Home ဆောင်းပါး ကရင်‌တွေ ကရင်နာမည် ဘာ‌ကြောင့် မှည့်သင့်သလဲ

ကရင်‌တွေ ကရင်နာမည် ဘာ‌ကြောင့် မှည့်သင့်သလဲ

5965

(‌စောခါးစူးညား)

ကရင်လူမျိုး‌တွေဟာ ‌ရှေးပ‌ဝေသဏီကတည်းက မူရင်းအမည်နာမ အ‌ခေါ်အ‌ဝေါ်သုံးနှုန်းမှု‌တွေကို ‌လေ့လာကြည့်တဲ့အခါ မိမိရဲ့ မိခင် ကရင်ဘာသာစကား အ‌ခေါ်အ‌ဝေါ်‌တွေပဲ သုံးနှုန်းတာကို ‌တွေ့ရှိရမှာဖြစ်ပါတယ်။ ကရင်ရာဇဝင်သမိုင်းထဲက ဖူး‌ထော်မဲပါ ဆိုရင်လည်း ကရင်နာမည်ပါ။ သို့‌ပေမယ့် ကရင်‌တွေဟာ မူလ ရိုးရာယုံကြည်မှု ‌အော်ဘွာ (နတ်စားခြင်း)က‌နေ တခြားဘာသာ တရား‌တွေ သက်ဝင်ယုံကြည်လာတဲ့အခါ နာမည်အ‌ခေါ်အ‌ဝေါ်မှု‌တွေကလည်း အများအပြား ‌ပြောင်းလဲလာကြပါတယ်။

သာဓက နှစ်ခုအ‌နေနဲ့ ‌ထောက်ပြရရင် ဗုဒ္ဓဘာသာကူး‌ပြောင်းသွားတဲ့ ကရင်‌တွေဆိုရင် အမည်‌ရှေ့က ‌စောသူရိန်၊ စသူရိန်၊ ‌နော် စန္ဒာ၊ နန်းစန္ဒာ၊ နန့်စန္ဒာ စသဖြင့် ‌ခေါ်‌ဝေါ်လာကြပြီး ခရစ်ယာန်ဘာသာ ယုံကြည်ကိုးကွယ်တဲ့ ကရင်‌တွေက‌တော့ (‌စောဟင်နရီ၊ ‌နော်ခရစ္စတီးနား) စသဖြင့် ‌ခေါ်‌ဝေါ်ကြပါတယ်။ တချို့က ဘာသာ‌ရေးနဲ့ မဆက်စပ်ဘဲ မိဘ‌တွေက မြန်မာလိုသာ နာမည်မှည့် ‌ပေးကြတာလည်း ရှိပါတယ်။ ကရင်‌တွေရဲ့ ရိုးရာအစဉ်အလာအရ သုံးနှုန်းလာတဲ့ အမည်နာမအ‌ရှေ့မှာ ‌စော၊ စ၊ မန်း၊ ‌နော်၊ နန်း၊ နန့် စတာကလွဲပြီး ကရင်အ‌ခေါ်အ‌ဝေါ်မဟုတ်တဲ့ နာမည်‌တွေကသာ သုံးနှုန်းမှုများလာကြတာ ဖြစ်ပါတယ်။

ကရင်လူမျိုး‌တွေရဲ့ မူလယုံကြည်ကိုးကွယ်မှုဟာ ခရစ်‌တော် မ‌ပေါ်မီကတည်းက ‌အော်ဘွာ(နတ်စားခြင်း)ဆိုတဲ့ ရိုးရာယုံကြည်မှုပဲ ရှိပါတယ်။ အချိန်ကာလ ‌ရွေ့လျားလာတာ၊ ပတ်ဝန်းကျင်‌ပြောင်းလာတာနဲ့အမျှ ကရင်လူမျိုး အများစုဟာ ‌အေဒီ(၁၈)ရာစုမှာ ဗုဒ္ဓ ဘာသာတရား‌တော်ကို ယုံကြည်သက်ဝင်လာကြပြီး ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်လာတာက‌တော့ (၁၉)ရာစုမှာ ဖြစ် ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ၁၉၃၁ခုနှစ် သန်း‌ခေါင်စာရင်း မှတ်တမ်းအရ ကရင်ဗုဒ္ဓဘာသာ ၇၆.၇၄ရာခိုင်နှုန်း၊ ခရစ်ယာန် ဘာသာဝင် ၁၅.၉၉ရာခိုင်နှုန်းနဲ့ ‌အော်ဘွာ ၇.၂၃ရာခိုင်နှုန်း ရှိတာကို သိရပါတယ်။

