Home သတင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ၌ ဖလုံ-စ‌ဝေါ်ပါတီ ကရင်ပြည်နယ်တွင် ပြန်လည် ဝင်‌ရောက် ပြိုင်မည်

၂၀၂ဝ ‌ရွေး‌ကောက်ပွဲ၌ ဖလုံ-စ‌ဝေါ်ပါတီ ကရင်ပြည်နယ်တွင် ပြန်လည် ဝင်‌ရောက် ပြိုင်မည်

2918

‌ဖေ‌ဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

လာမည့် ၂၀၂ဝ ခုနှစ်၊ မြန်မာနိုင်ငံ ပါတီစုံ‌ရွေး‌ကောက်ပွဲ၌ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP အ‌နေဖြင့် က ရင်ပြည်နယ်တွင် ပြန်လည် ဝင်‌ရောက်ယှဉ်ပြိုင်မည်ဟု ပါတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောကြည်လင်းက ယ‌နေ့(‌ဖေ‌ဖော်ဝါရီ ၂၅ ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

PSDP အ‌နေဖြင့် ကရင်ပြည်နယ်တွင် ဝင်‌ရောက်ယှဉ်ပြိုင်မည် မဟုတ်ဘဲ ကရင်ပါတီများ ပူး‌ပေါင်း ဖွဲ့စည်းထား သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ကိုသာ ဝင်‌ရောက်ယှဉ်ပြိုင်‌စေမည်ဟု PSDP တာဝန်ရှိသူက ယမန်နှစ် (၂၀၁၈ ခုနှစ်၊ မတ်လ)တွင် ‌ပြောဆိုခဲ့မှ ယခုလို ပြန်လည်ပြိုင်မည်ဖြစ်‌ကြောင်း ထုတ်‌ဖော် ‌ပြောဆို လိုက်ခြင်းလည်းဖြစ်သည်။

ပါတီအတွင်း‌ရေးမှူး ‌စောကြည်လင်းက “ကရင်ပြည်နယ်မှာသာမက အခြားမှာလည်းဝင်ပြိုင်မယ်။ အရင်တုန်း က‌တော့ ကရင်ပါတီ‌တွေ မပူး‌ပေါင်းမှာ‌ကြောက်လို့ ပူး‌ပေါင်းလာရ‌အောင် ဖလုံ-စ‌ဝေါ်မပြိုင်ဘူးလို့ ‌ပြောရတာပါ။ ဖလုံ-စ‌ဝေါ်မပြိုင်မှ သူတို့ ပူး‌ပေါင်းဖို့ အား‌ကောင်းမှာ ဖြစ်တဲ့အတွက် ကျ‌နော်တို့ တွန်းအား‌ပေးလိုက်တဲ့သ ‌ဘော ပါ”ဟု‌ပြောသည်။

နိုင်ငံ‌ရေးပါတီတစ်ပါတီအ‌နေဖြင့် အနည်းဆုံး မဲဆန္ဒနယ် (၃) ‌နေရာတွင် ဝင်‌ရောက် မယှဉ်ပြိုင်ပါက ပါတီအလို အ‌လျောက်ပယ်ဖျက်မည်ဖြစ်‌သော‌ကြောင့် ဖလုံ-စ‌ဝေါ်ပါတီမှာ ကရင်ပြည်နယ် ပြင်ပ(မွန်ပြည်နယ်ကဲ့သို့‌သော )‌နေရာများတွင်သာ ဝင်ပြိုင်ရန်ရှိသည်ဟု ၂၀၁၈ ခုနှစ်၊ မတ်လက ‌ပြောဆိုမှုများရှိခဲ့သည်။

၎င်းအပြင် လာမည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်နိုင်ငံ‌ရေးပါတီများ ‌အောင်နိုင်‌ရေးအတွက် ညှိနှိုင်း၊ ပူး‌ပေါင်း ‌ဆောင် ရွက်‌ရေး ‌ကော်မတီတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျိုက်ထိုမြို့နယ်၊ စိမ်းလဲ့တင်ရီ‌ဆော့၌ ပြုလုပ်သည့် ကရင် နိုင်ငံ‌ရေးပါတီ ၄ ခု အစည်းအ‌ဝေးတွင် ဖွဲ့စည်းခဲ့သည်။

