Home သတင်း သဘာဝပတ်ဝန်းကျင်၊ ရိုးရာဓ‌လေ့ လူငယ်များထိန်းသိမ်းနိုင်‌ရေး ‌ဆွေး‌နွေးခဲ့

သဘာဝပတ်ဝန်းကျင်၊ ရိုးရာဓ‌လေ့ လူငယ်များထိန်းသိမ်းနိုင်‌ရေး ‌ဆွေး‌နွေးခဲ့

3020

‌အောက်တိုဘာ ၂၉ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN) ဦး‌ဆောင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဉ်‌ကျေးမှုဆိုင်ရာ ‌ဆွေး‌နွေးဖလှယ်ခြင်းအစီအစဉ်တစ်ခုကို ကရင်ပြည်နယ်၊ ဖာပွန်(မူ‌တြော်) ခရိုင်၊ လူ‌သော မြို့နယ်၊ တ‌မေထာ ‌ကျေးရွာ၌ ‌အောက်တိုဘာ ၂၄ ရက်မှ၂၆ ရက်‌နေ့အထိ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အစီအစဉ်ကို ‌ကျောင်းသားလူငယ်များ မိမိရိုးရာယဉ်‌ကျေးမှုဓ‌လေ့ထုံးတမ်းနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာများကို တန်ဖိုးထားတတ်‌စေပြီး မိမိတို့‌နေထိုင်ရာ ‌ဒေသများတွင် အသိပညာဗဟုသုတများ ပြန် လည်မျှ‌ဝေနိုင်ရန် ရည်ရွယ်ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု KESAN အဖွဲ့မှ ‌စောဆာဒို့ဒိုမူးက ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့‌ကျောင်းသားလူငယ်‌တွေဟာ အဓိကကျတဲ့ တက်မ‌တွေဖြစ်ကြတဲ့အတွက် အင်မတန်မှအ‌ရေးကြီး တဲ့သူ‌တွေဖြစ်ပါတယ်။ အဲဒါ‌ကြောင့် ‌နောင်လာမယ့် မျိုးဆက်သစ်‌တွေကို လက်ဆင့်ကမ်းတာဝန်‌တွေ အဆက်မပြတ် ထမ်း‌ဆောင်နိုင်ဖို့အတွက်က တွဲ‌ခေါ်ဆွဲ‌ခေါ်ပြီး‌တော့ ပူး‌ပေါင်းလုပ်‌ဆောင်ကြဖို့လိုတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် ၎င်းအစီအစဉ်တွင် ‌ကေအဲန်ယူ ဖာပွန်ခရိုင်တာဝန်ရှိသူများမှ သဘာဝပတ်ဝန်းကျင်နှင့် ကရင့်ရိုးရာဓ‌လေ့ထုံးတမ်းဆိုင်ရာများကို လာ‌ရောက်ရှင်းလင်းချပြခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဓ‌လေ့ရိုးရာ ယဉ် ‌ကျေးမှုဆိုင်ရာထိန်းသိမ်း‌စောင့်‌ရှောက်မှုလုပ်ငန်းများကို ပန်းချီဖြင့်သရုပ်‌ဖော်‌ရေးဆွဲခြင်း၊ ထိုင်းနိုင်ငံရှိ ဌာ‌နေကရင်လူမျိုး များ၏ သဘာဝပတ်ဝန်းကျင်နှင့် ဓ‌လေ့ရိုးရာယဉ်‌ကျေးမှုထိန်းသိမ်း‌စောင့်‌ရှောက်မှုပုံစံများကို လာ‌ရောက်ဖလှယ်ခြင်းနှင့် ဆက်လက်အ‌ကောင်အထည်‌ဖော်မည့် ‌ရှေ့လုပ်ငန်းစဉ် ၁၁ ချက်ကိုလည်း ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ပါဝင်တက်‌ရောက်ခဲ့ကြသည့် ‌ကျောင်းသားလူငယ်များက ကရင့်ရိုးရာဓ‌လေ့ထုံးတမ်းကို ထိန်းသိမ်း ‌စောင့်‌ရှောက်သည့် ‌ကျေးရွာတစ်ရွာသို့ သွား‌ရောက်ကာ ဌာနကရင်လူထုများ၏ သဘာဝ သစ်‌တော၊ မြစ်‌ချောင်း အင်းအိုင်နှင့် ဓ‌လေ့ရိုးရာယဉ်‌ကျေးမှု ထိန်းသိမ်းကာကွယ်မှုလုပ်ငန်းများကို သွား‌ရောက်‌လေ့လာသင်ယူခဲ့ကြသည်။

