အောက်တိုဘာ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
တိုင်းရင်းသား ဒေသများမှ သင်တန်းသူ၊ သင်တန်းသားများပါဝင်တက်ရောက်သည့် မြန်မာ့သတင်းသိပ္ပံ (Myan mar Journalism Institute)၏ အချိန်ပြည့် သတင်းစာပညာ ဒီပလိုမာ သင်တန်းဆင်းပွဲကို ရန်ကုန်မြို့၊ ချယ်ထ ရီယံ ဟိုတယ်၌ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ ကချင်၊ ရှမ်း၊ မွန်၊ တအာင်း(ပလောင်)နှင့် ရခိုင်စသည့် တိုင်းရင်းသူ၊ တိုင်းရင်းသားများ အပါအဝင် စုစုပေါင်း ၁၇ ဦး အချိန်ပြည့် တက်ရောက်ခဲ့ကြသည်ဟု သင်တန်းတာဝန်ခံများထံမှ သိရသည်။
သင်တန်းဆင်းပွဲတက်ရောက်လာသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးအောင်လှထွန်းက“ မီဒီယာ လော ကမှာလည်း ထူးချွန်ထက်မြတ်တဲ့ သတင်းသမားကောင်းတွေရှိနေဖို့ မဖြစ်မနေ အရေးကြီးပါတယ်။ အဲ့ဒါ ကို လည်း ကျနော် ဒီနေ့ သင်တန်းဆင်းတဲ့ သတင်းသမား တူတွေ၊ တူမတွေကို မေတ္တာရပ်ခံလိုပါတယ်။ မီဒီယာ လောကမှာ ပျော်ရွှင်နိုင်အောင်ကြိုးစားပါ။ ရပ်တည်နိုင်အောင်ကြိုးစားပါ။ လူ့ဘောင်အကျိုး၊ တိုင်းပြည်အကျိုးကို တတ်စွမ်းသ၍ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ဆောင်ရွက်သွားကြပါလို့ ကျနော် မေတ္တာရပ် ခံလိုပါတယ်”ဟု ပြောသည်။
အဆိုပါ သင်တန်းဆင်းပွဲကို အောင်တိုဘာ ၂၇ ရက်နေ့၊ မွန်းလွဲ တစ်နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်ခဲ့ပြီး အခမ်း အနား သို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာ့သတင်းသိပ္ပံ အမှုဆောင်ဒါရိုက်တာ ဦးကျော်မင်းဆွေနှင့် သင်တန်းဆရာများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များ၊ သင်တန်းဆင်းကျောင်း သူကျောင်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် စုစုပေါင်း လူ ၁၀ဝ ဦးကျော်တက်ရောက်ခဲ့သည်။
သင်တန်းတွင်ထူးချွန်ဆုရ မွန်သတင်းအေဂျင်စီမှ မိစာတားမွန်က“တိုင်းရင်းသား ဒေသတွေမှာ သတင်း ထောက်တွေနည်းနေတဲ့ ကွက်လပ်တစ်ခုကို MJI ကျောင်းအနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ခဲ့တယ်။ ကျမ အနေနဲ့လည်း သတင်းထောက် အလုပ်နဲ့ တိုင်းရင်းသားဒေသက သတင်းတွေကို တတ်နိုင်သလောက် ကြိုးစားတင်ဆက် ရေးသားသွားမယ်”ဟု ပြောသည်။
အဆိုပါ သင်တန်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၁၈ခုနှစ် စက်တင်ဘာလအထိ အချိန်တစ်နှစ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် Multimedia၊ ရေဒီယို၊ သတင်းစာနှင့် Digital Reporting တို့ကို သင်ကြားပေးခဲ့ပြီး ယခုလို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု သင်တန်းဆရာများထံမှ သိရသည်။
MJI အနေ ဖြင့် အချိန်ပိုင်းနှင့် အချိန်ပြည့် သတင်းစာပညာ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ခြင်း၊ Multimedia အချိန်ပိုင်း သင်တန်းများလည်း ဖွင့်လှစ်လျက်ရှိသလို ယခု အချိန်ပြည့် ဒီပလိုမာ သင်းတန်းဆင်းပွဲသည် သုံးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။



















