Home သတင်း ဖားအံမြို့မ ‌ဘောလုံးကွင်း လူထုလက်ဝယ်ပြန်ရရှိ‌ရေး ပြည်နယ်အစိုးရနှင့် ‌တွေ့ဆုံသွားမည်

ဖားအံမြို့မ ‌ဘောလုံးကွင်း လူထုလက်ဝယ်ပြန်ရရှိ‌ရေး ပြည်နယ်အစိုးရနှင့် ‌တွေ့ဆုံသွားမည်

2629

‌ဖေ‌ဖော်ဝါရီ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ဖားအံမြို့၏ သမိုင်းဝင်မြို့မ‌ဘောလုံးကွင်းအား ယခင်မူလအတိုင်း လူထုလက်ဝယ် ပြန်လည်ရရှိ ‌ရေးအတွက် ဆရာ‌တော်၊ သံဃာ‌တော်နှင့် မြို့ရပ်မိရပ်ဖတို့မှ ပြည်နယ်အစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးညှိနှှိုင်းသွား မည်ဟု ယမန်‌နေ့(‌ဖေ‌ဖော်ဝါရီ ၂၅) ဖားအံမြို့မ‌ဘောလုံးကွင်း ပြန်လည်ရရှိ‌ရေးကြိုးပမ်းမှု‌ကော်မတီနှင့် မြို့မိမြို့ဖ များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ဆုံးဖြတ်လိုက်သည်။

အဆိုပါ ‌ဘောလုံးကွင်း ပြန်လည်ရရှိ‌ရေးအတွက် ယခု အစိုးရလက်ထက်တွင် နိုင်ငံ‌တော်သမ္မတ၊ အားကစားနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာနအပြင် ပြည်နယ်အစိုးရထံ ၂ ကြိမ်တိုင်တိုင် တင်ပြထား‌သော်လည်း ပြည်နယ်ဘက်မှ တစ်စုံတရာ အ‌ကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဖားအံမြို့မ‌ဘော လုံးကွင်း ပြန်လည်ရရှိ‌ရေး ကြိုးပမ်းမှု‌ကော်မတီ ဥက္ကဌ ဦးမြင့်‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ဘောလုံးကွင်း‌မြေဂရမ်နဲ့ပတ်သက်ပြီး အားကစားနဲ့ ကျန်းမာ‌ရေးဝန်ကြီးဌာနမှာ ‌မြေဂရမ်မရှိဘူး။ ဒါ‌ပေမယ့် အစိုးရ စီမံခန့်ခွဲ‌မြေဆို‌တော့ ပြည်နယ်အစိုးရ စီမံခန့်ခွဲမှုနဲ့ ‌ဖြေရှင်းသွားနိုင်ဖို့ အဲဒီဝန်ကြီးဌာနက စာပြန်ပို့တာ ရှိတယ်။ သမ္မတရုံးကလည်း လိုအပ်သလို ဆက်လက် စိစစ်‌ဆောင်ရွက်သွားမယ်‌ပြောတယ်။ ဒီဟာကို ပြည် ‌ထောင်စုက‌နေ ပြည်နယ်အစိုးရကို စီမံ‌ဆောင်ရွက်‌ပေးလိုက်ပြီးလို့ ကျ‌နော်တို့ မှတ်ယူတယ်။ အဲဒါ‌ကြောင့် သွား‌တွေ့ဆုံ‌ဆွေး‌နွေးမယ်။ တကယ်လို့ပြည်နယ်အစိုးရက မ‌ဖြေရှင်း‌ပေးနိုင်ရင် ပြည်‌ထောင်စုကို ‌နောက်တစ် ကြိမ်ပြန်တင်ရမှာ‌ပေါ့”ဦးမြင့်‌ရွှေက ‌ပြောသည်။

