Home သတင်း တိုင်းရင်းမီဒီယာညီလာခံမှ တိုင်းရင်းမီဒီယာ မူဝါဒ‌ရေးဆွဲ‌ရေး‌ကော်မတီ တစ်ရပ်ဖွဲ့စည်း

တိုင်းရင်းမီဒီယာညီလာခံမှ တိုင်းရင်းမီဒီယာ မူဝါဒ‌ရေးဆွဲ‌ရေး‌ကော်မတီ တစ်ရပ်ဖွဲ့စည်း

2579

ဧပြီလ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

တိုင်းရင်းသားမီဒီယာများ ‌ရေရှည်တည်တံ့ ခိုင်မြဲ‌စေရန်အတွက် တိုင်းရင်းမီဒီယာ မူဝါဒကို ‌ရေးဆွဲမည့် ‌ကော်မတီတစ်ရပ်ကို ဆဋ္ဌမ အကြိမ်‌မြောက် တိုင်းရင်းမီဒီယာ ညီလာခံတွင် ဖွဲ့စည်းလိုက်သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ဧပြီလ ၂၇ ရက်မှ ၂၉ ရက်‌နေ့အထိ “တိုင်းရင်းမီဒီယာ ‌ရေရှည် တည်တံ့‌ရေး မီဒီယာဆိုင်ရာ အသိမြှင့်တင်‌ပေး ”‌ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ဆဋ္ဌမ အကြိမ်‌မြောက် တိုင်းရင်းသားမီဒီယာညီလာခံတွင် ယခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု နိရဉ်စရာသတင်းဌာန အယ်ဒီယာချုပ် ဦးခိုင်မြတ်‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“များ‌သောအားဖြင့် တိုင်းရင်းမီဒီယာ‌တွေမှာ ‌ဈေးကွက်မရှိဘူး။ ‌ကြေငြာလည်း မရဘူးဆို‌တော့ ‌ရေရှည်ရှင်သန်နိုင်ဖို့ အခက် အခဲ အများကြီးရှိတယ် ။ အစိုးရဆီက အကူအညီ ‌ထောက်ပံ့မှုမရဘူးဆိုရင် ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး ။ အစိုးရ အ‌နေနဲ့ တိုင်းရင်းသား မီဒီယာ‌တွေ ဖွံ့ဖြိုးဖို့ တကယ့် မူဝါဒ‌တွေ ‌ရေးဆွဲပြီး‌တော့ သတ်သတ်မှတ်မှတ် လုပ်‌ဆောင်‌ပေးဖို့ လိုအပ်တယ် ။ ဒါ‌ကြောင့် တိုင်းရင်းမီဒီယာ မူဝါဒ ‌ရေးဆွဲဖို့ ကြိုးစားလုပ်‌ဆောင်‌နေကြတာဖြစ်တယ် ”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ညီလာခံတွင်လည်း မူဝါဒ ‌ပေါ်‌ပေါက်လာ‌ရေးနှင့် စနစ်တကျ ‌ရေးဆွဲနိုင်‌ရေးအတွက် အချက်အလက်များကို စု‌ဆောင်း‌နေပြီး ကြိုးစား‌ဆောင်ရွက်‌နေသည့်အတွက် မကြာမီ အချိန်အတွင်း ‌ကော်မတီအဖွဲ့ နှင့် မူဝါဒများ ‌ပေါ်‌ပေါက်လာမည်ဟုလည်း ‌မျှော်လင့်‌ကြောင်း ဦးခိုင်မြတ်‌ကျော်က ဆက်‌ပြောသည်။

တိုင်းရင်းမီဒီယာ မူဝါဒ‌ရေးဆွဲရန်အတွက် BNI အဖွဲ့ဝင် တိုင်းရင်းသားသတင်းဌာနများဖြစ်သည့် ပြည်နယ် အ‌ခြေစိုက် တိုင်းရင်းသား မီဒီယာသမားများ၊ ပညာရှင်များအပါအဝင် ‌ကော်မတီအဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းပြီး ‌ရှေ့လုပ်ငန်းစဉ်များကို ပူး‌ပေါင်း‌ဆောင်ရွက် အ‌ကောင်အထည်‌ဖော်သွားရန်ရှိ‌ကြောင်းလည်း သိရသည်။

တိုင်းရင်းသားသတင်းမီဒီယာများလိုလား‌နေသည့် တိုင်းရင်းမိဒီယာ မူဝါဒတွင် မူဝါဒဆိုင်ရာ ပြဌာန်းချက် ၊ မူဝါဒအား စီမံခန့်ခွဲအ‌ကောင်အထည်‌ဖော်ခြင်း၊ တိုင်းရင်းသား မီဒီယာများအား အသိအမှတ်ပြု‌ပေးခြင်း၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ မိခင်စာ‌ပေ/ဘာသာစကား အ‌ခြေပြု မီဒီယာ၊ တိုင်းရင်းသား သတင်းသမားများ/အမျိုးသမီး သတင်း‌ထောက်များ၏ လုံခြုံ‌ရေး၊ မီဒီယာကျင့်ဝတ် ၊ တိုင်းရင်းသား မီဒီယာ ‌ရေရှည်ရပ်တည်‌ရေး စသည့်အ‌ကြောင်းအရာများ ပါဝင် မည်ဖြစ်‌ကြောင်း သိရသည်။

