Home သတင်း မူးယစ်ပြဿနာကို ပြည်နယ်လွှတ်‌တော်၌ တင်ပြမည်ဟု လွှတ်‌တော်ကိုယ်စားလှယ် ‌စောထူးက‌ပေါ်‌ပြော

မူးယစ်ပြဿနာကို ပြည်နယ်လွှတ်‌တော်၌ တင်ပြမည်ဟု လွှတ်‌တော်ကိုယ်စားလှယ် ‌စောထူးက‌ပေါ်‌ပြော

1810

ဇွန် ၂၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

‌ဒေသတွင်း စိန်‌ခေါ်‌နေသည့် မူးယစ်‌ဆေးဝါးပြဿနာကို အဓိက လုပ်‌ဆောင်‌နေသူများအား ထိ‌ရောက်စွာ ဖမ်းဆီးအ‌ရေးယူနိုင် ရန် စီမံချက်တစ်ရပ် ‌ရေးဆွဲပြီး ပြည်သူများနှင့်ပူး‌ပေါင်းကာ လွှတ်‌တော်သို့ တင်ပြပြီး ‌ဖြေရှင်းသွားမည်ဟု ဇွန်လ ၂၈ရက်‌နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးရုံး၌ ပြုလုပ်‌သော လူထုနှင့် လွှတ်‌တော်ကိုယ်စားလှယ်များ ‌တွေ့ဆုံပွဲ တွင် လွှတ်‌တော်ကိုယ်စားလှယ်(၁) ‌စောထူးက‌ပေါ်က ‌ပြောသည်။

၎င်းက “အခု မူးယစ်‌ဆေးဝါးက အလွှာအသီးသီးက‌နေ ဝင်‌ရောက်တာ‌တွေ ရှိတယ်။ အလယ်တန်း၊ အထက်တန်း‌ကျောင်းသား ‌တွေ သုံးစွဲလာတာ‌တွေ ကြား‌နေရတယ်။ အချို့တက္ကသိုလ်အဆင့်မြင့် ပညာသင်ကြား‌နေတဲ့ ‌ကျောင်းသား‌တွေက အိမ်က မိဘ ‌တွေ ပိုက်ဆံ မ‌ထောက်ပံ့‌ပေးနိုင်လို့ မူးယစ်‌ဆေးဝါးကို တဆင့်‌ရောင်းဝယ်ပြီး ‌ကျောင်းသွား‌နေရတာ‌တွေက ကျ‌နော်တို့ ကရင် ပြည်နယ်မှာ စိတ်မ‌ကောင်းဖွယ်ရာ ကြား‌နေရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွက် ငြိမ်းချမ်း‌ရေးနှင့် မူးယစ်‌ဆေးဝါးပြဿနာမှာ ပြည်နယ်ဖွံ့ဖြိုး‌ရေးလုပ်ငန်း ‌ဆောင်ရွက်ရာတွင် အဓိက စိန်‌ခေါ်ချက်တစ်ရပ်ဖြစ်‌နေပြီး မူးယစ်‌ဆေးပြဿနာများ‌ကြောင့် နိုင်ငံအ‌နေဖြင့်လည်း နိုင်ငံတကာတွင် မျက်နှာငယ်ခဲ့ရသည်ဟု လည်း ‌စောထူးက‌ပေါ်က ဆက်‌ပြောသည်။

ယင်းလူထု‌တွေ့ဆုံပွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်(၁)‌စောထူးက‌ပေါ်၊ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်(၂) ဦးတင်မျိုးဦးနှင့် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်(၁) ‌နော်ဆာမူထူးတို့မှ လွှတ်‌တော်အ‌တွေ့အကြုံများကို ရှင်းလင်းခြင်း၊ မြို့နယ်တစ်မြို့နယ်လျှင် နိုင်ငံ‌တော်မှ ဘတ်ဂျက်ကျပ်သိန်း (၁၀၀၀) ချထား‌ပေးမှုအ‌ပေါ် ၎င်းတို့မဲဆန္ဒနယ်မှ ‌ဒေသခံလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်း‌ပေးနိုင်ရန် ‌မေးမြန်းခြင်းနှင့် မူးယစ်‌ဆေးဝါးကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့ကြသည်။

‌တွေ့ဆုံပွဲသို့ တက်‌ရောက်ခဲ့သူ ခလယ်ရွာသား ‌စော‌ရွှေလှဝင်းက “မူးယစ်‌ဆေးဝါးပြဿနာကို တာဝန်ရှိသူ‌တွေက ဖမ်းဆီးအ‌ရေး ယူမှု‌တွေ ရှိ‌နေ‌ပေမယ့်လည်း အားရမှုမရှိဘူး။ လူငယ်၊ လူကြီးအပြင် ‌ကျောင်းသား‌တွေပါ ‌ဆေးသုံးစွဲလာ‌နေကြတယ်။ ရွာ‌တွေမှာ ဆို မူးယစ်‌ဆေးဝါး‌ကြောင့်ပဲ အိမ်‌ထောင်‌ရေး ကွဲရတာ‌တွေ၊ မိသားစု‌တွေကို ဓားနဲ့လိုက်ခုတ်တာ‌ရော၊ ရူးသွားတဲ့လူ‌တွေလည်း အများကြီးရှိသွားပြီး။ ဒီကိစ္စကို တာဝန်ရှိသူ‌တွေ ထိထိ‌ရောက်‌ရောက် ‌ဆောင်ရွက်‌ပေးဖို့ ‌တောင်းဆိုချင်ပါတယ်”ဟု ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၌ မူးယစ်‌ဆေးဝါးသုံးစွဲမှု‌ကြောင့် ‌သေ‌ကြောင်းကြံစည်မှုများ၊ စိတ်‌ဖောက်ပြန်၍ ဓားခုတ် မှု ဖြစ်ပွားခြင်းများအပြင် ရန်ကုန်တိုင်းရှိ ရွာသာကြီး‌ဆေးဖြတ်စခန်းသို့ သွား‌ရောက်ကုသခဲ့ရသည့် ဝင်း‌ရော်‌ဒေသခံရွာသား ၁ဝဦး ရှိသွားပြီဖြစ်‌ကြောင်းလည်း ‌ဒေသတာဝန်ရှိသူများက ဆိုသည်။

ယမန်‌နေ့က ပြုလုပ်‌သော လွှတ်‌တော်အမတ်များနှင့် မဲဆန္ဒရှင်လူထု ‌တွေ့ဆုံပွဲသို့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်‌ကျေးရွာအုပ် စုမှ ခလယ်ရွာ၊ မြို့‌ဟောင်း၊ ရွာ‌လေး၊ ဘုရားငါးဆူ၊ ‌နောင်း‌ဒေ့ စသည့်‌ကျေးရွာမှ အုပ်ချုပ်‌ရေးမှူးများနှင့် ရပ်မိရပ်ဖများ စုစု‌ပေါင်း (၂၀)‌ကျော် တက်‌ရောက်ခဲ့ကြပြီး အဆိုပါ‌တွေ့ဆုံမှုမှာ ၂၀၁၅‌ရွေး‌ကောက်ပွဲတွင် အ‌ရွေး‌ကောက်ခံ လွှတ်‌တော်ကိုယ်စားလှယ်များ အ‌နေဖြင့် ပထမဦးဆုံးအကြိမ် လူထုနှင့် ‌တွေ့ဆုံခြင်းဖြစ်သည်။