စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှု (၁)မှုသာရှိသည်ဟု စက်တင်ဘာလ ၁၃ ရက်နေ့က ဇွဲကပင် ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနားအပြီး ပြည်နယ်ရှိ လူကုန် ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့က ပြောဆိုသည်။
အဆိုပါ လူကုန်ကူးမှု ဖမ်းဆီးရရှိသည့် အခြေအနေနှင့် ပတ်သက်ပြီး အမှတ်(၈) လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေး တပ်ဖွဲ့စုမှူး ရဲမှူး ခင်မောင်ဦးက
“၂၀၁၈ခုနှစ်မှာ တစ်မှုပဲ ကျနော်တို့ ဖမ်းဆီးရမိတယ်။ အချို့လူကုန်ကူး ခံရ တဲ့သူ တွေကတော့ တစ်ဖက်နိုင်ငံကနေပြီး သူတို့ပြန်ရောက်မှ ဒီကသတင်းတွေကို ကျနော်တို့ သိရတယ်။ အ ချိန်ကြန့်ကြာသွားတဲ့အခါမှာ ကျူးလွန်တဲ့သူက တစ်ဖက်နိုင်ငံတိမ်းရှောင်သွားပြီး ဖမ်းမမိတာ မဟုတ်ဘူး။ မိတ ယ်။ အနည်းကျဉ်းလောက်ပဲ။ တချို့က တိုင်ရမယ့်ဟာကို မတိုင်ပဲ ဒီလိုပဲနေခဲ့တဲ့အခါတွေ အမှုကဖော်ထုတ် လို့မရတဲ့ အခါကျတော့ အမှုက မရှိဘူး ပုံစံမျိုးဖြစ်နေတယ်”ဟု မီဒီယာများကို ပြောသည်။
လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ယခုနှစ် ဖော်ထုတ်ဖမ်းဆီးရမိသည့်အမှုမှာ ထိုင်းနိုင်ငံသို့ ပြည့်တန်ဆာအဖြစ် ခိုင်းစားခံရသည့် အမှုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် လူကုန်ကူးမှု (၂) မှုသာရှိ သည်ဟုလည်း ပြည်နယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ထံမှ သိရသည်။
၂၀၁၇နှစ်တွင် ဖမ်းဆီးရမိသည့် လူကုန်ကူးမှု (၂)ခုမှာ မလေးရှားနိုင်ငံသို့ သားမယားအဖြစ် ခေါ်ယူပေါင်းသင်း ခံရမှုနှင့် ထိုင်းနိုင်ငံတွင် ၁ဝနှစ်ကျော်ကြာ လုပ်ခလစာမရသည့် အမျိုးသမီးအမှုတို့ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ ယခုအ ထိ ကရင်ပြည်နယ်တွင် လူကုန်ကူးမှု စုစုပေါင်း ၃ မှုသာရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကရင်ပြည်နယ်အတွင်းနှစ်စဉ် နည်းလမ်းအမျိုးမျိုးဖြင့် လူကုန်ကူး မှုနှင့် လူကုန်ကူးခံရမှုများရှိနေသော်လည်း အမှုဖွင့်တိုင်ကြားသူ နည်းပါးနေသေးသည့်အတွက် လက်ရှိ အသိ ပ ညာပေးရေး လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်နေရကြောင်းလည်း ပြည်နယ် လူကုန်ကူးတားဆီးနှိမ်နင်းရေး အဖွဲ့က ပြောဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါလူကုန်ကူး ခံရခြင်းနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်ကိန်းဂဏန်းအရ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှား စသည့်နိုင်ငံများတွင် လူကုန်ကူးမှုဦးတည်ဖြစ်ပွားနေပြီး တရုတ်နိုင်ငံသို့ ၇၄.၃၄ရာခိုင် နှုန်း၊ ထိုင်းနိုင်ငံသို့ ၄.၃၇ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသို့ ဝ.၂၉ရာခိုင်နှုန်း စသည်ဖြင့် လူကုန်ကူးမှုဖြစ်ပွား ခဲ့ ကြောင်း သိရသည်။
ထို့အပြင် ပြည်တွင်းလူကုန်ကူးမှုတွင် ၂၁.၂၈ ရာခိုင်နှုန်းဖြစ်ပွားလျက်ရှိကာ လူကုန်ကူးခံရသည့် အမှုများသည် အလုပ်လုပ် ကိုင်ရာကတစ်ဆင့် လူကုန်ကူးခံရခြင်း၊ အဓမ္မထိမ်းမြှားခြင်းအပြင် ၂၀၁၈ ခုနှစ်တွင် အငှားကိုယ်ဝန် ဆောင်ပုံစံဖြင့်လည်း ဖြစ်ပွားနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်မှုများအရ သိရသည်။