Home သတင်း ငှက်‌ပျော‌တော ‌ကျေးလက်ကျန်းမာ‌ရေးဋ္ဌာန ‌မြေ‌နေရာအတွက် အမြန်ဆုံး စိစစ်သွား‌ပေးရန် ‌ဒေသခံများလိုလား

ငှက်‌ပျော‌တော ‌ကျေးလက်ကျန်းမာ‌ရေးဋ္ဌာန ‌မြေ‌နေရာအတွက် အမြန်ဆုံး စိစစ်သွား‌ပေးရန် ‌ဒေသခံများလိုလား

2552

‌အောက်တိုဘာ ၂၁ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

အချိန် တစ်နှစ်‌ကျော် ကြာလာသည့် တိုင်‌အောင် ‌မြေ‌နေရာအတည်တကျ မသတ်မှတ်နိုင်‌သေးသည့် လှိုင်းဘွဲမြို့ နယ် ‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်‌ကျေးလက်ကျန်းမာ‌ရေးဋ္ဌာန ‌မြေ‌နေရာအတွက် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအ‌နေဖြင့် အမြန်ဆုံး စိစစ်‌ဆောင်ရွက်‌ပေး‌စေလို‌ကြောင်း ‌ဒေသခံလူထုများက ‌ပြောဆိုလိုက်သည်။

ကို‌မောင်‌ကျေးလက်ကျန်းမာ‌ရေးဋ္ဌာန တည်‌ဆောက်ရန် မူလက ငှက်‌ပျော‌တော‌ကျေးရွာတွင် ယခင်ပြည်နယ် အစိုးရက ချမှတ်ခဲ့‌သော်လည်း ယခုအချိန်ထိ အမှန်တကယ် အ‌ကောင်အထည် မ‌ဖော်နိုင်‌သေးသည့်အတွက် ‌ဒေသခံများက အမြန်ဆုံး စိစစ်‌ဆောင်ရွက်‌စေလိုခြင်းဖြစ်သည်ဟု ‌ကော့လုံကျွန်း‌ဒေသခံ တစ်ဦးဖြစ်သူ ‌စော‌လေးငယ်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“ကျ‌နော်တို့က ဒီကျန်းမာ‌ရေးဋ္ဌာနကို ပြီး‌စေချင်တာ ကြာပါပြီ။ အ‌ဆောက်အဦးအတွက် ဘတ်ဂျက်လည်း ကျလာပြီးလျှက်သားနဲ့ အခုလို ကြန့်ကြာတဲ့အ‌ပေါ် ‌ဒေသခံ‌တွေက စဉ်းစားမရ ဖြစ်‌နေပါတယ်။ ဒါ‌ကြောင့် မြန်မြန် အ‌ကောင်အထည်‌ဖော်‌စေချင်ကြတယ်။ ဆက်လက်ပြီး အ‌ကောင်အထည်‌ဖော်နိုင်ဖို့ ကျ‌နော်တို့ ‌ဒေသခံ‌တွေ တိကျတဲ့ အ‌ဖြေတစ်ခု သိချင်တယ်”ဟု ၎င်းက ‌ပြောသည်။

‌ကျေးလက်ကျန်းမာ‌ရေးအ‌ဆောက်အဦးတည်‌ဆောက်သွားရန် မူလက လျာထားခံရသည့် ငှက်‌ပျော‌တော ‌ကျေးရွာ ‌မြေ‌နေရာ၌ ပြည်နယ်အစိုးရ ချ‌ပေးသည့် ကျပ်‌ငွေ ၁၃၇ သိန်းဖြင့် (၂)ခန်းတွဲ သန့်စင်ခန်းတစ်လုံးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် တည်‌ဆောက်ပြီးစီးပြီဖြစ်သလို ယင်း‌မြေ‌နေရာကို ကျပ်သိန်း ၆ဝ အကုန်ခံကာ ‌ကော့လုံကျွန်း‌ပေါ်ရှိ ‌ကျေးရွာများမှ စု‌ပေါင်းဝယ်ယူထားသဖြင့် ‌နေရာ‌ပြောင်း‌ရွှေ့ရန် မလိုလားကြ‌ကြောင်း ‌ဒေသခံအများစုက ဆိုသည်။

