Home သတင်း ‌မြောင်းမြမြို့နယ်အတွင်း ‌ကျောင်းနှစ်‌ကျောင်း ‌ဆောက်လုပ်ခွင့် ကရင်အီကို ကုမ္ပဏီ တင်ဒါ‌အောင်မြင်

‌မြောင်းမြမြို့နယ်အတွင်း ‌ကျောင်းနှစ်‌ကျောင်း ‌ဆောက်လုပ်ခွင့် ကရင်အီကို ကုမ္ပဏီ တင်ဒါ‌အောင်မြင်

2773

နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်၊ စခန်းကြီး‌ကျေးရွာ အ.ထ.က နှင့် ရိုးကူး ‌ကျေးရွာ အ.မ.က ‌ကျောင်း နှစ်‌ကျောင်း‌ဆောက်လုပ်ခွင့်ကို တိုင်း‌ဒေသကြီး အစိုးရထံမှ ကရင်အီကိုကုမ္ပဏီ(Karen Eco Co.Ltd)က တင်ဒါ ရရှိသွားသည်ဟု ကုမ္ပဏီ ဒါရိုက်တာ ‌စောထူး‌စေးက ‌ကေအိုင်စီသို့ နိုဝင်ဘာ ၁၂ ‌နေ့တွင် ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီး အတွင်း အစိုးရ စာသင်‌ကျောင်းများ ပြန်လည် တည်‌ဆောက်ပြုပြင်ရန် အတွက် တိုင်း ‌ဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တင်ဒါ‌ခေါ်ယူခဲ့ပြီး ကုမ္ပဏီ‌ပေါင်း ၂၀ဝ ‌ကျော် ‌လျှောက်ထားသည့်အနက်မှ ကုမ္ပဏီ ၇ဝ ‌ကျော် တင်ဒါ‌အောင်မြင်ခဲ့ရာတွင် ယခုလို ကရင်အီကို ကုမ္ပဏီ လည်း ပါဝင်လာခြင်း ဖြစ်သည်။

ကုမ္ပဏီ ဒါရိုက်တာ ‌စောထူး‌စေးက “ကျ‌နော်တို့ ကုမ္ပဏီကို ‌မြောင်းမြမြို့နယ်ထဲက ‌ကျောင်းနှစ်‌ကျောင်း ‌ဆောက်ဖို့ တင်ဒါ‌အောင်တယ်။ ‌ဆောက်ရမဲ့ ရွာ‌တွေက ကရင်ရွာ‌တွေဖြစ်တယ်။ ကိုယ့်ကရင်‌ဒေသက ‌ကျောင်း ‌တွေကို ကိုယ့်ကရင်ကုမ္ပဏီက တည်‌ဆောက်ခွင့်ရတာ ဂုဏ်ယူတယ်။ သက်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ ့အညီ ‌ဆောက်မယ်။ ကုမ္ပဏီက အင်ဂျင်နီယာ‌တွေနဲ့ ‌ဒေသခံအလုပ်သမား‌တွေကိုပဲ သုံးပြီး‌ဆောက်မယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကျောင်းများတည်‌ဆောက်ရန် တင်ဒါ ‌လျှောက်ထားသည့် ကုမ္ပဏီ ၂၀ဝ ‌ကျော်ကို တင်ဒါ စည်းမျဉ်း စည်းကမ်းနှင့် အညီ အဆင့်ဆင့်စိစစ်ခဲ့သလို တင်ဒါ‌ရွေးချယ်ရာတွင်လည်း ပညာ‌ရေးဋ္ဌာန၊ ပုသိမ်နည်းပညာ တက္ကသိုလ် ‌နောက်ဆုံးနှစ် မြို့ပြ အင်ဂျင်နီယာ ‌ကျောင်းသားများ၏ အကူအညီများရယူ စိစစ်ခဲ့ခြင်းဖြစ်သည်ဟု တင်ဒါစိစစ်‌ရေး‌ကော်မတီ ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ လူမှု‌ရေး ဝန်ကြီး ‌ဒေါက်တာလှမြတ်‌သွေး က ‌ပြောသည်။
dsc_0009
ထို့အပြင် တင်ဒါ‌အောင်မြင်သည့် ကုမ္ပဏီ များအ‌နေဖြင့် အစိုးရနှင့် ပူး‌ပေါင်းပြီး ‌ဒေသခံပြည်သူများ၏ အကျိုး စီးပွားကို ‌ရှေးရှုကာ အရည်အ‌သွေးပြည့်မီ‌အောင် တည်‌ဆောက်‌ပေးရန် လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာလှမြတ်‌သွေး က ပုသိမ်မြို့၊ ဧရာ‌ရွှေဝါ ခန်းမ၌ နိုဝင်ဘာ ၁၁ ရက်‌နေ့က ပြုလုပ်သည့် တင်ဒါ‌အောင်ကုမ္ပဏီများနှင့် ‌တွေ့ဆုံပွဲ တွင် ‌ပြောသည်။

ကရင် အီကို ကုမ္ပဏီ အ‌နေဖြင့် စခန်းကြီး အ.ထ.က ‌ကျောင်း‌ဆောင် ‌ပေ ၁၂၀-၃ဝကို ကျပ် ၄၆၈သိန်း၊ ရိုးကူ အ.မ.က ‌ကျောင်း‌ဆောင် ‌ပေ ၆၀-၃ဝကို ကျပ် ၂၄၃ သိန်းအစိုးရက ခွင့်ပြု‌ပေးမည်ဖြစ်ပြီး ၂၀၁၇ ဧပြီ ၃ဝ ရက် ‌နေ့ အပြီးတည်‌ဆောက်ရမည်ဖြစ်ကာ လာမည့် အပတ်အတွင်း ‌ဆောက်လုပ်‌ရေးစတင်ရန် အစိုးရနှင့် စာချုပ် ချုပ်ရမည်ဖြစ်‌ကြောင်း ကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။

ကရင်အမျိုးသားများ စီးပွား‌ရေး လုပ်ငန်းများ စု‌ပေါင်းလုပ်ကိုင် နိုင်ရန် ရည်ရွယ်၍ ကရင် အီကို ကုမ္ပဏီကို ကရင် စီးပွား‌ရေးလုပ်ငန်းရှင်များက ဦး‌ဆောင်ကာ ဩဂုတ်လအတွင်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်၊ ဦး‌ကျော်ထွန်းဇံလမ်း၊ အမှတ် ၁၁၌ ရုံးခန်းဖွင့်လှစ်ထားပြီး ကုမ္ပဏီ အ‌နေဖြင့် ကရင် ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း World Vision (မြန်မာ)က တည်‌ဆောက်ရန်ရှိသည့် မူလတန်းလွန်‌ကျောင်း သုံး‌ကျောင်း ‌ဆောက်လုပ်ခွင့်တင်ဒါကိုလည်း ‌လျှောက်ထား‌ကြောင်း သိရသည်။