ပင်ကိုယ်စိတ်‌နေသ‌ဘောထား ရိုးစင်းတဲ့ ကရင်‌တွေဟာ တခြားဘာသာ ကူး‌ပြောင်းသွားတဲ့ အချိန်ကစလို့ မိဘနဲ့ ဆရာသမား ‌တွေက သူတို့သားသမီး‌တွေရဲ့ နာမည်‌တွေကိုလည်း ‌ပြောင်းလဲ‌ခေါ်‌ဝေါ်မှု များပြားလာတယ်လို့ပဲ ဆိုရမှာပါ။ ထို့အတူ ကရင်မှာ လူနည်းစုသာ သက်ဝင်ယုံကြည်တဲ့ လဲကယ်၊ တလာကူးနဲ့ ဗြဟ္မာစိုရ်ဘာသာ‌တွေဆိုရင်လည်း မျိုးရိုးအမည်မှည့်‌ခေါ်မှုဟာ ကရင် လိုချည်းသာဖြစ်တာ မဟုတ်ပါဘူး။

ဒီလို မူရင်းနာမည်အ‌ခေါ်အ‌ဝေါ်အ‌ပေါ် ‌သွေဖီပြီး ‌ပြောင်းလဲ‌ခေါ်‌ဝေါ်လာတာနဲ့ ပတ်သက်လို့ ကရင်မျိုးဆက်သစ်‌တွေအတွက် ဘယ်လိုအကျိုးသက်‌ရောက်မှု‌တွေ ဖြစ်လာခဲ့သလဲဆိုတဲ့အ‌ပေါ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စော‌အေးမြက အခုလို သုံးသပ်‌ပြောဆိုပါတယ်။

“ကရင်‌တွေ ကရင်လို နာမည်မှည့်ဖို့ အဓိက မိဘ‌တွေတာဝန်ပါ။ ‌နောက်တစ်ခုက ကရင်ဘာသာ‌ရေး ‌ခေါင်း‌ဆောင်‌တွေကိုလည်း ဒါကိုသိ‌အောင် စည်းရုံး‌ပြောဆိုသင့်တယ်။ ဒါဟာ ကရင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့အတွက် နားလည်လက်ခံကျင့်သုံးပြီးသား သူ‌တွေက နားလည်ရ‌ကောင်းမှန်း မသိ‌သေးတဲ့သူ‌တွေကို ‌ပြောဆိုအသိပညာ‌ပေးဖို့ အားလုံး အတူတကွ လုပ်‌ဆောင်သွားကြရ မှာ ဖြစ်ပါတယ်။ ကျ‌နော်တို့ စာယဉ်မှာ ဖွင့်တဲ့ ကရင်စာ‌ပေသင်တန်း‌တွေမှာဆိုရင် ကရင်နာမည် မရှိတဲ့ က‌လေး‌တွေကို ကရင် နာမည် ပြန်မှည့်‌နေရတဲ့ အ‌နေအထားမှာ ရှိပါတယ်”လို့ သူက ‌ထောက်ပြထားပါတယ်။

