Home သတင်း ‌ဒေသခံရွာသားများ၏ ‌မြေယာပြဿနာနှင့် လျှပ်စစ်မီးရရှိ‌ရေးကိစ္စများကို အတတ်နိုင်ဆုံး လုပ်‌ဆောင်‌ပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ်‌ပြော

‌ဒေသခံရွာသားများ၏ ‌မြေယာပြဿနာနှင့် လျှပ်စစ်မီးရရှိ‌ရေးကိစ္စများကို အတတ်နိုင်ဆုံး လုပ်‌ဆောင်‌ပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ်‌ပြော

1769

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်‌တော်ကိုယ်စားလှယ်များသည် ‌အောက်တိုဘာ ၁၉ရက်‌နေ့က ဖားအံမြို့နယ်၊ အုန်းတပင် ‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်း၌ ‌ဒေသခံရွာသားများအား သွား‌ရောက်‌တွေ့ဆုံခဲ့စဉ် ‌ဒေသခံများ လိုလားသည့် ‌မြေယာပြဿ နာ‌ဖြေရှင်း‌ရေးနှင့် လျှပ်စစ်မီးရရှိ‌ရေးများကို အတတ်နိုင်ဆုံး လုပ်‌ဆောင်‌ပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

ယင်း‌ဒေသခံများနှင့် သွား‌ရောက်‌တွေ့ဆုံမှုတွင် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့်အတူ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း သန်းသန်းလွင်နှင့် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောမိုးမြင့်တို့ ပါဝင်ပြီး ‌မြေယာပြဿနာ၊ လျှပ်စစ်မီးကိစ္စနှင့် လမ်းပန်း ဆက်သွယ်‌ရေးကိစ္စရပ်များကို ‌ဒေသခံများက တင်ပြ‌ဆွေး‌နွေးခဲ့သည်ကို ပြည်နယ်ဝန်ကြီးချုပ် ယင်းသို့ ပြန်လည်‌ဖြေကြား‌ပြောဆို ခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စောမိုးမြင့်က “ဒီကိစ္စကို ကျ‌နော်တို့ဘက်က သက်ဆိုင်ရာဋ္ဌာနဆိုင်ရာ‌တွေနဲ့တိုင်ပင်ပြီး လုပ်‌ပေးလို့ရပါတယ်။ ဝန်ကြီးချုပ်ကလည်း မအားတဲ့ကြားက‌နေပြီး ‌ဒေသခံ‌တွေကို လာ‌တွေ့တယ်။ မီးကိစ္စ၊ လမ်းကိစ္စ၊ ‌ကျောင်း ကိစ္စ‌တွေလည်း သူမက ‌ဖြေရှင်း‌ပေးလို့ရပါတယ်။ ‌နောက်‌နောင်‌တွေမှာလည်း အချိန်ရရင်ရသလို ဒီလိုမျိုး လာ‌ရောက်‌တွေ့ဆုံ‌ပေး ပါ့မယ်လို့‌တော့ ဝန်ကြီးချုပ်က ‌ဒေသခံ‌တွေကို ‌ပြောသွားပါတယ်”ဟု ၎င်းက ‌ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ် သွား‌ရောက်ခဲ့သည့် အုန်းတပင်ရွာ အပါအဝင် ခ‌လောက်နို့၊ နိုင်းကြာနှင့် သစ်ချရွာ စသည့်‌ကျေးရွာများတွင် လျှပ်စစ်မီးရရှိ‌ရေးအပြင် ထရန်စ‌ဖော်မာများ လိုအပ်ခြင်း၊ ရွာချင်းဆက်လမ်းများကို ပြန်လည်ပြုပြင်ရန် လိုအပ်ခြင်း၊ အချို့‌ကျေး ရွာမှ စာသင်‌ကျောင်းများ ပြန်လည်တိုးချဲ့‌ဆောက်လုပ်ရန် လိုအပ်ခြင်းနှင့် ‌ဒေသခံရွာသားများမှ ကြုံ‌တွေ့‌နေရသည့် ‌မြေယာပြ ဿနာကိစ္စရပ်များလည်း လွန်ခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှ ယခုထိ ‌ဖြေရှင်းနိုင်ခြင်းမရှိ‌သေး‌ကြောင်း ‌ဒေသခံ များက ‌ပြောသည်။

အုန်းတပင်ရွာသား ‌စောဗျူးက “သူတို့က လွှတ်‌တော်အ‌တွေ့ကြုံ‌တွေကို လာ‌ရောက်ရှင်းလင်းတာ‌ပေါ့‌လေ။ ‌ဒေသခံ‌တွေက သူတို့ ရဲ့လိုအပ်ချက်‌တွေကို တင်ပြကြတာ‌ပေါ့။ ‌မြေယာကိစ္စ‌တွေ၊ မီးကိစ္စ‌တွေ အများအားဖြင့်‌ဆွေး‌နွေးကြတယ်။ ဝန်ကြီးချုပ်က‌တော့ ‌ဒေသခံ‌တွေတင်ပြချက်‌တွေအားလုံး သူမက သိပြီးသားပုံစံနဲ့ ပြန်ရှင်းလင်းတယ်။ ‌ဒေသခံ‌တွေရဲ့လိုအပ်ချက်‌တွေကို ပြည်‌ထောင် စုအစိုးရနဲ့ညှိနှိုင်းတင်ပြပြီး အ‌ကောင်းဆုံး လုပ်‌ဆောင်‌ပေးသွားမယ်လို့‌တော့ ‌ပြောတယ်”ဟု ‌ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်‌တော်ကိုယ်စားလှယ်များသည် လွှတ်‌တော်ရပ်နားသည့်အချိန်ကာလအတွင်း ၎င်းတို့မဲဆန္ဒနယ်‌မြေ မှ ‌ဒေသခံလူထုများနှင့် ပုံမှန် သွား‌ရောက်‌တွေ့ဆုံခြင်းမျိုးဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်အ‌နေဖြင့် လွှတ်‌တော်ကိုယ်စားလှယ်များနှင့် အတူ ပထမဆုံးအကြိမ် လိုက်ပါလာခြင်း ဖြစ်သည်။

ယင်း‌တွေ့ဆုံမှုကို အုန်းတပင်၊ ခ‌လောက်နို့၊ နိုင်းကြာနှင့် သစ်ချရွာ စသည့်‌ကျေးရွာများမှ ‌ဒေသခံ စုစု‌ပေါင်း ၁၀ဝခန့်က ဝန်ကြီး ချုပ်နှင့် လွှတ်‌တော်ကိုယ်စားလှယ်များကို လာ‌ရောက်‌တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။