Home တွေ့ဆုံမေးမြန်းခန်း ကရင်ပြည်နယ်အတွင်း လတ်တ‌လော ‌မြေမြှုပ်မိုင်းအ‌ခြေအ‌နေနှင့် ပတ်သက်၍ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG) ‌ပြော‌ရေးဆိုခွင့် ရှိသူ ‌စော‌ဝေ‌လေးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ကရင်ပြည်နယ်အတွင်း လတ်တ‌လော ‌မြေမြှုပ်မိုင်းအ‌ခြေအ‌နေနှင့် ပတ်သက်၍ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG) ‌ပြော‌ရေးဆိုခွင့် ရှိသူ ‌စော‌ဝေ‌လေးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

1784
ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

“ကရင်ပြည်နယ်မှာဆိုရင် ‌မြေမြှုပ်မိုင်း ‌ထောင်တဲ့‌နေရာမှာ ‌မြေပုံအတိအကျ မလုပ်ထားတဲ့အတွက် ‌မြေမြှုပ်မိုင်းရှင်းလင်းမှု‌တွေ လုပ်‌ဆောင်ရင်‌တောင် လွယ်ကူမှာ မဟုတ်လို့ ရွာသား‌တွေအတွက် ကြီးမားတဲ့ အန္တရာယ်ရှိ‌နေတုန်းပါပဲ။”

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းအချို့ကြား ၂၀၁၂ခုနှစ်မှစ၍ အပစ်အခတ်ရပ်စဲမှု သ‌ဘောတူ ညီမှုများ ရယူပြီး‌နောက်ပိုင်း ကရင်ပြည်နယ်အတွင်း ‌မြေမြှုပ်မိုင်း အသုံးပြုမှုနှင့် ‌မြေမြှုပ်မိုင်း‌ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အ‌ခြေအ ‌နေများကို ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)၏ စည်းရုံးလှုံ့‌ဆော်မှု တာဝန်ခံတစ်ဦးဖြစ်သူ ‌စော‌ဝေ‌လေးအား ‌ကေအိုင်စီက ‌တွေ့ ဆုံ‌မေးမြန်းထားခြင်း ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုအ‌ခြေအ‌နေ မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို စည်းရုံးလှုံ့‌ဆော်မှုများလုပ်‌နေသည့် KHRG သည် ကရင်ပြည်နယ်အတွင်း ‌မြေမြှုပ်မိုင်းကိစ္စနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပုံမှန် စု‌ဆောင်းပြီး အစိုးရမဟုတ်‌သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် The International Campaign to Ban Landmines (ICBL) ထံသို့ တနှစ်တစ်ကြိမ် ပုံမှန် အစီရင်ခံစာ တင်ပြ‌ပေးလျှက်ရှိသည်။