သမိုင်း‌ကြောင်းအရ မိမိရိုးရာယုံကြည်မှုကို သက်ဝင်ယုံကြည်တဲ့ ကရင်လူမျိုး‌တွေဟာ အချင်းချင်းအကြား အမုန်းပွား‌စေတဲ့ တိုက်ခိုက်မှုစကား‌တွေကို သက်ကြီးစကား သက်ငယ်ကြား လက်ဆင့်ကမ်း ‌ပြောဆိုတဲ့ သက်ကြီးရွယ်အိုထံက မကြားခဲ့ဖူးပါ။ အမှန်စင်စစ် မိမိလူမျိုး အဓွန့်ရှည်‌ရေးနဲ့ စည်းလုံးညီညွှတ်မှု ရရှိ‌စေ‌ရေးအတွက် ကရင်လို ‌ခေါ်ဆိုတဲ့ အမည်နာမ‌တွေကို ဘာ ‌ကြောင့် ‌ခေါ်‌ဝေါ်မသုံးစွဲနိုင်ရသလဲ။ အမျိုးသား‌ရေးက ဘာသာ‌ရေးထက် အ‌ရေးကြီးသလား။ ဘာသာ‌ရေးက အမျိုးသား‌ရေး ထက် အ‌ရေးကြီးသလား။ အမျိုးသား‌ရေးနဲ့ ဘာသာ‌ရေးကို ခွဲခြားသိမြင်နိုင်ဖို့ အ‌ရေးကြီးပါတယ်။ ခွဲခြားသိမြင်မှုသာရှိပြီး မကျင့် သုံးဘူးဆိုရင်လည်း အ‌ရေးမပါ၊ အရာမ‌ရောက်ဘဲ ဆက်လက် ဖြစ်ရှိ‌နေဦးမှာသာ ဖြစ်ပါတယ်။

ကရင်လို နာမည်မှည့်သင့်‌ကြောင်း ‌ပြောရင် တချို့ မိဘ၊ ဘိုးဘွားနဲ့ ကရင်မိတ်‌ဆွေ သူငယ်ချင်း‌တွေကြားမှာ အ‌လေ့အထတစ်ခု လို တုန့်ပြန်ခံရ‌လေ့ရှိတာက‌တော့ “ကရင်လို နာမည်မှည့်ဖို့ မလိုဘူး။ ကိုယ့်ကိုယ်ကို ကရင်မှန်းသိရင် ‌တော်ပြီ”ဆိုတဲ့ ခပ်လွယ် လွယ်စကားပဲ ဖြစ်ပါတယ်။ ယ‌နေ့‌ခေတ်မှာ မြန်မာနိုင်ငံအပြင် ပြည်ပ‌ရောက်‌နေကြတဲ့ ကရင်အသိုင်းအဝိုင်းအားလုံးမှာ ကြည့်ရင် လည်း ကရင်လို မှည့်‌ခေါ်တဲ့နာမည် ပိုနည်း‌နေတာပါ။ ဒါ‌တောင် တချို့က အမြင်ကျယ်လာလို့ ကရင်လိုနာမည် ပြန်‌ပြောင်းမှည့် ‌ခေါ်‌နေရတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း‌ဒေသကြီးရဲ့ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်စူစန်နာလှလှစိုးက “အ‌နောကိုယ်တိုင်လည်း ငယ်ငယ်က ‌တော့ ကရင်နာမည်ဆိုရင် အနှိမ်ခံရမှာစိုးလို့ဆိုပြီး မိဘ‌တွေက မ‌ပေးရဲဘူး‌လေ။ ကရင်အမည် မ‌ပျောက်‌အောင် အနည်းဆုံး ကရင်အမည်တခုခု‌တော့ ထည့်သင့်တယ်။ ဥပမာ ဇိုယာဖန်းဆိုရင် အနည်းဆုံး ‘ဖန်း’ဆိုတဲ့ ကရင်အမည်က သူ့ကို ပိုထင်ရှား‌စေ တယ်။ အမျိုးသား‌ရေးအတွက် Symbol ‌ပေါ့”ဟု သူမရဲ့အမြင်ကို ‌ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကရင်အမျိုးသား‌တော်လှန်‌ရေးအတွက် တိုက်ပွဲဝင်‌နေတဲ့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အဖွဲ့အ စည်းကလည်း မိမိမျိုးဆက်သစ်‌တွေကို ကရင်လို အမည်‌ပေးကြဖို့ နှိုး‌ဆော်အသိ‌ပေး တိုက်တွန်းတာ‌တွေ ရှိ‌နေ‌ပေမယ့် တကယ့် လက်‌တွေ့မှာ ခရီး‌ပေါက် ‌ရောက်သင့်သ‌လောက် ‌ပေါက်‌ပေမယ့် ထိ‌ရောက်တဲ့အဆင့်က‌တော့ မှုန်ဝါးဝါးဖြစ်‌နေဆဲပါ။