နယ်စပ်ရှိ သူးမွဲခီး‌ကျောင်းမှ ‌စောက‌ပေါ်စိုး“ကျ‌နော်ဖတ်ရှုခဲ့ရတဲ့ ကဗျာ‌တွေ၊ စာ‌တွေဆိုရင် အခုကိုယ် တိုင်လာပြီး ရွတ်ဆိုခွင့်ရရှိခဲ့ပါတယ်။ ပြီး‌တော့ သစ်‌တော၊ မြစ်‌ချောင်းအင်းအိုင် ထိန်းသိမ်း‌စောင့်‌ရှောက်မှု လုပ်ငန်း‌တွေမှာ ‌ရှေးဘိုးဘွား‌တွေရဲ့‌ရှောင်ရှားခဲ့ကြတဲ့ အရာ‌တွေကို ဒီမှာက မျက်မြင်ကိုယ်‌တွေ့ မြင်‌တွေ့ရတယ်။ အဲဒါ‌ကြောင့် ကျ‌နော်အတွက် အမှန်တကယ်ပဲ စိတ်အားရ ‌ကျေနပ်မှုရရှိခဲ့ပါတယ်။”ဟု ‌ပြောသည်။

သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း‌စောင့်‌ရှောက်‌နေသူ ဌာ‌နေရပ်မိရပ်ဖတစ်ဦးဖြစ်သူ ‌စောသန်း‌စေး “ကျ‌နော်တို့ သားသမီး၊ ‌မြေးမြစ်‌တွေအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှု လုပ်‌ဆောင်တာဖြစ်ပါတယ်။ ဒီဟာ ‌တွေကို ကျ‌နော်တို့ ထိန်းသိမ်းကာကွယ်မှု‌တွေ မလုပ်‌ဆောင်ဘူးဆိုရင် ‌နောင်လာမယ့် မျိုးဆက်‌တွေက မြင်‌တွေ့ရမှာ မဟုတ်‌တော့ပါဘူး။ ကျ‌နော်တို့က တတ်နိုင်သ‌လောက် ကြိုးစားပြီး‌တော့ ထိန်းသိမ်းကာကွယ်မှု‌တွေလုပ် ‌ဆောင်ကြပါ တယ်။”ဟု ‌ပြောသည်။

၎င်းအစီအစဉ်သို့ ‌ကေအဲန်ယူ ဖာပွန်ခရိုင်တာဝန်ရှိသူများ၊ KESAN အဖွဲ့တာဝန်ရှိသူများ ၊ ဌာ‌နေ ကရင်‌ကျောင်းသူ‌ကျောင်းသားများ၊ နယ်စပ်‌ခြေစိုက် ကရင်‌ကျောင်းသားကွန်ရက်(KSNG)နှင့် ‌ဒေသခံ ဌာ‌နေလူထုများအပါအဝင် စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

KESAN အဖွဲ့၏ သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဉ်‌ကျေးမှု ‌ဆွေး‌နွေးဖလှယ်ခြင်း အစီအစဉ် ပထမအကြိမ်ကို ဖာပွန်ခရိုင်၊ ဒုတိယအကြိမ်ကို ‌တောင်ငူခရိုင်နှင့် တတိယအကြိမ်ကို သထုံခရိုင်တို့တွင် ကျင်းပခဲ့ပြီး ယခုအကြိမ်မှာ စတုတ္တအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။