Home သတင်း ကရင်ကိုယ်‌တော်‌လေး ဖိုးတ‌ခေတ်၏ ၂၃ကြိမ်‌မြောက် ‌မွေး‌နေ့ပွဲ‌တော် ရက်သတ္တပတ်‌ကျော်ကြာ ကျင်းပမည်

ကရင်ကိုယ်‌တော်‌လေး ဖိုးတ‌ခေတ်၏ ၂၃ကြိမ်‌မြောက် ‌မွေး‌နေ့ပွဲ‌တော် ရက်သတ္တပတ်‌ကျော်ကြာ ကျင်းပမည်

3546

ဒီဇင်ဘာလ ၉ရက်၊ ၂၀၁၆ ခုနှစ်။ က‌ဆောဝါး

ကရင့်ရိုးရာယဉ်‌ကျေးမှု အစဉ်အလာ ဓ‌လေ့စရိုက်များနှင့်အညီ ထိန်းသိမ်း‌နေထိုင်သူဟု ‌ဒေသတွင်း ထင်ရှားသူ တစ်ဦးဖြစ် သည့် ကရင့်ကိုယ်‌တော်‌လေး ဖိုးတ‌ခေတ်၏ ၂၃ ကြိမ်‌မြောက်(၃၉)နှစ်ပြည့် ‌မွေး‌နေ့ မဂင်္လာပွဲ‌တော်နှင့် ‌နေလဘုရား အ‌နေ ကဇာတင်ပွဲ‌တော်ကို ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ဂျိုင်း‌ကျေးရွာအုပ်စု၊ ရိုးမဟာကုန်းတွင် ဒီဇင်ဘာ ၇ရက်မှ စတင်ကာ ရက်သတ္တပတ်‌ကျော်ကြာ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ကရင်အမျိုးသား‌ကျေးရွာဟု ‌ခေါ်တွင်သည့် ရိုးမဟာကုန်းတွင် ‌နေထိုင်သူ ကရင့်ကိုယ်‌တော်‌လေး ဖိုးတ‌ခေတ်(ခ) ‌စော‌ကျော်လှသန်း၏ ‌မွေး‌နေ့ပွဲ‌တော်ကို ဆရာ‌တော်ကြီးများ၏ ဩဝါဒခံယူကာ ‌ဒေသတွင်းထူးခြားစွာ နှစ်စဉ် ကျင်းပမြဲဖြစ်ပြီး ယခုနှစ်တွင် ဖိုးတ‌ခေတ်နှင့်တပည့်သာဝကများ စု‌ပေါင်းတည်ထား‌သော ‌နေလဘုရား ရုပ်ပွား ‌တော်ကြီး အ‌နေကဇာတင်ပွဲနှင့်ပါ တစ်ဆက်တည်း ကျင်းပမည်ဖြစ်သည်။

ဖိုးတ‌ခေတ်၏ တပည့်တစ်ဦးဖြစ်သူ ဖိုး‌ကျော်အဲ့က “နှစ်စဉ် ရိုးရာ ထမုတ်ဆွမ်းကပ်ဖို့ အဓိဋ္ဌာန်ထားတာနဲ့ အဖိုး အဖြစ်သတ်မှတ်ပူ‌ဇော်ဖို့ ‌ရှေးလူကြီး‌တွေ သတ်မှတ်ထားတဲ့ အချိန်အခါကို ယူပြီး နှစ်စဉ်‌မွေး‌နေ့ပွဲ‌တွေကို ကျင်း ပ‌နေတာဖြစ်ပါတယ်။ ဖိုးတ‌ခေတ်ကို ဒီ‌ဒေသ အပြင်မှာ‌တော့ ပုံစံအမျိုးမျိုး‌တော့ မြင်ကြ‌ပြောကြတာ‌တော့ရှိ တယ်။ ကရင့်ရိုးရာဓ‌လေ့‌တွေ ထိန်းသိမ်းပြီး ဘယ်လို‌နေထိုင်ကြတယ်ဆိုတာ ပွဲ‌တော်ရက်‌တွေတင်မက တခြားအချိန်‌တွေလည်း လာ‌ရောက် ‌လေ့လာ‌စေချင်ပါတယ်”ဟု ‌ပြောသည်။