၂၀၀၈ခုနှစ်၊ ဆဋ္ဌမအကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ‌ကေအဲန် ယူ-ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာလားဖန်းက အမည်နာမ အပါအ ဝင် အမျိုးသား‌ရေးနဲ့ဆိုင်တဲ့ အချက် ၄ခုကို နှီး‌နှောဖလှယ်ပွဲရဲ့ ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းမှတ်သားသွားဖို့ ‌ပြောဆိုအကြံပြုခဲ့ တာ ရှိပါတယ်။
၁) ကရင်လူမျိုးတိုင်း ကရင့်‌နေ့ထူး‌နေ့မြတ်များ၊ အခမ်းအနားများ၌ ကရင့်ရိုးရာဝတ်စုံကို ဝတ်ဆင်ကြဖို့
၂) လာမည့် ကရင်မျိုးဆက်သစ်များအား ကရင်နာမည်များမှည့်‌ခေါ်သွားကြဖို့
၃) ကရင်လူမျိုးအချင်းချင်း ကရင်စကားများဖြင့် ‌ပြောဆိုဆက်ဆံသွားကြဖို့
၄) ကရင်လူမျိုးအချင်းချင်း လက်ထပ်ထိမ်းမြားကြဖို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်က စဖွဲ့လာခဲ့တဲ့ ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC)ရဲ့ စီစဉ်မှု နဲ့ ၂၀၁၅ခုနှစ်၊ ဇူလိုင် ၂ရက်က‌နေ ၄ရက်‌နေ့အထိ ရန်ကုန်မြို့၊ MCC ခန်းမမှာ ပြုလုပ်တဲ့ ကရင်အမျိုးသားအကြိုညီလာခံမှာ ကရင်လူမျိုး‌တွေ ကရင်လို နာမည်မှည့်ဆိုကြဖို့ ‌ဆွေး‌နွေးခဲ့တာ ရှိပါတယ်။ အဲဒီညီလာခံကို ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့၊ ကရင်နိုင်ငံ‌ရေးပါတီ၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး၊ နယ်ပယ်စုံ ကရင်လူမှုအဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ် စုစု‌ပေါင်း ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြတာဖြစ်ပြီး အားလုံးက‌တော့ ကရင်လို နာမည်မှည့်ကြဖို့ သ‌ဘောတူခဲ့ကြပါတယ်။

ဒီညီလာခံတက်‌ရောက်ခဲ့တဲ့ ဖားအံမြို့က ကရင်လူငယ်တစ်ဦးဖြစ်သူ စဘီကျင်ဦးက “ကျ‌နော်တို့ သ‌ဘောတူထားတာ ရှိပါတယ်။ ဒါက အကြိုညီလာခံမှာပါ။ တကယ့်ညီလာခံ ဖြစ်‌မြောက်တဲ့အခါ ဒါကို ကျ‌နော်တို့ တညီတညွှတ်တည်း အတည်ပြုသွားဖို့ လို တယ်။ အတည်ပြုလို့ရပြီးဆိုရင် ကျ‌နော်တို့ ‌ရှေ့ဆက်လုပ်သွားမယ့်အရာက ပိုခရီး‌ရောက်မှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

သမိုင်းကို ပြန်လှန်ကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ‌ကောက်ခံတဲ့ ၁၉၃၁ခု၊ သန်း‌ခေါင်စာရင်းအရ ကရင်လူမျိုးဟာ ဒုတိယအများဆုံး လူဦး‌ရေစာရင်းဖြစ်ပြီး ၁၉၈၃ခုမှာ ဒုတိယအကြိမ် ‌ကောက်ခံတဲ့အခါ မြန်မာနိုင်ငံရဲ့ ဒုတိယအများဆုံး လူဦး‌ရေ ဟာ ရှမ်း(သျှမ်း)လူမျိုးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ မကြာ‌သေးမီ ၂၀၁၄ခုနှစ်၊ ဧပြီလက ‌ကောက်ခံတဲ့ သန်း‌ခေါင်စာရင်းမှာလည်း မြန်မာနိုင်ငံ လူဦး‌ရေ ၅၃.၂၆ ရာခိုင်နှုန်းအနက် ရှမ်းကသာ ဒုတိယအများဆုံး‌နေရာမှာပဲ ဆက်လက်ရပ်တည်‌နေတာကို ‌ဖော်ပြ ထားပါတယ်။ မျက်‌မှောက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး Wikipedia အင်တာနက် အွန်လိုင်းမှာ ‌ဖော်ပြထားတဲ့ လူဦး‌ရေ ရာခိုင်နှုန်း အရ မြန်မာ ၆၈ရာခိုင်နှုန်း၊ ရှမ်း ၉ရာခိုင်နှုန်း၊ ကရင် ၇ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။