အစိုးရမှ စီမံခန့်ခွဲ‌ဆောင်ရွက်ပိုင်ခွင့်ရှိသည့် အဆိုပါ‌ဘောလုံးကွင်းနှင့်ပတ်သက်၍ အများပြည်လူထုဆန္ဒ ပါရှိမှ သာ တစ်စုံတရာ စီမံ‌ဆောင်ရွက်လျှင် ပိုသင့်‌တော်မည်ဖြစ်‌ကြောင်း တက်‌ရောက်သူများက ‌ဆွေး‌နွေး‌ပြော ဆို‌သော်လည်း ပြည်နယ်အစိုးရနှင့်မည်သည့်အချိန်တွင် ‌တွေ့ဆုံမည်ကို ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိ‌သေး ‌ကြောင်း ဦး‌ဆောင်သူများထံမှ သိရသည်။

ယမန်‌နေ့ ဖားအံမြို့၊ အမှတ် ၄ ရပ်ကွက် မဂ္ဂင်‌ကျောင်းတိုက်၌ ‌တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ရာတွင် သမိုင်းဝင် ဖားအံမြို့မ ‌ဘောလုံးကွင်း လူထုလက်ဝယ်သို့ ပြန်လည်ရရှိ‌ရေး ကြိုးပမ်းမှု‌ကော်မတီမှတစ်ဆင့် နိုင်ငံ‌တော် သမ္မတထံ၊ သက်ဆိုင်ရာ ပြည်‌ထောင်စု အစိုးရ၊ ပြည်နယ်အစိုး အဆင့်ဆင့်တင်ပြထားသည့် အ‌ခြေအ‌နေနှင့် ပြန်လည်‌ဖြေ ကြားသည့် အ‌ခြေအ‌နေများကို မြို့မိ မြို့ဖများနှင့် ဆရာ‌တော်၊ သံဃာ‌တော်များ သိရှိရန် တင်ပြ‌ပြော ဆို‌ဆွေး‌နွေး ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ‌ဘောလုံးကွင်း ကိစ္စနှင့်ပတ်သက်ပြီး ဆက်စပ်‌နေသည့် ကရင်ပြည်နယ် သာသနာ့ဗိမာန် ‌ဆောက် လုပ်နိုင်‌ရေးအတွက် ပြည်နယ်အစိုးရမှ အစား‌မြေပြန်‌ပေးရန် ယခင်လျာထားသည့် ‌မြေ‌နေရာများတွင် အဆိုပါ ‌ဘောလုံးကွင်း ‌မြေ‌နေရာလည်း တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ပြည်သူလူထုနှင့် သံဃာအချို့၏ ကန့်ကွက် ‌ဝေဖန်မှုများလည်း ရှိ‌နေဆဲဖြစ်သည်။

ဖားအံမြို့မ ‌ဘောလုံးကွင်းသည် ယခင်စစ်အစိုးရလက်ထက် ၂၀၀ဝ ခုနှစ်တွင် ပြည်နယ် ‌အေးချမ်းသာယာ‌ရေး နှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ ဥက္ကဌခွင့်ပြုချက်ဖြင့် ဖားအံခရိုင် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာနမှ ဟိုတယ်တည် ‌ဆောက်ရန် မြ‌ဌေးကြွယ်လင်းကုမ္ပဏီအား နှစ် ၉ဝ ‌မြေငှားဂရန် ထုတ်‌ပေးခဲ့သည့်‌မြေ‌နေရာလည်း ဖြစ်သည်။

ထို့အတွက် ၎င်းကုမ္ပဏီမှ ယင်း‌မြေ‌ပေါ်တွင် ၃ ထပ်တိုက်‌ဆောက်လုပ်ထားမှုများရှိခဲ့ပြီး ယင်း‌ဆောက်လုပ်မှု အ‌ပေါ် ‌ဒေသခံ ဆရာ‌တော်သံဃာ‌တော်များနှင့် ပြည်သူလူထုများမှ ကန့်ကွက်မှုမျာရှိခဲ့သည့်တွက် ယခင်အစိုးရ လက်ထက်ကတည်းကပင် အ‌ဆောက်အဦး‌ဆောက်လုပ်မှုကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။