ထို့အပြင် အဆိုပါ ‌ကျေးလက်ကျန်းမာ‌ရေးဋ္ဌာန အ‌ဆောက်အဦး ဆက်လက်တည်‌ဆောက်ရန် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာ‌ရေးနှစ်အတွက် ကျပ်‌ငွေ သိန်း ၁,၂၆ဝ ကို ပြည်နယ်အစိုးရမှ ချ‌ပေးရန် သ‌ဘောတူထားမှုများ ရှိခဲ့ပြီဖြစ်သည်ဟု ‌ဒေသခံ တာဝန်ရှိသူများထံမှ သိရသည်။

‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်‌ကျေးလက်ကျန်းမာ‌ရေးဋ္ဌာနကို ငှက်‌ပျော‌တော‌ကျေးရွာ သို့မဟုတ် ကို‌မောင်ရှမ်းစု (တပ်စခန်း)တို့ တစ်‌နေရာရာတွင် တည်‌ဆောက်သွားရန် အငြင်းပွားမှုဖြစ်ပွားလျှက်ရှိပြီး ယင်းကိစ္စအ‌ပေါ် မည်သို့ ‌ဖြေရှင်းနိုင်ရန် ယခုလ ‌အောက်တိုဘာ ၁၇ ရက်‌နေ့က ကရင်ပြည်နယ် လွှတ်‌တော်ဥက္ကဋ္ဌ ‌စောချစ်ခင်နှင့် ငှက်‌ပျော‌တော‌ကျေးရွာ တာဝန်ရှိသူအချို့တို့ ‌တွေ့ဆုံခဲ့သည်ဟု ငှက်‌ပျော‌တော‌ကျေးရွာ ဥက္ကဋ္ဌ ‌စောသန်းဦးက ယခုလို ‌ပြောသည်။

‌စောသန်းဦးက “ကျ‌နော်တို့‌တွေ့ဆုံကြတာ ကျ‌နော်တို့ ဖြစ်ချင်သလို‌တော့ မရခဲ့ဘူး။ ဒါ‌ပေမဲ့ ကျန်းမာ‌ရေးဋ္ဌာန တည်‌ဆောက်ဖို့ အရင်က သတ်မှတ်ထားတဲ့ ငှက်‌ပျော‌တော ‌မြေ‌နေရာဟာ မိုးရာသီ ‌ရေနစ်မြှုပ်တာ မရှိဖူးသလို ကျွန်းရဲ့ အလယ်ဗဟိုလည်း ကျတယ်။ ‌နောက် အ‌ဆောက်အဦးတချို့ကိုလည်း တည်‌ဆောက်ထားပြီ။ ဘာ‌တွေ ချို့ယွင်းချက်ရှိလဲ သိချင်ရင် အထက်က သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူ‌တွေ ‌သေ‌သေချာချာ လာ‌ရောက် စိစစ်‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျေးလက်ကျန်းမာ‌ရေးဋ္ဌာနကို ကို‌မောင်ရှမ်းစု (တပ်စခန်း)သို့ ‌နေရာ‌ပြောင်း‌ရွှေ့တည်‌ဆောက်မည် ဆိုပါက ယခုအချိန်ထိ ၎င်း‌မြေ‌နေရာတွင် ခုတ်ထွင်ရှင်းလင်းခြင်း မပြုလုပ်ရ‌သေး‌ကြောင်းနှင့် အမှန်တကယ် တည်‌ဆောက်သွားမည့် ‌မြေ‌နေရာကို စိစစ်ရန် ‌ဒေသခံများ စု‌ပေါင်းလက်မှတ်ထိုး၍ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများထံ ယခုုလအတွင်း စာတင်ပြသွားမည်ဟုလည်း ‌စောသန်းဦးက ဆက်‌ပြောသည်။

ကို‌မောင်‌ကျေးလက်ကျန်းမာ‌ရေးဋ္ဌာန တည်‌ဆောက်ပြီးစီးပါက ‌ကော့လုံကျွန်းဧရိယာရှိ ကို‌မောင်‌ကျေးရွာ အုပ်စုနှင့် မြ‌လေး ‌ကျေးရွာအုပ်စုတို့အပြင် တခွက်ဖိုး၊ အင်းနို့သိပ္ပံနှင့် ‌နော‌ကော့ စသည့် ‌ကျေးရွာအုပ်စု စုစု‌ပေါင်း ၅ခုအတွင်း ‌ကျေးရွာ‌ပေါင်း ၂၄ရွာတို့အတွက် အ‌ထောက်အကူပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။