Home သတင်း တနသင်္ာရီတိုင်း၏ JMC-S ဒုဥက္ကဌ(၁)ဖြစ်သူ KNLA စစ်ဆင်‌ရေးမှူး တာဝန်မှနှုတ်ထွက်စာတင်

တနသင်္ာရီတိုင်း၏ JMC-S ဒုဥက္ကဌ(၁)ဖြစ်သူ KNLA စစ်ဆင်‌ရေးမှူး တာဝန်မှနှုတ်ထွက်စာတင်

2130
ဇူလိုင် ၄ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-S တွင် ဒုဥက္ကဌ (၁) အဖြစ် တာဝန်ယူထားသူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA စစ်ဆင်‌ရေးမှူး ဗိုလ်မှူးကြီး‌စောမူကယ်သည် ၎င်း ၏ လက်ရှိတာဝန်မှ နှုတ်ထွက်‌ကြောင်း ပြီးခဲ့သည့် ဇွန်လ ၃ဝရက်‌နေ့က စာတင်ခဲ့သည်ဟု သိရသည်။

အဆိုပါနှုတ်ထွက်စာကို အစိုးရ၊ KNU နှင့် အရပ်ဘက်ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဝင် ၁၄ဦးဖြင့် ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၂၅ရက်‌နေ့က ဖွဲ့စည်းထားသည့် တနသင်္ာရီတိုင်း‌ဒေသကြီးအဆင့် JMC-S ထံ ‌ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထိုသို့နှုတ်ထွက်ရသည့် ကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး‌စောမူကယ်က ယခုလို ‌ပြောသည်။

“ကျ‌နော့်သ‌ဘောထားနဲ့ ပတ်သက်ပြီး‌တော့ အားလုံးက ကျ‌နော့်နှုတ်ထွက်စာထဲမှာ ပါပါတယ်။ ဒါ‌ကြောင့် ဒါပဲ ပြည့်စုံတယ်‌လေ။ အထူးအ‌ထွေက‌တော့ တခြားဘာမှမရှိပါဘူး။”ဟု ဗိုလ်မှူးကြီး‌စောမူကယ်က ‌ကေအိုင်စီသို့ ယမန်‌နေ့က အတည်ပြု ‌ပြောဆို သည်။

ပြီးခဲ့သည့် ဇွန်လက ထားဝယ်မြို့နယ်အတွင်းရှိ KNU ဂိတ်တစ်ခုဖြစ်သည့် ထီးခီးဂိတ်အား တပ်မ‌တော်မှ ဗျူဟာမှူးနှင့် တိုင်း‌ဒေ သကြီးအစိုးရမှ ဖယ်ရှား‌ပေးရန် ‌ပြောဆိုအ‌ကြောင်းကြားမှုများ ရှိခဲ့သည့်အတွက် နှစ်ဖက် မ‌ပြေလည်မှုများဖြစ်‌ပေါ်ခဲ့ပြီး‌နောက် JMC-S တွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးမှ ယခုလို နှုတ်ထွက်မှု ဖြစ်‌ပေါ်လာခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး‌စောမူကယ်၏ နှုတ်ထွက်စာထဲတွင် ၎င်းအ‌နေဖြင့် JMC-S တာဝန်ထမ်း‌ဆောင်‌နေရခြင်းထက် တပ်ဖွဲ့ဝင်များအား အနီး ကပ် ပြန်လည်ကွပ်ကဲသူအဖြစ်သာ သင့်‌လျော်‌ကြောင်း ယူဆသည့်အပြင် ဖွဲ့စည်းထားသည့် JMC-S ကို ပြဿနာတစုံတခု ဖြစ် ပွားပါက ‌ဖြေရှင်းရန် အသုံးမပြုသည့်အတွက် ၎င်း‌ကော်မတီတွင် မိမိပါဝင်‌နေခြင်းသည် နှစ်ဖက်စလုံးအတွက် အကျိုးမဖြစ်လာ နိုင်ဟု ယုံကြည်သည့်အတွက် နှုတ်ထွက်ခြင်းဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