မြစ်ကြီးနားဂျာနယ် အယ်ဒီတာချုပ် ဆိုင်းမိုင်က “တိုင်းရင်းမီဒီယာ မူဝါဒ‌ရေးဆွဲနိုင်မယ်ဆိုရင် အရမ်းအားနည်း‌နေတဲ့ အမျိုးသမီးအခန်းကဏ္ဍ‌တွေ ၊ လုံခြုံ‌ရေး‌တွေ ၊ ‌ဆောင်ရန်‌ရှောင်ရန်အချက်‌တွေ အခွင့်အ‌ရေး‌တွေ ပိုပြီးပါဝင်လာနိုင်မယ်။ အမျိုးသမီး သတင်း‌ထောက် ဦး‌ရေပိုများလာနိုင်တဲ့ အတွက် အမျိုးသမီးအသံ‌တွေလည်း ပိုပါလာနိုင်တယ်” ဟု သုံးသပ် ‌ပြောဆိုသည်။

သုံးရက်တာကျင်းပသည့် ညီလာခံတွင် တိုင်းရင်းမီဒီယာများ ‌ရေရှည်ရှင်သန်ရပ်တည်နိုင်‌ရေး၊ တိုင်းရင်းမီဒီယာ တွင် အ ရည်းအ‌သွေးပြည့် အမျိုးသမီးသတင်း‌ထောက် အ‌ရေအတွက်တိုးပွားလာ‌ရေး၊ တိုင်းရင်းသားစာ‌ပေ သင်ကြားခွင့်တိုး တက်လာ‌ရေး၊ အစိုးရဌာနများမှ သတင်းရယူခွင့်တ‌ပြေးညီရရှိ‌ရေး၊ သတင်းသမားများလုံခြုံ‌ရေးနှင့် ကာကွယ်မြှင့်တင်နိုင်‌ရေး စသည့်အ‌ကြောင်းအရာများကို အကြုံပြု‌ဆွေး‌နွေးခဲ့ကြသည်။

ညီလာခံတွင် တိုင်းရင်းသားမီဒီယာ မူဝါဒဖြစ်‌ပေါ်လာ‌ရေးအပြင် တိုင်းရင်းသားသတင်းမီဒီယာသင်တန်း‌ကျောင်း တည် ‌ထောင်ရန်၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုဖြစ်စဉ်များအား လူထုပိုမိုသိရှိနိုင်‌ရေးအတွက် တိကျမှန်ကန်ပြည့်စုံ‌သော သတင်းထုတ်လုပ်မှုများကို တိုးမြှင့်သွားမည် စသည့်ဆုံးဖြတ် ချက်များကိုလည်း ချမှတ်နိုင်ခဲ့‌ကြောင်း သိရသည်။

၎င်းအပြင် တိုင်းရင်းသား‌ဒေသများတွင် မီဒီယာဆိုင်ရာ အသိပညာမြှင့်တင်‌ရေးနှင့် အရည်အ‌သွေးပြည့်ဝ‌သော တိုင်းရင်းသားသတင်းသမားများ ပိုမို‌ပေါ်ထွန်းလာ‌ရေးအတွက် နိုင်ငံ‌တော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆက်လက်ကူညီ‌ဆောင်ရွက်‌ပေးရန်၊ ဖမ်းဆီးခံ သတင်းသမားများအား အမြန်ဆုံးပြန်လွှတ်‌ပေးရန်စသည့်အချက်များ အပါအဝင် ‌တောင်းဆိုချက် ၄ ချက်ကိုလည်း ညီလာခံမှ ‌တောင်းဆိုခဲ့ကြသည်။

တိုင်းရင်း မီဒီယာညီလာခံကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မွန်ပြည်နယ် ‌မော်လမြိုင်မှစတင်ကာ ‌တောင်ကြီး၊ ဟားခါး၊ ‌မြောက်ဦး၊ လွိုင်‌ကော် စသည့်မြို့များတွင် နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ဆဌမ အကြိမ်‌မြောက်ကို ယခု ကရင်ပြည်နယ် ဖားအံမြို့တွင် ကျင်းပခဲ့ပြီးဖြစ်ရာ သတ္တမအကြိမ်‌မြောက်ကို ကချင်ပြည်နယ်တွင် ကျင်းပသွားမည်ဖြစ်သည်။