Home သတင်း မြဝတီတွင် အိမ်ရာနှင့် အ‌ဝေး‌ပြေးကားဝင်း စီမံကိန်းတည်‌ဆောက်ရန် KNU တပ်မဟာ (၇) ကုမ္ပဏီ စီစဉ်

မြဝတီတွင် အိမ်ရာနှင့် အ‌ဝေး‌ပြေးကားဝင်း စီမံကိန်းတည်‌ဆောက်ရန် KNU တပ်မဟာ (၇) ကုမ္ပဏီ စီစဉ်

4490

စက်တင်ဘာလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

နယ်စပ်‌ဒေသ ဒုက္ခသည်စခန်းများရှိ ကရင်တိုင်းရင်းသားများ၊ ‌ရွှေ့‌ပြောင်းအလုပ်သမားများ၊ ‌ဒေသခံနှင့် အ‌ခြေခံ ပြည်သူများအတွက် ရည်ရွယ်ပြီး KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) ကုမ္ပဏီတစ်ခုဖြစ်သည့် Stepping Stone Company Limited မှ မြဝတီမြို့တွင် စိမ်းလဲ့မြိုင်စီမံကိန်းအမည်ဖြင့် တန်ဖိုးနည်းအိမ်ရာ တစ်ခု တည်‌ဆောက်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ စီမံကိန်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီ-မဲ‌ဆောက် ချစ်ကြည်‌ရေးတံတားမှ ၄ မိုင်အကွာ အာရှ လမ်းမကြီး‌ဘေးရှိ ‌မြေဧက ၄၈ ဧက‌ပေါ်တွင် ယခုနှစ်ကုန်ပိုင်းမှစတင်ကာ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက် သွားမည်ဟု စီမံကိန်းဖြစ်‌မြောက်‌ရေးအတွက် တာဝန်ယူချိတ်ဆက်‌ပေးသည့် တာဝန်ခံတစ်ဦးဖြစ်သူ ဗိုလ်မို‌ရှေး က ယခုလို ‌ပြောသည်။

“ဒုက္ခသည် စခန်းမှာရှိတဲ့ ကရင်ပြည်သူ‌တွေ ‌နောက်ပြီး လက်လုပ်လက်စားလုပ်တဲ့ပြည်သူ‌တွေ တစ်ခြား‌နေရာ မှာ ငှား‌နေရမယ့်အစား ကိုယ်ပိုင်တိုက်ခန်း‌လေးရှိသွား‌အောင် ဝယ်နိုင်မယ့်‌ဈေးနှုန်းနဲ့ ရည်ရွယ်ပြီးလုပ် တာဖြစ်ပါတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌ကောင်အထည်‌ဖော်မည့် စိမ်းလဲ့မြိုင်စီမံကိန်းတွင် အိမ်ခန်း‌ပေါင်း ၁၀,၀၀ဝ ‌ကျော်နှင့် ‌ဈေး၊ ခန်းမ၊ ‌ကျောင်း ၊ ‌ဆေးရုံ ကျန်းမာ‌ရေးစင်တာ၊ က‌လေးကစားကွင်းနှင့် ပန်းခြံစသည့် အ‌ဆောက်အဦးများပါဝင်မည်ဖြစ်ပြီး အိမ် ရာ အပါအဝင် ယာဉ်သွားလာရပ်နားမှု အဆင်‌ပြေ‌စေရန် အ‌ဝေး‌ပြေးကားဝင်းတစ်ခုကိုလည်း တည်‌ဆောက် သွားမည်ဟုလည်း သိရသည်။

‌ရောင်းချသည့်အိမ်ခန်းများအတွက် လစဉ် ‌ငွေကျပ် တစ်သိန်းဝန်းကျင်မှ စတင်ပြီး နှစ် ၂ဝ အရစ်ကျ ‌ငွေ‌ပေး‌ချေ သည့် စနစ်ဖြင့် ‌ရောင်းချ‌ပေးမည်ဖြစ်ကာ စီမံကိန်း စတင်သည့် ၃ နှစ်မှ ၅ နှစ်အတွင်း ဦးစွာဝယ်ယူထားသူများ အ‌နေဖြင့် တည်‌ဆောက်ပြီးသွား‌သော အခန်းများတွင် အစီအစဉ်လိုက် ဝင်‌ရောက်‌နေထိုင်နိုင်သည်ဟု သိရ သည်။

မကြာမီ စတင်အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌တော့မည့် ယင်းစိမ်းလဲ့မြိုင်စီမံကိန်းမှာ KNU တပ်မဟာ(၇) ရှိ ကုမ္ပဏီများထဲမှ ကရင်ပြည်နယ် အစိုးရ လမ်းညွှန်ခွင့်ပြုချက်ဖြင့် ပထမဦးဆုံးအကြိမ် စတင်‌ဆောင်ရွက်သည့် စီမံကိန်းလည်းဖြစ်သည်။