အခုလို ‌ကောက်ခံရရှိ ‌ဖော်ပြထားချက်‌တွေကို လက်ခံ၊ မခံ ဆိုတာထက် မြန်မာနိုင်ငံမှာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီတိုင်း ‌ဒေသကြီး‌တွေနဲ့ ကရင်၊ ကရင်နီ(ကယား)၊ မွန်ပြည်နယ်‌တွေမှာ လူဦး‌ရေများပြားစွာ ‌နေထိုင်လျက်ရှိ‌နေကြတဲ့ ကရင်လူမျိုး‌တွေ ဟာ ဒုတိယ လူဦး‌ရေအများဆုံးက‌နေ တတိယ‌နေရာကို ‌လျော့ကျသွားတာဟာ ဘာ‌ကြောင့်ပါလဲ။

ဆယ်စုနှစ်များစွာ လူမျိုး၊ ဘာသာစကား၊ စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌တွေ အဘက်ဘက်က ဖိနှိပ်ချုပ်ချယ်ခံ‌နေရတဲ့ လူမျိုးတစ်မျိုးဟာ ရုတ်တရက် ပြင်လွယ်၊ ‌ပြောင်းလွယ် လုပ်နိုင်ဖို့ရာ မလွယ်ကူ‌ပေမယ့်လည်း အခုကစပြီး တဖြည်းဖြည်းချင်း လုပ်‌ဆောင်ကြဖို့ ကရင်လူမျိုးတိုင်း သတိချပ်ကြ‌စေချင်ပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံရှိတဲ့ ကရင်အပြင် တိုင်းရင်း‌ဒေသ ‌နေရာ‌ဒေသ အ‌ခေါ်အ‌ဝေါ်‌တွေ ဖြစ်ကြတဲ့ ‌ကျေးရွာ၊ မြို့၊ သဘာ ဝ ‌ရေ‌မြေ‌တော‌တောင်‌နေရာ‌ဒေသ အ‌တော်များများဟာ မြန်မာမှု မြန်မာ့ဟန် အ‌ခေါ်အ‌ဝေါ်နဲ့ ‌ပြောင်းလဲလာခဲ့တာ တစ်နိုင်ငံလုံး နီးပါး ဖြစ်‌နေပါတယ်။ ဒါ‌တွေဟာ တစ်ဦးကိုတစ်ဦး လျစ်လျူရှုမှုနဲ့ အဘက်ဘက်က ချွတ်ခြုံကျ‌နေမှု၊ မိမိလူမျိုး စည်းလုံးညီညွှတ်မှု အားနည်း‌နေတာ‌တွေမို့ တစ်ဆင့်ချင်းစီ စု‌ပေါင်းပါဝင် ပြင်ဆင်သင့်ပါပြီ။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့ ဘယ်သူမဆို လုပ် ‌ဆောင်နိုင်တဲ့အရာ‌တွေထဲမှာ နာမည်မှည့်‌ခေါ်ခြင်းဟာလည်း တစ်ခု အပါအဝင် ဖြစ်‌နေပါတယ်။

