Home သတင်း အစိုးရအ‌နေဖြင့် တိုင်းရင်းသား စာ‌ပေသင်ကြားမှုကို ထိထိ‌ရောက်‌ရောက်လုပ်‌ဆောင်‌ပေးရန် လိုအပ်

အစိုးရအ‌နေဖြင့် တိုင်းရင်းသား စာ‌ပေသင်ကြားမှုကို ထိထိ‌ရောက်‌ရောက်လုပ်‌ဆောင်‌ပေးရန် လိုအပ်

2688

ဧပြီလ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

အစိုးရအ‌နေဖြင့် တိုင်းရင်းသား စာ‌ပေ၊ ဘာသာစကား သင်ကြားမှုနှင့် ပတ်သက်ပြီး ပါဝင်လုပ်‌ဆောင်‌ပေးမှုများ အားနည်း‌နေသဖြင့် ထိထိ‌ရောက်‌ရောက်လုပ်‌ဆောင်‌ပေးရန်လိုအပ်‌ကြောင်း ယ‌နေ့ (ဧပြီ ၂၈) ကျင်းပသည့် ဆဋ္ဌမအကြိမ်‌မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသားစာ‌ပေအ‌ရေးလှုပ်ရှားသူများက ‌ပြောသည်။

အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းမီဒီယာညီလာခံ တက်‌ရောက်လာကြသည့် စာ‌ပေယဉ်‌ကျေးမှု ကိုယ်စားလှယ်များက ညီလာခံ ဒုတိယ‌နေ့ အစီအစဉ်အရ ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကား၊ စာ‌ပေ၊ မီဒီယာအ‌ရေး စကားဝိုင်း ‌ဆွေး‌နွေး ‌ပြောဆိုမှုများအပြီး ယခုလို‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေးနဲ့ပတ်သက်လို့ အစိုးရက ၂၀၁၃-၁၄မှာ ခွင့်ပြုတယ်ထင်ပါတယ်။ ဆရာ၊ ဆရာမလည်းမရှိဘူး။ ကျ‌နော်တို့‌တောင်မှ သူများဆီကသတင်းအချက်အလက်ယူပြီး ကြိုးစားပမ်းစား နဲ့စတင်သင်ခဲ့ရ တယ်။ တစ်ချို့‌ကျောင်းအုပ်‌တွေကလည်း ဒီဟာကိုအာရုံမရှိဘူး။ အဲဒီ‌တော့ ပညာ‌ရေးဌာန သို့မဟုတ် အစိုးရအ‌နေနဲ့ တိုင်းရင်းသားစာ‌ပေသင်ကြားမှုကို တကယ်ပဲအာရုံစူးစိုက်မှုရှိပါရဲ့လား၊ တကယ်လို့သာ အာရုံ‌ရောက်တယ်ဆိုရင် ပညာ‌ရေးဌာနက‌နေပြီး‌တော့ အဆင့်ဆင့် တိကျတဲ့သတင်း‌ပေးညွှန်ကြား ချက်ရှိရမယ်”ဟု ပြည်နယ် ကရင်စာ‌ပေယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်းမှ ဥက္ကဌ ‌စော‌အေးမြက ‌ပြောသည်။

ယခုလက်ရှိ တိုင်းရင်းသားများတွင် မျိုးနွယ်စုအလိုက် စာ‌ပေအမျိုးမျိုးကွဲပြားခြင်းအပြင် ဆရာ/ဆရာမဦး‌ရေ လုံ‌လောက်မှုမရှိခြင်း ၊ မိမိတို့စာ‌ပေနှင့်ပတ်သက်သည့် ကျွမ်းကျင်မှုအားနည်းခြင်း ၊ အစိုးရမှ တိုင်းရင်းသား စာ‌ပေသင်ကြားသည့် ဆရာ၊ ဆရာမများ၏ လစာကို ပြည့်ပြည့်ဝဝထာက်ပံ့မှု မ‌ပေးနိုင်‌သေးခြင်း ၊ သင်ရိုးညွှန်း တမ်းစာအုပ်များ လုံ‌လောက်စွာ မရရှိခြင်း ၊ ‌ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားရခြင်း စသည့်အ‌ခြေအ‌နေများ ကြုံ‌တွေ့‌နေရဆဲဖြစ်သည်ဟု တိုင်းရင်းသားစာ‌ပေအ‌ရေးလှုပ်ရှားသူများထံမှ သိရသည်။

သျှမ်း(ရှမ်း)တိုင်းရင်းသား စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီမှ နန်းနွမ်းမိုက “ တိုင်းရင်းသားစာ‌ပေ‌တွေက နှစ်‌ပေါင်း ဆယ်ချီပြီး ပိတ်ပင်ခံထားရတယ် ။ လွတ်လပ်စွာသင်ကြားခွင့်‌တွေ မရခဲ့ဘူး။ အဲဒါ‌ကြောင့် စာ‌ပေအ‌နေနဲ့ မသိကြ‌တော့ဘူး ။ ကိုယ့် စာ‌ပေ‌တွေကို ပိုပြီးကျွမ်းကျွမ်းကျင်ကျင်တတ်‌မြောက်ဖို့ အစိုးရအ‌နေနဲ့ လိုအပ်တဲ့ အ‌ထောက်အပံ့‌ကောင်း‌တွေကို ကူညီ‌ပေးမှဘဲ အ‌ကောင်အထည်‌ဖော်နိုင်မယ် ”ဟု‌ပြောသည်။

အစိုးရအ‌နေဖြင့် တိုင်းရင်းသားစာ‌ပေ ဘာသာစကားကို မြှင့်တင်ရန်နှင့် ‌ပျောက်ကွယ်မသွား‌စေရန် တက်နိုင်သမျှ ဝိုင်းဝန်း‌ဆောက်ရွက်‌ပေးခြင်း၊ ဘာသာရပ်သင် ဆရာ/ဆရာမများအား အစိုးရ ဝန်ထမ်းများနည်းတူ တန်းတူညီမျှ လစာ‌ပေးခြင်းဖြင့် တိုင်းရင်းသားစာ‌ပေ ဘာသာစကားများပို၍တိုးတက်လာနိုင်မည်ဖြစ်‌ကြောင်း တိုင်းရင်းသားစာ‌ပေအ‌ရေး လှုပ်ရှားသူများက အကြံပြု‌ပြောကြားသည်။

ဆဋ္ဌမအကြိမ်‌မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံ ဒုတိယ‌နေ့တွင် ပြည်နယ်အသီးသီးရှိ လူမျိုးစုများ၏ စာ‌ပေ၊ ဘာသာ စကား အ‌ခြေအ‌နေများ၊ တိုင်းရင်းသားမီဒီယာ၏ အခန်းကဏ္ဍနှင့် တိုင်းရင်းဘာသာစကား၊ စာ‌ပေ ၊ ယဉ်‌ကျေးမှု မြှင့်တင် ခြင်းများဆိုင်ရာ အကြံပြုချက်များအပါအဝင် သတင်းရယူခွင့်အ‌ခြေအ‌နေများးကိုလည်း ထည့်သွင်း‌ဆွေး‌နွေး ခဲ့ကြသည်ဟု သိရသည်။