Home သတင်း ကုန်တင်ကားဖြတ်သန်းမှု များပြားခြင်း‌ကြောင့် ‌ကော့ကရိတ်မြို့နယ် လှိုင်ဝရွာတွင်းလမ်းမ ပျက်စီး

ကုန်တင်ကားဖြတ်သန်းမှု များပြားခြင်း‌ကြောင့် ‌ကော့ကရိတ်မြို့နယ် လှိုင်ဝရွာတွင်းလမ်းမ ပျက်စီး

1701

မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

‌ကော့ကရိတ်မြို့နယ် ‌ရေ‌ကျော်ကြီး ‌ကျေးရွာအုပ်စုရှိ လှိုင်ဝ‌ကျေးရွာအတွင်း ရွာလမ်းမကို ‌ခြောက်ဘီး၊ ရှစ်ဘီး၊ ဆယ့်နှစ်ဘီး ကုန် တင်ကားကြီးများ ဖြတ်သန်းသွားလာမှု‌ကြောင့် ရွာလမ်းမ ပျက်စီးလျှက်ရှိသည်ဟု ‌ဒေသခံရွာသားများက ယ‌နေ့ မတ်လ ၁၅ရက် ‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုလိုက်သည်။

ယခင်လ ‌ဖေ‌ဖော်ဝါရီမှစ၍ ကရင်ပြည်နယ် အစိုးရက လိုင်စင်မဲ့ယာဉ်ကားများကို ဖမ်းဆီးကာလအဖြစ် သတ်မှတ်ပြီး‌နောက် ဖားအံ-မြဝတီ သွားလာ‌သော ကုန်တင်ကားများသည် ‌ကော့ကရိတ် ယာဉ်စစ်‌ဆေး‌ရေးဂိတ်ကို မဖြတ်သန်းဘဲ လှိုင်ဝရွာအတွင်း လမ်းမကို ပိုအသုံးပြုလာသည့်အတွက် အခက်အခဲအမျိုးမျိုး ကြုံ‌တွေ့လာရသည်ဟု လှိုင်ဝရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ကိုစိုးနိုင် က ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ရွာတွင်းက‌နေ ကုန်ကားကြီး‌တွေ တစ်‌နေ့လုံး၊ တစ်ညလုံး ဖြတ်‌မောင်း‌နေတယ်။ လမ်းမကြီးရှိလျှက်သားနဲ့ အခုကား ‌တွေ‌ကြောင့် ရွာလမ်း‌တွေ၊ (‌မြောင်း)တံတား‌တွေ၊ ‌ရေပိုက်‌တွေ ပျက်တယ်။ ဖုန်‌တွေ အိမ်‌တွေထဲ ဝင်တယ်။ ခ‌လေး‌တွေအတွက် ကားနဲ့ ထိခိုက်မိမှာ စိုးရိမ်‌နေရတယ်။ ရွာလမ်းမအတွင်း ကား‌တွေ ‌မောင်းနှင်တာ ကားသမား‌တွေကို‌မေး‌တော့ လူကြီးကား‌တွေ ‌မောင်းခိုင်းလို့ဖြစ်တယ် ပြန်‌ဖြေတယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါကုန်တင်ကားများသည် မြဝတီနယ်စပ်ဂိတ်များမှ ကုန်ပစ္စည်းများ တင်‌ဆောင်ကာ ‌ကော့ကရိတ်မြို့ အာရှလမ်းထိပ် အဖွဲ့စုံ စစ်‌ဆေး‌ရေးဂိတ်၊ မြို့ဝင်‌ကြေး၊ တံတားဖြတ်သန်းခ၊ ကုန်စည်ခွန်နှင့် ကုန်ချိန်ကတ္တားဂိတ်ခွန်များကို မ‌ပေး‌ဆောင်လို၍ အစစ် ‌ဆေးမခံဘဲ လှိုင်ဝတံတားအနီး လှိုင်ဝ‌ကျေးရွာတွင်း လမ်းသွယ်များအတွင်း တစ်လခန့်ကြာ ဖြတ်သန်း‌မောင်းနှင်လာခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ ‌ရှောင်ကွင်း‌မောင်းနှင် ဖြတ်သန်းသွားလာရာ၌ ယင်းလမ်း၏ လမ်းအဝင်နှင့် အထွက်တွင် ‌ငွေ‌ကြေး‌ကောက်ခံဂိတ် တစ်ခုစီ ထားရှိသလို လှိုင်ဝရွာအတွင်း၌လည်း ‌ငွေ‌ကြေး‌ကောက်ခံသည့်ဂိတ်တစ်ခု ရှိသည်ဟု ရွာခံများက ‌ပြောသည်။

‌ရေ‌ကျော်ကြီး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ခွန်‌အောင်စိုးက “ဒါက ကားလမ်းမမှ မဟုတ်တာ။ ကျ‌နော်တို့ မ‌ပေးဖြတ်ချင်ဘူး။ ရွာသား ‌တွေကို ခဏ‌တော့ ‌စောင့်ကြည့်ဦးလို့ ‌ပြောပြထားတယ်။ အခု အ‌နေအထားက‌တော့ ရွာလူထူ စု‌ပေါင်းကန့်ကွက်တဲ့ အားကိုယူပြီး မဖြစ်မ‌နေ ဒီလိုဖြတ်သန်း‌မောင်းနှင်‌နေတာကို ပိတ်ပင်တားဆီးဖို့ ကျ‌နော်တို့ လုပ်‌ဆောင်မယ်လို့ စဉ်းစားထားတယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

လှိုင်ဝ‌ကျေးရွာ အတွင်းလမ်း ကားဝင်လာနိုင်ရန်အတွက် ယခင် ‌ရေ‌ကျော်ကြီး‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး၏ ‌မြေခြံတစ်ခုကို ဖြတ် လမ်းအဖြစ် ‌ဖောက်လုပ်ထားရ‌ကြောင်းနှင့် ‌နေ့စဉ် ကုန်တင်ကား ရာနှင့်ချီ၍ ဖြတ်သန်း‌မောင်းနှင်လျှက်ရှိ‌ကြောင်း ရွာခံများက ဆို သည်။

အမည်မ‌ဖော်လိုသူ မြဝတီ-‌ကော့ကရိတ် တရားဝင်လမ်းတံတား‌ကြေး ‌ကောက်ခံသည့် တာဝန်ရှိသူတစ်ဦးက “ကျ‌နော်တို့က ‌တော့ လမ်းမကြီးအတိုင်း ကား‌တွေဖြတ်မှ ပိုက်ဆံရတာ‌လေ။ အဲလိုရွာထဲက ပတ်ထွက်‌နေ‌တော့ ဝင်‌ငွေ‌တွေ နစ်နာတာ‌ပေါ့။ ဒါနဲ့ ပတ်သက်ပြီး မှတ်ချက်သ‌ဘောမျိုး‌တော့ မ‌ပေးချင်ဘူး။ အခုကိစ္စက ဌာနဆိုင်ရာကလည်း မသိဘူးလားဆို‌တော့ သိ‌နေတာပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရေ‌ကျော်ကြီး‌ကျေးရွာအုပ်စုအတွင်း၌ ‌ရေ‌ကျော်ကြီး၊ ‌ရေ‌ကျော်‌လေး၊ လှိုင်ဝ၊ တံတားကြိုးကုန်းနှင့် ကြက်မတွန်ကုန်း စသည့် ‌ကျေးရွာများ တည်ရှိသည်။