Home သတင်း မဲ့သ‌ဝေါစစ်‌ဘေး‌ရှောင်ပြည်သူအတွက် ရန်ကုန်ရှိ ကရင်တက္ကသိုလ်‌ကျောင်းသား/‌ကျောင်းသူများ အလှူ‌ငွေ‌ကောက်ခံ

မဲ့သ‌ဝေါစစ်‌ဘေး‌ရှောင်ပြည်သူအတွက် ရန်ကုန်ရှိ ကရင်တက္ကသိုလ်‌ကျောင်းသား/‌ကျောင်းသူများ အလှူ‌ငွေ‌ကောက်ခံ

2042

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်မြို့နယ်ရှိ ဘုံ‌ကျော်‌ကျောင်းဆရာ‌တော်၏ ဦး‌ဆောင်မှုဖြင့် ကရင်‌ကျောင်းသား‌ဟောင်း များနှင့် တက္ကသိုလ်များမှ ကရင်‌ကျောင်းသား/‌ကျောင်းသူများစု‌ပေါင်း၍ မဲ့သ‌ဝေါ‌ဒေသရှိ စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် ရည် ရွယ်ကာ အလှူ‌ငွေများ လိုက်လံ‌ကောက်ခံရရှိလျှက်ရှိသည်ဟု သိရသည်။

အဆိုပါ အလှူ‌ငွေ‌ကောက်ခံမှုကို ‌အောက်တိုဘာလ ၁၆ရက်‌နေ့စတင်ကာ ရန်ကုန်တိုင်း‌ဒေသကြီး၊ လှည်းတန်းမြို့နယ်၊ ကြည့်မြင် တိုင်မြို့နယ်တို့တွင် ‌ကျောင်းသား/‌ကျောင်းသူ ဦး‌ရေ ၄၀‌ကျော်နှင့် (၂၂)ကြိမ်‌မြောက် ဆို၊ က၊ ‌ရေး၊ တီးပြိုင်ပွဲ၌ ရန်ကုန်တိုင်း‌ဒေ သကြီး ကိုယ်စားပြုအဖြစ် ပါဝင်မည့် ဒုံးယိမ်းအဖွဲ့တို့ပူး‌ပေါင်းပြီး ‌ဖျော်‌ဖြေမှုအစီအစဉ်များဖြင့် အလှူ‌ငွေကို ‌ကောက်ခံ‌နေခြင်းဖြစ် သည်။

အလှူ‌ငွေ‌ကောက်ခံမှုတွင် ပါဝင်သူ ရန်ကုန်တိုင်း‌ဒေသကြီး သန်လျင်နည်းပညာတက္ကသိုလ်‌ကျောင်းသား ‌စောရှား‌ဖောင်က “‌ကျောင်းသူ/‌ကျောင်းသား ဖြစ်‌နေ‌တော့ ပိုက်ဆံ‌တွေက သိပ်မရှိကြဘူး။ တတ်နိုင်တဲ့ ယဉ်‌ကျေးမှု ဒုံးအကနဲ့ ‌ဖျော်‌ဖြေ‌ကောက်ခံ တယ်။ အလှူ‌ငွေ‌ကောက်ရတာ ရှက်‌တော့ ရှက်တာ‌ပေါ့။ လူမျိုးအတွက်ဆို‌တော့လည်း တတ်နိုင်တဲ့ဘက်က လုပ်‌ပေးချင်တယ် ‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ကောက်ခံရရှိထားသည့် အလှူ‌ငွေမှာ ၁ဝသိန်း‌ကျော်ရရှိပြီဖြစ်ပြီး လာမည့်‌အောက်တိုဘာလ ၂၆ရက်‌နေ့တွင် မဲ့သ‌ဝေါ ‌ဒေသရှိ စစ်‌ဘေး‌ရှောင်စခန်းသို့ သွား‌ရောက်လှူဒါန်းသွားရန် စီစဉ်‌နေသည်ဟုလည်း ‌စောရှား‌ဖောင်က ဖြည့်စွက်‌ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလက အစိုးရတပ်မ‌တော်၊ ကရင်နယ်ခြား‌စောင့်တပ် BGF တို့ ပူး‌ပေါင်းတပ်နှင့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)တို့အကြားတွင် မဲ့သ‌ဝေါ‌ဒေသ၌ တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ‌ထောင်‌ပေါင်းများစွာ‌သော စစ် ‌ဘေး‌ရှောင်များမှာ မြိုင်ကြီးငူ‌ဒေသနှင့် ထိုင်း-မြန်မာနယ်စပ်တို့တွင် ထွက်‌ပြေးခိုလှုံခဲ့ရသည်။

လက်ရှိ ‌ကောက်ယူထားသည့် စာရင်းအရ မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းတွင် စစ်‌ဘေး‌ရှောင်‌ကျေးရွာ ၃၃ရွာမှ လူဦး‌ရေ ၅,၇၅၁ ဦးရှိပြီး ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ ‌နော်တ‌ကျေးရွာတွင် လူဦး‌ရေ ၃၃၉ဦးနှင့် ထီး‌သေ့ခီးရွာတွင် ၆၁၄ဦး ခိုလှုံလျှက်ရှိ ‌ကြောင်း လူမှုကယ်ဆယ်‌ရေးအဖွဲ့များက ‌ပြောသည်။

ဒဂုံတက္ကသိုလ်မှ ‌ကျောင်းသား‌ဟောင်းတစ်ဦးဖြစ်သူ ‌စော‌လော်ကြီးကလည်း “ကျ‌နော်တို့လည်း တတ်နိုင်သ‌လောက် လုပ်မယ် ဆိုပြီး ‌ကျောင်းသား‌တွေက ကျ‌နော့်ကို လာတိုင်ပင်တယ်။ ကျ‌နော်လည်း ပါဝင်ဖြစ်သွားတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်တက္ကသိုလ်‌ကျောင်းသား/‌ကျောင်းသူများ စု‌ပေါင်းပြီး စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် ယခုလို အလှူ‌ငွေ‌ကောက်ခံမှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။