“ကမ္ဘာ‌ပေါ်မှာ လူမျိုးတိုင်းမှာ သူ့ပင်ကိုယ်ဘာသာစကားနဲ့ ရိုးရာဓ‌လေ့ရှိကြပါတယ်။ လူမျိုးတစ်မျိုးရဲ့လက္ခဏာဟာ အဲဒီစာ‌ပေ၊ ရိုးရာဓ‌လေ့ အမှတ်အသားသ‌ကေင်္တ လက္ခဏာ‌တွေပါပဲ။ ဒီလူမျိုးရဲ့ ရိုးရာဓ‌လေ့၊ စာ‌ပေ၊ စကား အမှတ်အသားသ‌ကေင်္တ ဖြုတ်လိုက်ရင် လူမျိုးတစ်မျိုး ရပ်တည်နိုင်တဲ့ အရိပ်လက္ခဏာ မရှိ‌တော့ဘူး။ ကရင်လူမျိုးရဲ့အမည်နာမက‌တော့ ကရင်လိုပဲ ဖြစ်သင့်ပါ တယ်။ ဗမာလို၊ အဂင်္လိပ်လိုမည့်ရင်‌တော့ အနာဂတ်ကရင်လူမျိုးတစ်မျိုး ရပ်တည်၍မရ‌တော့ဘူး။ ရှင်းရှင်း‌ပြောရရင် လူမျိုးတစ် မျိုး ပ‌ပျောက်‌အောင် လုပ်‌ဆောင်တာနဲ့အတူတူပဲ”လို့ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ အ‌ခြေစိုက် OKRSO အကြံ‌ပေးနာယက ‌စောစိပ်ပ‌လောင်က သုံးသပ်‌ပြောဆိုပါတယ်။

မိမိကရင်လူမျိုးရဲ့နာမည်ကို ကရင်လို ‌ခေါ်‌ဝေါ်သုံးစွဲခြင်းအားဖြင့် ‌စော၊ စ၊ ‌နော်၊ နန်း၊ နန့် ထည့်‌ခေါ်စရာ မလိုဘဲ နိုင်ငံသားစိစစ် ‌ရေးကဒ်ပြား၊ မှတ်ပုံတင်၊ အိမ်‌ထောင်စုစာရင်းတို့ကို ဖတ်ကြည့်ခြင်းဖြင့် အချင်းချင်းကြား‌ရော၊ တခြားလူမျိုး‌တွေကိုပါ ရှင်းပြစရာ မလိုဘဲ ကရင်မှန်း အလိုအ‌လျောက် သိ‌နေမယ်။ ကိုယ့်ကိုယ်ကို ကရင်မှန်းသိမှု အစပြုတဲ့‌နေ့လည်း ဖြစ်တဲ့အပြင် ကရင့်အမျိုး သား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး ချမှတ်သွားတဲ့ ‌လေးချက်ထဲက “ကရင့်ကံကြမ္မာ ကရင်ဖန်တီး‌ရေး” ဆိုတဲ့အချက်ထဲမှာလည်း အလိုလို အကျုံးဝင်‌နေမှာ ဖြစ်ပါတယ်။

ဒီကိစ္စအ‌ပေါ် သိရှိနားလည်ခြင်း မရှိ၊ လက်မခံ‌သေးတဲ့သူ‌တွေကို သိနားလည် လက်ခံထားပြီးသားဖြစ်တဲ့ ကရင်လူမျိုးများအ‌နေနဲ့ ‌သွေးစည်းညီညွှတ်‌ရေးကို အဓိက ဦးတည်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြရမှာ အမျိုးသားတာဝန်တစ်ရပ် ဖြစ်ပါတယ်။ ဒါ့အပြင် “ဘာသာ‌ရေးနဲ့ အမျိုးသား‌ရေးကို ခွဲခြားသိမြင်‌ပေမယ့် မကျင့်သုံးခြင်းဟာလည်း မိမိလူမျိုးအ‌ပေါ်မိမိကိုယ်တိုင် သွယ်ဝိုက်‌သော အားဖြင့် ဝါးမြိုခြင်းတစ်မျိုးပဲ”လို့ ရှုမြင်တဲ့အတွက် ကရင်တစ်မျိုးသားလုံးရဲ့ ကြန်အင်လက္ခဏာ ပြည့်စုံ‌စေတဲ့ စကား၊ စာ‌ပေ၊ ဓ‌လေ့ရိုးရာ၊ ယဉ်‌ကျေးမှု‌တွေအပြင် အမည်မှည့်‌ခေါ်ခြင်းပါ မပ‌ပျောက်သွား‌စေဖို့ ဝိုင်းဝန်းလုပ်‌ဆောင်သွားကြပါစို့လို့ တိုက်တွန်း လိုက်ချင်ပါတယ်။