Home သတင်း ‌နော်အုန်းလှ အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်‌ပေးရန် Burma Campaign UK ‌တောင်းဆုို

‌နော်အုန်းလှ အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်‌ပေးရန် Burma Campaign UK ‌တောင်းဆုို

1393

မတ် ၁၆ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသမီး နိုင်ငံ‌ရေးအကျဉ်းသူ ‌နော်အုန်းလှ အပါအဝင် အခြား‌သော နိုင်ငံ‌ရေးအကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်‌ပေးရန် ယူ‌ကေနိုင်ငံအ‌ခြေစိုက် မြန်မာ့အ‌ရေး စည်းရုံးလှုံ့‌ဆော်‌ရေးအဖွဲ့ Burma Campaign UKက မတ်လ ၁၄ ရက်‌နေ့က သတင်းထုတ်ပြန်ကာ ‌တောင်းဆိုလိုက်သည်။

“‌နော်အုန်းလှဟာ သူမရဲ့ ငြိမ်းချမ်းစွာနဲ့ နိုင်ငံ‌ရေးလှုပ်ရှားမှုအတွက် ‌ထောင် ၆နှစ်‌ကျော် ကျခံရတယ်။ ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ် မှုအတွက် မတရား ရင်ဆိုင်‌နေရတယ်။ သူမ ဒီထက် ‌ထောင်ဒဏ် ကျခံရနိုင်တယ်။ အစိုးရက ဖိနှိပ်ချုပ်ချယ်‌သော ဥပ‌ဒေကို သုံး ပြီး‌တော့ ‌နော်အုန်းလှလို နိုင်ငံ‌ရေးလှုပ်ရှားသူများကို ခြိမ်း‌ခြောက်‌ထောင်ချတယ်။ ‌နော်အုန်းလှနဲ့ အခြားနိုင်ငံ‌ရေးအကျဉ်းသားများ ကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်‌ပေးသင့်တယ်”ဟု Burma Campaign UK ‌ပြောခွင့်ရသူ မ‌ဝေနှင်းပွင့်သုန်က ‌ပြောသည်။

လက်ရှိ ပြုပြင်‌ပြောင်းလဲ‌ရေးမှုနှင့် နိုင်ငံ‌ရေးအကျဉ်းသားများကို လွှတ်‌ပေး‌နေ‌သော်လည်း မြန်မာနိုင်ငံ ‌ထောင်ထဲတွင် ကျန်ရှိ‌နေ သည့် နိုင်ငံ‌ရေးအကျဉ်းသားများ၏ အ‌ရေအတွက်မှာ အများအပြားရှိ‌နေ‌သေးသလုို ‌နော်အုန်းလှအမှုနှင့် ပတ်သက်ပြီး နိုင်ငံ‌ရေး နှင့် ပတ်သက်‌သော ‌ထောင်ဒဏ်‌ပေးမှုကိစ္စများကို မီး‌မောင်းထိုးပြရန်အတွက် စည်းရုံးလှုံ့‌ဆော်မှုများ စတင်လုပ်‌ဆောင်‌နေပြီဟု (Burma Campaign UK)၏ သတင်းထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း(‌အေ‌အေပီပီ)အတွင်း‌ရေးမှူး ကိုတိတ်နိုင်က “အခု အ‌ခြေအ‌နေမှာ ‌တော့ သမ္မတအသစ်လည်း ‌ပေါ်လာပြီ။ အစိုးရအသစ်လွှဲ‌ပြောင်းခြင်းနဲ့အတူ နိုင်ငံ‌ရေးအကျဉ်းသား‌တွေကိုုလည်း အားလုံး ပြန် လွှတ်‌ပေး‌စေချင်တယ်။ ပြည်ထဲ‌ရေးက ဒီကိစ္စကို ကိုင်ထားတဲ့အခါကျ‌တော့ သူတို့ရဲ့ ဆုံးဖြတ်ကလည်း အဓိကကျတယ်။ ကာ ချုပ်ရဲ့ ဆုံးဖြတ်ချက်ကလည်း အဓိကကျပါတယ်။ ကျ‌နော်တို့က‌တော့ ‌တောက်‌လျှောက်ပဲ ‌တောင်းဆိုသွားမှာပါ။ ‌နောက်အစိုးရ ကျရင် ‌သေချာသ‌လောက်က‌တော့ မတရားတဲ့ တဖက်သတ်ဆန်‌နေတဲ့ ဥပ‌ဒေ‌တွေကို ပြန်ပြီး‌တော့ လုပ်မယ်လို့ ယုံကြည်ပါ တယ်။ အဲဒီအခါကျရင်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ ကိစ္စမျိုးဆိုတာလည်း ‌ပေါ်လာမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေး အမျိုးသမီးများကွန်ရက် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌နော်အုန်းလှ အပါအဝင် သူမနှင့် ခံယူချက်တူသူများ သည် ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က တရုတ်နှင့် မြန်မာစစ်တပ်တို့ ပူး‌ပေါင်း အ‌ကောင်အထည်‌ဖော်‌ဆောင်‌နေ‌သော လက်ပံ‌တောင်း ဖွံ့ဖြိုး‌ရေးစီမံကိန်းကို ဆန့်ကျင်၍ ချီတက်ဆန္ဒပြ‌နေစဉ် အဖမ်းခံခဲ့ရပြီး လက်ရှိ အင်းစိန်‌ထောင်တွင် ၆နှစ်နှင့် ၂လ ‌ထောင်ဒဏ် ကျ ခံလျှက်ရှိသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်း‌ထောင်များတွင် ‌နော်အုန်းလှ အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသား/အကျဉ်းသူ (၉၀)ဦးအပြင် နိုင်ငံ‌ရေးအရ တရားရင်ဆိုင်‌နေရဆဲဖြစ်သူ ၄၁၆ဦးရှိသည့်အနက် ၁၃၂ဦးကိုု အကျဉ်း‌ထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသည် ဟု ‌အေ‌အေပီပီ၏ ‌နောက်ဆုံးစာရင်းအရ သိရသည်။