Home သတင်း မကြာမီ ရက်အတွင်း ဖားအံမြို့ လျှပ်စစ်ဓာတ်အားကို ပြန်လည်‌ပေး‌ဝေသွားမည်

မကြာမီ ရက်အတွင်း ဖားအံမြို့ လျှပ်စစ်ဓာတ်အားကို ပြန်လည်‌ပေး‌ဝေသွားမည်

2651
ဖားအံမြို့မြို့တစ်‌နေရာတွင် အသုံးပြု‌နေသည့် Transformer တစ်ခု-Photo_KIC

စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ် ဖားအံမြို့တွင်း ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ လျှပ်စစ်ဓာတ်အား ပြတ်‌တောက်မှုဖြစ်ပွားခဲ့ သည့်ကိစ္စအ‌ပေါ် မကြာမီရက်ပိုင်းအတွင်း အဆိုပါလျှပ်စစ်ဓာတ်အားကို ပုံမှန်အတိုင်း ပြန်လည်ဖြန့်‌ဝေ သွားနိုင်မည်ဖြစ်‌ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသန်း‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူးက “သထုံစက်ရုံက ၁၀ဝ ‌ကေဗွီ ထရန်စ‌ဖော်မာက ချို့ယွင်းမှုဖြစ်‌နေတယ်။ အဲ့ဒါကို အင်ဂျင်နီယာ‌တွေ၊ အမှုထမ်း‌တွေ၊ လျှပ်စစ်စမ်းသပ်‌ရေး အဖွဲ့‌တွေနဲ့ ပြန်လည်ပြုပြင်မှု‌တွေ ‌ဆောင် ရွက်‌နေတယ်။ ဒီ‌နေ့တစ်ရက်ရယ်၊ မနက်ဖြန်တစ်ရက်ရယ် ကြာအုံးမယ်လို့ ယူဆတယ်။ မနက်ဖြန် ည‌နေ ‌လောက် ဆိုရင် ပြန်‌ပေးနိုင်‌အောင် အတတ်နိုင်ဆုံးကြိုးစား‌နေတယ်”ဟု ယမန်‌နေ့( စက်တင်ဘာ ၂၅)က ‌ပြောသည်။

ယခုလက်ရှိ ထရန်စ‌ဖော်မာ ချို့ယွင်းမှု‌ကြောင့် ပြုပြင်‌ဆောင်ရွက်ချိန် ကာလအတွင်း ၅ မဂ္ဂဝပ်သာ သုံးစွဲရန် ခွင့်ပြုချက်ရရှိထားသည့်အတွက် ဓာတ်အားလိုင်း (Feeder) နှစ်ခုသာ ‌ပေးနိုင်ပြီး ရပ်ကွက် ၉ခုရှိ ဓာတ်အား လိုင်း ၈ ခုအား ၂ ခုစီ နှစ်နာရီခြားလျှင် တစ်ကြိမ် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်‌ပေး‌ဝေသွားမည် ဖြစ် ‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

ဓာတ်အားလိုင်း ၈ ခု ရှိသည့်အနက် အ‌ရေးကြီးသည့် တက္ကသိုလ်စာ‌မေးပွဲ ‌ဖြေဆိုမှုများ၊ ‌ဆေးရုံ၊ ရဲစခန်း၊ အ ကျဉ်းဦးစီး၊ တပ်မ‌တော်၊ ဌာနဆိုင်ရာရုံးများ စသည်တို့အား လုပ်ငန်းလိုအပ်ချက်အရ အချိန်အနည်းငယ် ပို‌ပေးရပြီး ပြည်သူများအတွက် ‌ရေတင်ခြင်း၊ အားသွင်းခြင်းများ ပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ‌ပေး‌ဝေသွားမည်ဟု ဦးသိန်း‌ရွှေက ဆက်လက် ‌ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်‌နေ့တွင် ဖားအံသို့လျှပ်စစ်ဓာတ်အား ဖြန့်‌ဝေ‌ပေး‌နေသည့် သထုံ ၆၆ ‌ကေဗွီလိုင်းမှ ထရန်စ‌ဖော်မာတစ်လုံး ချို့ယွင်းမှုစစ်‌ဆေး‌တွေ့ရှိပြီး‌နောက် ပြန်လည်ပြုပြင်ရန် လိုအပ်သည့် အတွက် လျှပ်စစ်ဓာတ်အား ဖြန့်‌ဝေ‌ပေးမှုအား ‌ခေတ္တရပ်ဆိုင်းထားခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။