Home သတင်း မိမိဆန္ဒအ‌လျောက်‌နေရပ်ပြန်မည့် ဒုက္ခသည်များအတွက် ကူညီရန် ‌ကော်မတီတစ်ရပ် ဖွဲ့စည်း

မိမိဆန္ဒအ‌လျောက်‌နေရပ်ပြန်မည့် ဒုက္ခသည်များအတွက် ကူညီရန် ‌ကော်မတီတစ်ရပ် ဖွဲ့စည်း

1803

‌ဖေ‌ဖော်ဝါရီ ၉ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ‌နေရပ်ပြန်လည် အ‌ခြေချ‌နေထိုင်ရာတွင် အ ‌ထောက် အကူ‌ပေးမည့် Committee for Refugee Return (CRR) ‌ကော်မတီတစ်ရပ်ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နှင့် ကရင်ဒုက္ခသည် ‌ကော်မတီ -KRC အပါအဝင် အခြား‌သော ဒုက္ခသည်အကူအညီ‌ပေး‌ရေးအဖွဲ့များဖြင့် ဖွဲ့စည်း လိုက် ‌ကြောင်းသိရသည်။

အဆိုပါ ‌ကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်‌နေ့က ဖွဲ့လိုက်ခြင်းဖြစ်ပြီး ယင်း‌ကော်မတီမှာ မိမိဆန္ဒအ‌လျောက်‌နေရပ်ပြန်လိုသည့် ဒုက္ခသည်များအတွက် လမ်းညွှန်မှုများ‌ပေးနိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ် ‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ -KRC အတွင်း‌ရေးမှူး ‌စောပွယ်‌စေးက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အခု ဖွဲ့လိုက်တဲ့‌ကော်မတီက ဒုက္ခသည်အကုန်လုံးကို ပြန်ဖို့အတွက် ဖွဲ့တာ မဟုတ်ပါဘူး။ ပြန် ချင်တဲ့သူ ‌တွေအတွက်ပဲ နိုင်ငံတကာစံညွှန်း‌တွေနဲ့အညီ ပြီး‌တော့ သူတို့ဆန္ဒနဲ့အညီပြန်နိုင်‌အောင် လိုအပ်မယ့်အရာ‌တွေကို ဦးစား‌ပေးတဲ့အ‌နေနဲ့လမ်းညွန်မှု‌ပေးဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ ‌ကော်မတီဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်း‌ကော်မတီတွင် ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်-KNU ၊ ဒုဥက္ကဌ ‌စော‌ရောဘတ်‌ထွေး -KRC ၊ အတွင်း‌ရေးမှူး ‌စောပွယ်‌စေး-KRC၊ တွဲဖက်အတွင်း‌ရေးမှူး -၁ ‌စောဆဲပွယ် -CIDKP၊ တွဲဖက်အတွင်း‌ရေးမှူး -၂ ‌နော်တာမလာ‌စော -KWO အပြင် ကရင် ဒုက္ခသည်စခန်း ၇ ခုမှ တစ်ဦးစီနှင့် KNU ခရိုင် ၇ ခုမှ တစ်ဦးစီပါဝင်သည့် အဖွဲ့ဝင်များ ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်‌ကြောင်း သိရ သည်။

ထို့အပြင် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လုံခြုံ‌ရေး၊ လူမှု‌ရေး၊ အသက်‌မွေးဝမ်း‌ကျောင်းနှင့် ‌လေ့လာ‌စောင့်ကြည့်‌ရေး စသည့် လုပ်ငန်း‌ဆောင်ရွက်မှုများအတွက် ဆပ်‌ကော်မတီ ၇ ခုအထိ ဖွဲ့စည်းထားပြီး CRR မှ ‌နေရပ်ပြန်မည့် ဒုက္ခသည်များ၏ အိမ်‌ထောင်စုစာရင်းဇယား၊ ပြန်မည့်‌နေရာ ‌ဒေသနှင့်‌ဒေသခံ လူထုအ‌ခြေအ‌နေများအား ‌လေ့လာအစီရင်ခံ ‌ဆောင်ရွက်‌ပေးမည့်လုပ်ငန်းများပါဝင်မည် ဖြစ်သည်။

‌ကော်မတီဖွဲ့စည်းလိုက်သည့်အ‌ပေါ် အုန်းဖျန် ဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက “ကျ‌နော့်တစ်‌ယောက်ဆန္ဒအရက‌တော့ တစ်‌ယောက်တစ်ကွဲစီပြန်တဲ့ အ‌နေအထားမျိုးကို‌တော့ သ‌ဘော မကျဘူး။ ဒါ‌ပေမဲ့ ပြန်ချင်သူ‌တွေကိုလည်း ဒါက သူတို့အ ခွင့်အ‌ရေးဆို‌တော့ ကန့်ကွက်လို့ မရဘူး‌ပေါ့။ ကျ‌နော်က‌တော့ အခုဖွဲ့စည်းထားတဲ့ ‌ကော်မတီ‌အောက်မှာပဲ စုစုစည်းစည်းပြန် ချင်တယ်။ ဒီ‌ကော်မတီအ‌နေနဲ့ကလည်း တကယ့်ဒုက္ခသည်‌တွေရဲ့လိုလားချက်ကို အ‌ကောင်အထည်‌ဖော်‌ပေးမယ်လို့လည်း ထင်ပါတယ်”ဟု ‌ပြောသည်။

အလားတူ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR နှင့် IOM တို့မှ ‌နေရပ်ပြန်လိုသည့် ဒုက္ခ သည် များအတွက် အကူအညီ‌ပေးမည့် ဆန္ဒအ‌လျောက် ဌာ‌နေပြန်သွား‌ရေးအကျိုး‌ဆောင်ဌာန -VRC ရုံးကို အုန်းဖျန်ဒုက္ခသည် စခန်းတွင် ဖွင့်လှစ်ထားပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခု စလုံးတွင် ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း လည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ မြန်မာအစိုးရနှင့် ‌ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲ‌ရေးပြီး‌နောက်ပိုင်း ယ‌နေ့ ငြိမ်ချမ်း ‌ရေး ‌ဖော်‌ဆောင်‌နေစဉ်ကာလအတွင်း ထိုင်းအစိုးရနှင့် UNHCR တို့၏ ‌နေရပ်ပြန်လည်ပို့‌ဆောင် နိုင်‌ရေး အစီအစဉ်များမှာ သိသာစွာ ဖြစ်‌ပေါ်လာ‌နေ‌ကြောင်းလည်း ဒုက္ခသည်စခန်းများမှ တာဝန်ရှိသူများက သုံးသပ်‌ပြောဆို ‌နေကြသည်။

ယင်းအစီအစဉ်များအရ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် နှစ်‌ပေါင်းများစွာခိုလှုံခဲ့ သည့် ဒုက္ခသည် မိသားစု ၁၉ စုမှာ ၎င်းတို့ဆန္ဒနှင့်အညီ နှစ်နိုင်ငံအစိုးရနှင့် UNHCR တို့၏အစီအစဉ်ဖြင့် ၂၀၁၆ ခုနှစ် ‌အောက် တိုဘာလ ၂၆ ရက်‌နေ့တွင် ပထမဆုံးအသုတ်အဖြစ် ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်‌ပေးမှုများရှိခဲ့သည်။