ထိုသို့ကြိုးပမ်းလုပ်‌ဆောင်မှုများ၊ သ‌ဘောတူညီမှုများရရှိထား‌သော်လည်း ဖလုံ-စ‌ဝေါ်အ‌နေဖြင့် လာမည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ဝင်‌ရောက်ယှဉ်ပြိုင်မည်ဟု ထပ်မံ‌ပြောဆိုလာမှု‌ကြောင့် ကရင်ပြည်သူများအား ‌ဝေဝါး‌စေ‌ကြောင်းလည်း PSDP ဒုဥက္ကဌ‌ဟောင်းဖြစ်ခဲ့သူ လက်ရှိ KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက သုံးသပ်‌ပြောဆိုသည်။

၎င်းက“အရင်က ကရင်ပြည်နယ်မှာရှိတဲ့ ကရင်ပါတီ ၄ ပါတီရဲ့ သ‌ဘောတူညီချက်ထဲက နံပတ် ၅ အချက်က ၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှာ ဖလုံ-စ‌ဝေါ်ပါတီက ကရင်ပြည်နယ်ရဲ့ ဘယ်မဲဆန္ဒနယ်မှာမှ ဝင်မပြိုင်ဘူးလို့ ကတိက ဝတ်‌တွေရှိခဲ့တယ်။ ဒါ‌ကြောင့် ကရင်ပါတီထဲက KNDP တစ်ခုသာ ကရင်ပြည်နယ်မှာ ဝင်ပြိုင်‌တော့မယ်လို့ လူထုကို ‌ပြောဆိုစည်းရုံးခဲ့အတွက် KNDP ‌တော်‌တော်‌လေး ‌အောင်မြင်‌နေပြီးကာမှ အခုလို ဖလုံ-စ‌ဝေါ်က ပြန်‌ရွေးမယ်ဆို‌တော့ ကရင်လူထု‌တွေ ‌ဝေဝါးသွားမယ်။ ကရင်ပါတီတစ်ခုထဲက ဝင်‌ရွေးခံတာကို ကျ‌နော်တို့ လိုချင်တယ်↔ ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ကရင်ပါတီ ၄ ပါတီရှိသည့်အနက် ၃ ပါတီသာ ‌ပေါင်းစည်းထားပြီး ကျန်ရှိသည့် ပါတီ တစ်ခုဖြစ်သည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP အ‌နေဖြင့် မ‌ပေါင်းစည်းနိုင်‌သေး‌သော်လည်း ပါတီဝင် အချို့ နှုတ်ထွက်ကာ KNDPသို့ သွား‌ရောက် ပူး‌ပေါင်းခဲ့ကြခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်‌နေ့က အသစ်ပြန်လည်‌ရွေး‌ကောက်တင်‌မြောက်လိုက်သည့် KNDP ပါတီ ၏ဗ ဟိုအလုပ်အမှု‌ဆောင် ၁၅ ဦးတွင် PSDP မှ (၆) ဦးပါဝင်ခဲ့သည့်အတွက် ဥက္ကဌ‌နေရာ အပါအဝင် လူအများဆုံး ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ် ပါတီ(PSDP)၊ ရန်ကုန်တွင် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုးသားပါတီ (KNP) ဟူ၍ ကရင်နိုင်ငံ‌ရေး ပါ တီ စုုစု‌ပေါင်း ၄ ပါတီအထိ ကျန်ရှိ‌နေသည်။

ကရင်နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် ၂၀၁ဝ ပြည့်နှစ် ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုက ရက် တစ်ပါတီက ၉ ‌နေရာ၊ ကရင်ပြည်သူ့ ပါတီက ၆ ‌နေရာ အနိုင်ရရှိခဲ့ဖူးပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင်မူ ကရင် ပြည်သူ့ပါတီက တစ်‌နေရာ အနိုင်ရခဲ့သည်။