တိုင်း‌ဒေသကြီးအဆင့် JMC-S ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် NCA စာချုပ်တွင် ပါရှိသည့် နှစ် ဖက်တပ်လိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များ ထိန်းသိမ်းလိုက်နာမှုအ‌ပေါ် ‌စောင့်ကြည့်‌လေ့လာပြီး အငြင်းပွားမှုများ ဖြစ်လာပါ က ‌ဖြေရှင်း‌ပေးရန် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို အ‌ထောက်အကူပြု‌စေရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယခုဖြစ်ပွား‌နေသည့် ထီးခီးဂိတ်ပြဿနာများနှင့် ပတ်သက်၍ ဇူလိုင်လ ၂ရက်‌နေ့ မြိတ်မြို့ရှိ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွင် JMC-S အဖွဲ့ဝင်များမှ အ‌ရေး‌ပေါ်အစည်းအ‌ဝေး‌ခေါ်ယူကာ နှစ်ဖက်ညှိနှိုင်း‌ဆွေး‌နွေးများ ပြုလုပ်ခဲ့ကြရာတွင် ‌ပြေလည်မှု အချို့ရှိခဲ့ သည်ဟု JMC-S အဖွဲ့ဝင်တစ်ဦးဖြစ်သူ စဧရာဝင်းက ‌ပြောသည်။

“ထီးခီးပြဿနာ စဖြစ်ခါစတုန်းက လုပ်ထုံးလုပ်နည်း‌တွေနဲ့ အနည်းငယ် လွှဲ‌ချော်မှု‌လေး‌တွေရှိခဲ့တယ်။ အဲဒီအတွက် JMC မှာပါတဲ့ အချက်အလက်‌တွေ လုပ်ထုံးလုပ်နည်း‌တွေအတိုင်း နှစ်ဖက်လိုက်နာပြီး ညှိနှိုင်း‌ဆောင်ရွက်သွားဖို့ ‌ဆွေး‌နွေးခဲ့တယ်။ ‌နောက်ပြီး အလားတူ ထီးခီးလိုပြဿနာမျိုး ထပ်မံ မဖြစ်ပွားဖို့ကိုလည်း နှစ်ဖက်စလုံးက‌နေ ကတိကဝတ်ပြုထားကြပါတယ်”ဟု ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဘိတ်-ထားဝယ်တာဝန်ရှိသူများဘက်မှ အဆိုပါပြဿနာများကို ငြိမ်းချမ်းစွာအ‌ဖြေရှာပြီး တစ်ဆင့်ချင်း ‌ဖြေရှင်းသွားမည်ဖြစ်သလို တပ်ဖွဲ့ဝင်မိသားစုများ၏ စားဝတ်‌နေ‌ရေးနှင့် ဆက်စပ်‌နေသည့်အတွက် အဆိုပါဂိတ်အား ဆက်လက် ထားရှိသွားမည်ဖြစ်‌ကြောင်း ‌ပြောဆိုထားသည်။

NCA လက်မှတ်‌ရေးထိုးပြီး‌နောက် စာချုပ်ပါ အ‌ကောင်အထည်လုပ်‌ဆောင်ရမည့် လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သည့် တိုင်း (သို့မဟုတ်) ပြည်နယ်အဆင့် JMC-S ဖွဲ့စည်းခြင်းကို KNU ၏ ဘိတ်-ထားဝယ်ခရိုင်တွင် ပထမဆုံး စတင် အ‌ကောင်အထည်‌ဖော် ခဲ့ခြင်းဖြစ်သည်။ ထို့‌နောက် KNU နယ်‌မြေနှင့် ဆက်စပ်‌သော ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် ပြီးခဲ့သည့် ဇွန်လ ၂၉ရက် နှင့် ၃ဝရက်‌နေ့များက JMC-S ကို အသီးသီး ဆက်လက် ဖွဲ့စည်းခဲ့ကြသည်။