည်။

‌ကေအဲန်ယူ ခရိုင်၊ မြို့နယ်အလိုက် ‌ကျေးရွာပိုင်ဘုံသစ်‌တောစာရင်းများအရ သထုံခရိုင်တွင် ဧက‌ပေါင်း (၁၀, ၇၂ဝ ဒသမ ၈၁) ဧက၊ ‌ညောင်‌လေးပင်ခရိုင်တွင် (၃,၁၆၉) ဧက၊ ဘိတ်ထားဝယ်ခရိုင်တွင် (၁၃၂,၁၇၇)ဧက၊ မူတ‌ရော်(ဖာပွန်)ခရိုင်တွင် (၂၇,၇၁၀.၇၅) ဧက၊ ဒူးပလာယာခရိုင်တွင် (၆၆,၂၇၈ ဒသမ ၆) ဧကနှင့် ဖားအံ ခရိုင်တွင် (၄,၅၄၁ ဒသမ ၈၇) ဧကရှိပြီး ‌တောင်ငူခရိုင်တွင် အ‌ကောင်အထည်‌ဖော်‌နေဆဲဖြစ်သည်ဟု သိရ သည်။