Home သတင်း နိုင်ငံလုံးဆိုင်ရာ CSO ဖိုရမ် တက်‌ရောက်မည့် အမျိုးသမီးကိုယ်စားလှယ်များတွင် ကရင်အများဆုံးပါဝင်

နိုင်ငံလုံးဆိုင်ရာ CSO ဖိုရမ် တက်‌ရောက်မည့် အမျိုးသမီးကိုယ်စားလှယ်များတွင် ကရင်အများဆုံးပါဝင်

2026

‌ဖေ‌ဖော်ဝါရီ ၂ဝ ရက် ၊ ၂၀၁၇ခုနှစ် ။ ‌စောညွန့်‌သောင်း

‌နေပြည်‌တော်တွင် မကြာမီကျင်းပပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်း-CSO ဖိုရမ်တွင် တက်‌ရောက် မည့် မွန်၊ ကရင်နှင့် တနသင်္ာရီတို့မှ အမျိုးသမီးကိုယ်စားလှယ်များတွင် ကရင်ပြည်နယ်မှ အများဆုံးဖြစ်သည်ဟုု ကရင် အရပ်ဘက်အဖွဲ့များက ‌ပြောဆိုသည်။

အဆိုပါ ဖိုရမ်သည် မြန်မာပြည်‌တောင်ပိုင်းမှ တက်‌ရောက်မည့် မွန်ပြည်နယ်မှ ကိုယ်စားလှယ် ၃၆ ဦးတွင် အမျိုးသမီး ၉ ဦး၊ တနသင်္ာရီမှ ကိုယ်စားလှယ် ၃၃ ဦတွင် အမျိုးသမီး ၆ ဦး အထိသာ ပါဝင်တက်‌ရောက်မှာဖြစ်ပြီး ကရင်ပြည်နယ်မှ ကိုယ်စားလှယ် ၃၄ ဦးတွင် အမျိုးသမီး ၁၂ ဦး ပါဝင်သဖြင့် ကရင်ပြည်နယ်မှ အမျိုးသမီးကိုယ်စားလှယ်အများစု ပါဝင် တက်‌ရောက်မည်ဟု အရပ်ဘက်အဖွဲ့မှ ‌စော‌ကျော်စွာက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ CSO မှာ‌တော့ အမျိုးသမီးတန်းတူညီမျှမှုကို သတိထားပြီးလုပ်‌ဆောင်တယ်။ အမျိုးသမီး ‌တွေမချန်ထားပါဘူး။ ကရင်ပြည်နယ်ထဲမှာ ‌တော်‌တော်များများက‌တော့ အမျိုးသမီး‌တွေ စွမ်း‌ဆောင်နိုင်မှုရှိကြတယ်။ မွန်၊ ကရင်၊ တနသင်္ာရီ‌တွေထဲမှ ကရင်က အမျိုးသမီးပါဝင်မှုအများဆုံးကို‌တွေ့ရပါတယ်”ဟု ‌စော‌ကျော်စွာက ‌ပြောသည်။

ကရင်ပြည်နယ်သည် လွန်ခဲ့သည့် စစ်ပွဲပဋိပက္ခအချိန်တွင် ကရင်အမျိုးသားများက ‌ပေါ်တာဆွဲခြင်းကို ခံကြရ၍ စစ်ပွဲတွင် ‌သေဆုံးကြရပြီး အမျိုးသမီးအများစုသည်လည်း စစ်ဖြစ်ရာ၌ ထိခိုက်နစ်နာမှု အများဆုံး ခံစားကြရ‌သော‌ကြောင့် ငြိမ်းချမ်း ‌ရေးတွင် ယခုလို အမျိုးသမီးများ ပိုမိုပါဝင်လာရခြင်းဖြစ်နိုင်သည်ဟု အမျိုးသမီး ဖိုရမ်တက်‌ရောက်ပါဝင်မည့်သူ Initiatives Network မှ နန်းတင်တင်လှိုင်က ‌ပြောသည်။

သူမက “အမျိုးသမီး‌တွေ များများပါလာ‌တော့ အမျိုးသမီး အခွင့်အ‌ရေးပိုပြီး‌တော့ ‌ပြောဆိုလာနိုင်မယ်။ ကျမတို့က တိုင်းရင်းသား‌ဒေသမှာ စစ်ဖြစ်တာများ‌တော့ အများအားဖြင့် ထိခို်က်နစ်နာတာ အမျိုးသမီးပဲဖြစ်တယ်” ဟု ‌ပြောသည်။

ယင်း CSO ဖိုရမ်တွင် တက်‌ရောက်မည့် ကရင်ပြည်နယ်အတွင်းရှိ မြို့ ၇ မြို့တွင် မြဝတီမြို့မှလွဲပြီး အခြားကျန်မြို့ များဖြစ် သည့် ဖားအံ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံ‌တောင်ကြီး၊ ဖာပွန်နှင့် လှိုင်းဘွဲမြို့တို့တွင် မြို့နယ်အလိုက် အဖွဲ့‌ခေါင်း ‌ဆောင်အဖြစ် အမျိုးသမီးကိုယ်စားလှယ်များအား ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်ဟု ကရင်ပြည်နယ် အရပ်ဘက် လူ မှုအဖွဲ့ အစည်းများကွန်ရက်-KSCNမှ ‌ပြောဆိုသည်။

ကရင်ပြည်နယ်မှ အမျိုးသမီးများသည် အစဉ်အလာအားဖြင့် ကဏ္ဍစုံတွင် အမျိုးသားများနှင့်အတူ အတိုင်းအတာ တစ်ခုအ ထိ ပါဝင်ပူး‌ပေါင်းမှုရှိခဲ့ကြပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC-S) ၁၅ ဦး ‌ကော်မတီလည်း အမျိုးသမီး ၂ ဦးပါပြီး တနသင်္ာရီတိုင်း‌ဒေသကြီးမှာ ၁
ဦးသာပါဝင်သည်ဟု ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ အရပ်ဘက်ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC-S )ဖွဲ့မှ နန်း‌စေအွာက ‌ပြောသည်။
မြန်မာ့ငြိမ်းချမ်းဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှုမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတိ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော် ‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ -UPWCတွင် ၅၂ ဦးရှိရာ အမျိုးသမီးပါဝင်မှု ၂ ဦးသာ ရှိသည်။

ထို့‌နောက် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ-UPDJC တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၄၈ ဦးပါ ဝင်ရာ၌ အမျိုးသမီးပါဝင်မှုသည် ၃ ဦးသာရှိ၍ စီ‌ဒေါ(CEDAW) အချိုးကျ စနစ်ပါဝင်ရမည့် အမျိုးသမီးအ‌ရေတွက် ပြည့်မီရန် လိုအပ်‌နေသည်ဟု မြန်မာနိုင်ငံရှိ အမျိုးသမီးများ ငြိမ်းချမ်း‌ရေးနှင့် လုံခြုံ‌ရေးမူဝါဒများ အ‌ခြေအ‌နေ‌လေ့လာသုံးသပ်ချက်နှင့် အကြံပြုချက်များ Alliance for Gender Inclusion in the Peace Process 2015 စာတမ်းတွင် ‌ဖော်ပြထားသည်။