Home သတင်း ၁၇ နှစ်‌အောက် ‌ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ်အသင်း ဗိုလ်စွဲ

၁၇ နှစ်‌အောက် ‌ဘောလုံးပြိုင်ပွဲ ကရင်ပြည်နယ်အသင်း ဗိုလ်စွဲ

3032

စက်တင်ဘာ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

၂၀၁၈ခုနှစ်၊ တိုင်း‌ဒေသကြီးနှင့် ပြည်နယ် အသက် (၁၇)နှစ်‌အောက် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယ‌နေ့( စက်တင်ဘာ ၂ဝ) ည‌နေတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက တနသင်္ာရီတိုင်း ‌ဒေသကြီး အသင်းကို ၅ ဂိုး၊ ဂိုးမရှိ ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

‌နေပြည်‌တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ၎င်းဗိုလ်လုပွဲကို ကရင်ပြည်နယ် အသင်းက ပထမပိုင်းတွင် ၃ ဂိုး၊ ဒုတိယပိုင်းတွင် ၂ ဂိုးတို့ဖြင့် တနသင်္ာရီတိုင်း‌ဒေသကြီး အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း လည်းဖြစ်သည်။

ပွဲစဉ်တစ်‌လျှောက်အ‌ကောင်းဆုံးကစားသမားဆုကို ကရင်ပြည်နယ်အသင်းမှ မန်းကိုသန်းက ရရှိခဲ့ပြီး အသက် (၁၇)နှစ်‌အောက် ကရင်ပြည်နယ်‌ဘောလုံးအသင်းအ‌နေဖြင့် ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ကိုင်‌မြှောက် နိုင်ခဲ့ခြင်းလည်း ဖြစ်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်အသင်းသည် ကွာတားဖိုင်နယ်အဆင့်တွင် စစ်ကိုင်းတိုင်း‌ဒေသကြီးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ကယားပြည်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ ‌ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။