Home သတင်း ကရင်ပြည်နယ်တွင် လစ်လပ်‌နေသည့် လူမှု‌ရေးဝန်ကြီး‌နေရာတွင် ဘိုဘို‌ဝေ‌မောင် (ခ) ‌စောဘိုဘိုအား ခန့်အပ်

ကရင်ပြည်နယ်တွင် လစ်လပ်‌နေသည့် လူမှု‌ရေးဝန်ကြီး‌နေရာတွင် ဘိုဘို‌ဝေ‌မောင် (ခ) ‌စောဘိုဘိုအား ခန့်အပ်

3961

ဇွန်လ ၂၄ရက်၊ ၂၀၁၉ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်တွင် လစ်လပ်‌နေသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှု‌ရေးရာဝန်ကြီးဌာနဝန်ကြီး ရာထူး‌နေရာတွင် ဘိုဘို ‌ဝေ‌မောင် (ခ) ‌စောဘိုဘိုအား အစားထိုးခန့်အပ်ရန် ယ‌နေ့ ပြုလုပ်သည့် ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်‌တော်(၁၁)ကြိမ် ‌မြောက်ပုံမှန် အစည်းအ‌ဝေး ပထမ‌နေ့တွင် အတည်ပြုလိုက်သည်။

အဆိုပါလစ်လပ်ဝန်ကြီးရာထူးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယ‌နေ့ကျင်းပသည့် ကရင်ပြည်နယ် လွှတ်‌တော်အစည်း အ‌ဝေးတွင် အဆိုပြုတင်သွင်းရာ ကန့်ကွက်သူမရှိသည့်အတွက် အဆိုတင်သွင်းသည့်‌နေ့တွင်ပင် အတည်ပြုခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့်က “‌စောဘိုဘိုက အရင်တုန်းက ကျမတို့ပြည်နယ်လုပ်ငန်း‌ဆောင်တာ‌တွေ အမြဲ ကူညီပံ့ပိုး‌ဆောင်ရွက်တယ်။ အဲဒီလိုပဲ ဖြစ်မှာ‌ပေါ့‌နော်။ အ‌ပေါ်က ‌ရွေးပြီးဆုံးဖြတ်တယ်။ သူတို့ရဲ့ကိုယ်‌ရေးအကျဉ်း‌တွေတင်ရ တယ်။ အဲဒီ ၃‌ယောက်ထဲက ‌စောဘိုဘိုကို‌ရွေးလိုက်တာဖြစ်တယ်။ ‌စောဘိုဘိုကို ယုံကြည်လို့ ကျမအဆိုပြု လိုက်တာဖြစ်တယ်။” ဟု သတင်း‌ထောက်များ၏ ‌မေးမြန်းမှုကို ‌ဖြေကြားခဲ့သည်။

ယခင်ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီးဌာန ဝန်ကြီး‌ဟောင်း‌ဒေါက်တာတင်ဝင်း‌ကျော်မှာ ကျန်းမာ‌ရေးအ‌ခြေအ‌နေအရ နိုင်ငံ‌တော် သမ္မတမှ၂၀၁၉ ‌မေလ ၁၆ရက်‌နေ့တွင် ကရင်ပြည်နယ် လူမှု‌ရေးရာဝန်ကြီးအဖြစ်မှ နှုတ်ထွက်ခွင့်မိန့်ဖြင့် ခွင့်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

‌ဒေါက်တာတင်ဝင်း‌ကျော် အနားယူပြီး‌နောက် လစ်လပ်‌နေသည့် ဝန်ကြီး‌နေရာအတွက် ယခုဝန်ကြီးအသစ်ကို ပြည်နယ်လွှတ် ‌တော်က အတည်ပြုဆုံးဖြတ်‌ပေးခဲ့ပြီး ထိုသို့အစားထိုးခန့်အပ်ခြင်းများကို လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆက်လက်အ ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

လူမှု‌ရေးဝန်ကြီးရာထူးအသစ် ပြန်လည်အတည်ပြုခန့်အပ်လိုက်သည့် ဘိုဘို‌ဝေ‌မောင်က “ကျ‌နော်ပြည်နယ်အတွက် အ‌ကောင်း ဆုံး ကြိုးစားမှာပါ။ ‌နောက်ပြီး လက်ရှိ ဝန်ကြီးချုပ်ကိုလည်း အ‌ကောင်းဆုံး Support လုပ်သွားပါမယ်။”ဟု ‌ကေအိုင်စီသို့‌ပြော သည်။

အသက် ၃၈နှစ်ရှိသည့် ‌စောဘိုဘိုသည် လက်ရှိအချိန်တွင် MTB မြန်မာ့ခရီးသွားဘဏ်တွင် မန်း‌နေဂျင်းဒါရိုက်တာတစ်ဦးဖြစ် သည့်အပြင် YBS (Yangon Bus Service)တွင်လည်း CEO အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားစီးပွား‌ရေးလုပ်ငန်းရှင်အသင်း၏ တွဲဖက်အတွင်း‌ရေးမှူး၊ KBZ ဘဏ်တွင် Deputy Managing Director၊ နိုင်ငံခြားရှိ City Bank တွင် Ass- Vice President ရာထူးတာဝန်ထမ်း‌ဆောင်ခဲ့ဖူးသည့်အပြင် ကရင်တိုင်းရင်းသား စာ‌ပေယဉ်‌ကျေးမှု‌ရေးရာများ၌လည်း ပါဝင်‌ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။