၎င်းအပြင်‌မွေး‌နေ့ပွဲ‌တော်ကို ကျင်းပရာတွင်အနယ်နယ်အရပ်ရပ်မှလှူဒါန်းသည့်‌ငွေများ၊ နိုင်ငံရပ်ခြား‌ရောက်ရှိ ‌နေကြသည့် ကရင်လူမျိုးတပည့်များ၏လှူဒါန်း‌ငွေ၊ ‌ဒေသတွင်းလှည့်လည်အလှူ ခံရရှိသည့်‌ငွေများ၊ ယုံကြည်သူ များမှလှူဒါန်းသည့်‌ငွေများ၊ ‌ရော်ဘာနှင့်‌ကောက်ပဲသီးနှံ‌ရောင်းရ‌ငွေများဖြင့် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပ ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဖိုးတ‌ခေတ်၏ ‌မွေး‌နေ့ပွဲကို ဒီဇင်ဘာလ ၁၆ရက်‌နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ရိုးရာ ထမုတ်စင်ဆွမ်း‌တော် ကြီးတင်လှူခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဆိတ် ၊ ဆတ်၊ ကျား ၊ နဂါး ၊ မိ‌ချောင်း၊ မကန်း အရုပ်များဖြင့် ‌ဝေါယာဉ် များကို တန်ဆာဆင်ယင်ပြီး ရိုးရာ ထမုတ်စင်ကို လှည့်လည်ပူ‌ဇော်ခြင်း ဆရာ‌တော် သံဃာ‌တော်များ အား လှူဖွယ်များ ဆက်ကပ်လှူဒါန်းပြီး ‌ရေစက်ချ တရား နာယူခြင်းများဖြင့် ကျင်းပမည်ဖြစ်သည်။
ksw-02
ထို့အပြင် တပည့်သာဝက ပရိတ်ဿ တ်များကို ရိုးရာအစဉ်အလာ ယဉ်‌ကျေးမှုများထိန်းသိမ်းကြရန် တရား ‌ဟောကြားခြင်း မီရှူးမီးပန်း၊ မီးပုံးပျံများလွှတ်တင်ခြင်း၊ စတုဒီသာ ‌ကျွေး‌မွေးဧည့်ခံခြင်း၊ ရိုးရာလက်‌ဝှေ့ပွဲများ၊ ‌ဘော လုံးပြိုင်ပွဲများအပြင် က ရင်ဇာတ်သဘင်၊ မြန်မာဇာတ်သဘင် စင် ၄စင်ဖြင့် ညစဉ် ‌ဖျော်‌ဖြေ တင်ဆက်လျှက်ရှိပြီး နတ်‌တော် လပြည့် ၁၄ရက် ‌နေ့တွင် ‌နေလ ဘုရားရုပ်ပွား‌တော်အား အ‌နေကဇာတင်ပွဲ ကျင်းပမည် ဟု သိရ သည်။

ဖိုးတ‌ခေတ်နှင့်အတူ ကရင်အမျိုးသား‌ကျေးရွာတွင် ‌နေထိုင်သူများ၏ ရိုးရာဝတ်စားဆင်ယင်မှု များဖြင့်သာ ‌နေထိုင်သွားလာခြင်း၊ ရာသက်ပန်အရက်‌သေစာ‌သောက်သုံးခြင်းမှ‌ရှောင်ကျဉ်ရခြင်းနှင့် သက်သတ်လွတ်စား သုံးရခြင်း ၊ ရိုးရာ အနုသုခုမ စာ‌ပေတို့ကိုထိန်းသိမ်းကာ စုဖွဲ့‌နေထိုင်မှုများအပြင် ဖိုးတ‌ခေတ်၏ ထူးခြားသည့် ပွဲ‌တော်ကျင်းပမှု၊ ဝတ်စားဆင်ယင်မှုများအ‌ပေါ် အချို့က‌ဝေဖန် ‌ပြောဆိုမှုများရှိ‌နေဆဲပင် ဖြစ်သည်။

‌မွေး‌နေ့အလှူသို့ ကြွ‌ရောက်လာသည့် သာမည‌တောင်မှ ဆရာ‌တော် ဥူး (ဦး)တိ‌လောက“သူတို့ အယူအဆနဲ့ သူ သက်သတ်လွတ်စားတယ်။ ဘုရား‌ဟော အဆုံးအမ‌တွေနဲ့အညီ ‌နေထိုင်တယ်။ ရိုးရာ ကိုထိန်းတယ်။ ဒါ‌ကြောင့်သူ့ သာသနာ နယ်‌မြေမှာ သူ့ရဲ့ကျင့်စဉ်‌တွေ ဓ‌လေ့အယူအဆ‌တွေ မှန်မယ်ဆိုရင် သူလည်း ‌အောင်မြင်ပွင့်ထွန်းလာ မှာ‌ပေါ့။ မမှန်ဘူဆိုရင်လည်း ဆုတ်ယုတ်သွားမှာပါ ”ဟု ဆရာ‌တော်က မိန့်ကြားသည်။

ဖိုးတ‌ခေတ်‌နေထိုင်သည့် အဆိုပါ ကရင်အမျိုးသား‌ကျေးရွာတွင် ယခုအခါ စု‌ပေါင်း‌နေထိုင်သူ အိမ်‌ထောင်စု ၂၀ဝ ဝန်းကျင်ခန့်နှင့် လူဦး‌ရေ စုစု‌ပေါင်း ၇၀၀‌ကျော် ‌နေထိုင်ကြပြီး ‌ရော်ဘာခြံ စိုက်ပျိုးခြင်း၊ ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်ရာသီ‌ပေါ် အသီးအနှံများ စိုက်ပျိုးကာ စု‌ပေါင်း‌နေထိုင်ကြ‌ကြောင်း သိရသည်။