Home သတင်း မယ်လအူး ဒုက္ခသည်စခန်းအတွင်း ‌ရေကြီး‌မြေပြို၍ ဒဏ်ရာရ ‌သေဆုံး‌ပျောက်ဆုံးမှုရှိ

မယ်လအူး ဒုက္ခသည်စခန်းအတွင်း ‌ရေကြီး‌မြေပြို၍ ဒဏ်ရာရ ‌သေဆုံး‌ပျောက်ဆုံးမှုရှိ

2957

စက်တင်ဘာ ၁၇ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရီးယန်းမြို့နယ်ရှိ မယ်လအူးဒုက္ခသည် စခန်း၊ အမှတ် (၁) ရပ်ကွက်တွင် ယမန်‌နေ့ ည‌နေပိုင်းက ‌တောင်ကျ‌ချောင်း‌ရေ စီးဆင်းမှု နှင့်အတူ ‌မြေပြိုမှု ဖြစ်ပွားမှု‌ကြောင့် ထိခိုက်ဒဏ်ရာရ ‌သေဆုံး‌ပျောက်ဆုံးမှုများရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ (KRC) မဲ့စရင်းယန်းရုံးမှ ‌စော‌ပွေဒိုက ‌ပြောသည်။

၎င်းက “ အခုရရှိထားတဲ့ စာရင်းအရက‌တော့ တစ်‌ယောက်‌သေတယ်။ ၇ ‌ယောက်‌ပျောက် ဆုံး‌နေတယ်။ ဒဏ်ရာရတာက ၁၁ ‌ယောက်ရှိပါတယ်။ အ‌ဆောက်အဦး ၇ လုံး‌မျှောပါ သွားပြီး ‌မြေကြီး‌အောက်ကို နစ်မြှုပ်သွားတယ်။ အနည်းငယ် ပျက်စီးတဲ့ အိမ်က ၆ လုံးပါ။”ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောသည်။

‌ရေထဲ ‌မျှောပါသွားသည့် အ‌ဆောက်အဦးထဲတွင် လူ‌နေအိမ်များအပြင် NGO ရုံး၊ ဘုရားရှိခိုး‌ကျောင်းနှင့် အစည်းအ‌ဝေးခန်းမများ ပါဝင်ပြီး လတ်တ‌လောတွင် ထိခိုက်ဒဏ်ရသူနှင့် ‌နေအိမ်ပျက်စီးသွားသူများကို စခန်းတာဝန်ရှိသူများမှ ‌နေရာချထား‌ပေး‌ရေးအစီအစဉ်များကို လုပ်‌ဆောင်ထားသည်ဟုလည်း ‌စော‌ပွေဒိုက ဆက်‌ပြောသည်။

ထို့အပြင် ‌ပျောက်ဆုံး‌နေသူများကို ရှာ‌ဖွေရန် သက်ဆိုင်ရာ NGO အဖွဲ့အစည်းများနှင့် ထိုင်း ကယ်ဆယ်‌ရေးအဖွဲ့များလည်း ‌ရောက်ရှိ‌နေကြပြီး ရှာ‌ဖွေလုပ်ငန်း‌ရေးများလုပ် ‌ဆောင်‌နေပြီးဖြစ်သလို ကူညီကယ်ဆယ်‌ရေးလုပ်ငန်းနှင့် ပြန်လည်ထူ‌ထောင်‌ရေး လုပ်ငန်းအတွက် လက်ရှိ KRC နှင့် စခန်းတာဝန်ရှိသူများကလည်း အ‌ရေး‌ပေါ် အစည်းအ‌ဝေး ပြုလုပ်လျက်သည်။

လက်ရှိ လူဦး‌ရေ (၉,ဝဝဝ)‌ကျော် ခိုလှုံ‌နေကြသည့် မယ်လအူး ဒုက္ခသည်စခန်းတွင် ယခင်က ‌ရေကြီး၊ ‌မြေပြိုများ ဖြစ်ပွား‌လေ့ရှိ‌သော်လည်း ယခုလို ဒဏ်ရာရ ‌သေဆုံး‌ပျောက် ဆုံးမှုမှာ အဆိုးရွားဆုံးဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။