‌ကေအိုင်စီ – ပထမဦးဆုံးအ‌နေနဲ့ လတ်တ‌လော ကရင်ပြည်နယ်မှာ ‌မြေမြှုပ်မိုင်းအသုံးပြုမှုနဲ့ ‌မြေမြှုပ်မိုင်း‌ကြောင့် ထိခိုက်ဒဏ်ရာရ ရှိမှု အ‌ခြေအ‌နေ ဘယ်လိုရှိပါသလဲ။
လက်ရှိ ‌မြေကြီး‌အောက်မှာရှိတဲ့ ‌မြေမြှုပ်မိုင်း‌ဟောင်း‌တွေက‌တော့ အများကြီးပါတယ်။ မြန်မာပြည်မှာ ‌မြေမြှုပ်မိုင်း အသုံး ပြုမှုက စက်နဲ့ထုတ်တဲ့ ‌မြေမြှုပ်မိုင်းရှိသလို လက်လုပ်‌မြေမြှုပ်မိုင်းလည်း ရှိပါတယ်။ စက်နဲ့ထုတ်လုပ်တဲ့ ‌မြေမြှုပ်မိုင်း‌တွေက‌တော့ နှစ်အကြာကြီးခံတဲ့အတွက် ‌မြေကြီး‌အောက်မှာနှစ်‌ပေါင်းများစွာ ရှိ‌နေ‌ပေမယ့်လည်း ထုတ်ယူရှင်းလင်းမှုမလုပ်ရင် အန္တရာယ်ရှိ တုန်းပါပဲ။ လက်နဲ့ ထုတ်လုပ်တဲ့ လက်လုပ်‌မြေမြှုပ်မိုင်း‌တွေက‌တော့ လ၊ နှစ်‌လောက်ပဲ ခံတဲ့အတွက် ‌ကောင်း‌ကောင်းမွန်မွန် ရှင်း လင်းမှု မလုပ်ရင်လည်းပဲ အလိုလို‌နေရင်း ပျက်စီးသွားနိုင်ပါတယ်။ သို့‌သော်လည်းပဲ ‌မြေမြှုပ်မိုင်း အသုံးပြုမှု လုပ်‌ဆောင်တဲ့‌နေရာ မှာ စက်လုပ်၊ လက်လုပ် အကုန်လုံး‌ပေါင်းပြီး အသုံးပြုတဲ့အတွက် ‌မြေမြှုပ်မိုင်း မရှိ‌တော့ဘူးလို့ ‌ပြောလို့မရနိုင်ပါဘူး။ မရှိဘူးလို့ ‌ပြောရင်လည်း မကြာမကြာ ရွာသား‌တွေ ‌မြေမြှုပ်မိုင်း နင်းမိပြန်ပါပြီ။ ရှိတယ်လို့ ‌ပြောရင်လည်း ‌နေရာအတိအကျ အလွယ်တကူ မညွှန်ပြနိုင်ဘူးဖြစ်‌နေတယ်။ ‌ပြောနိုင်တာ ‌မြေမြှုပ်မိုင်းက အများအပြားကျန်ရှိ‌နေတယ်။ ကရင်ပြည်နယ်မှာဆိုရင် ‌မြေမြှုပ်မိုင်း ‌ထောင်တဲ့‌နေရာမှာ ‌မြေပုံအတိအကျ မလုပ်ထားတဲ့အတွက် ‌မြေမြှုပ်မိုင်းရှင်းလင်းမှု‌တွေ လုပ်‌ဆောင်ရင်‌တောင် လွယ်ကူမှာ မဟုတ်လို့ ရွာသား‌တွေအတွက် ကြီးမားတဲ့ အန္တရာယ်ရှိ‌နေတုန်းပါပဲ။
အပစ်အခတ်ရပ်စဲ‌ရေးလုပ်ထား‌ပေမယ့်လို့ ဒီ ၂၀၁၅ခုနှစ်အတွင်းမှာပဲ ရွာသားတစ်‌ယောက် မိုင်းတက်နင်းမိပါ‌သေး တယ်။ မြဝတီ-‌ကော့ကရိတ် အာရှအ‌ဝေး‌ပြေး လမ်းမကြီးအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့စဉ်တုန်းက မိုင်းထပ်‌ထောင်တာရှိတယ်။ အဲဒါ‌ကြောင့် ရွာသား‌တွေ မိုင်းတက်နင်းမိတာဖြစ်တယ်။ အခု တက်နင်းမိတဲ့ ‌မြေမြှုပ်မိုင်း‌တွေက အများစုက ‌မြေမြှုပ်မိုင်း‌ဟောင်း ‌တွေ ဆို‌ပေမယ့်လို့ အသစ်‌တွေလည်း ပါပါတယ်။ အပစ်ခတ်ရပ်စဲပြီး‌နောက်ပိုင်းကစပြီး ‌မြေမြှုပ်မိုင်းနဲ့ ထိခိုက်ဒဏ်ရာရတာ ကရင် ပြည်နယ်၊ ‌ကေအဲန်ယူ တပ်မဟာ(၇)ခုထဲမှာ အ‌ယောက် ၃ဝနှုန်း‌လောက်ရှိတယ်။ ဒါက ကျ‌နော်တို့ သတင်းအချက်အလက် မ‌ကောက်နိုင်‌သေးတဲ့ စာရင်းလည်းရှိ‌သေးတယ်။

‌ကေအိုင်စီ – KHRG အ‌နေနဲ့ ဒီသတင်းအချက်အလက်‌တွေကို ဘယ်‌နေရာ၊ ဘယ်‌နေ‌ဒေသ‌တွေမှာ သွားပြီး‌ကောက်ခံတာလဲ။
ကျ‌နော်တို့ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့အ‌နေနဲ့က ‌မြေမြှုပ်မိုင်းကိစ္စနဲ့ပတ်သက်ပြီး‌တော့ အချက်အလက်‌တွေကို ပုံမှန် ဘယ်လို‌ကောက်ခံသလဲဆိုရင်‌တော့ ကရင်ပြည်နယ်၊ ခရိုင် ၇ခုထဲမှာ သတင်းအချက်အလက်‌ကောက်ခံတဲ့ ကျ‌နော်တို့လူ‌တွေက ဒီ‌မြေမြှုပ်မိုင်း သတင်းအချက်တစ်ခုခုရှိရင် ကျ‌နော်တို့ဆီကို ပုံမှန် ပို့‌ပေး‌နေပါတယ်။

‌ကေအိုင်စီ – KHRG ‌ကောက်ယူထားတဲ့ သတင်းအချက်အလက်အရ ကရင်ပြည်နယ်မှာ ‌မြေမြှုပ်မိုင်း ထိမှန်တဲ့လူ‌တွေထဲမှာ ဘယ်လိုလူပုဂ္ဂိုလ်မျိုးကို အများဆုံး‌တွေ့ရပါသလဲ။
‌မြေမြှုပ်မိုင်းထိမှန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အပိုင်း သုံးပိုင်းခွဲရမှာဖြစ်တယ်။ ပထမတစ်ပိုင်းက မိုင်းထိမှန်တဲ့ ရွာသားနဲ့ စစ် သား၊ စစ်သား‌တွေက မိုင်း‌ထောင်တဲ့‌နေရာမှာ ရွာသား‌တွေကို ဦးတည်ပြီး မ‌ထောင်ရင်‌တောင်မှ ကျ‌နော် ‌ကောက်ခံထားတဲ့ သတင်းအချက်အလက်အရ ‌မြေမြှုပ်ထိမှန်တာ အများဆုံးက ‌ဒေသခံ ရွာသား‌တွေပဲဖြစ်ပါတယ်။ စစ်သား‌တွေထက် ရွာသား‌တွေ ထိမှန်တာ ပိုများပါတယ်။ ‌နောက်ပြီး အမျိုးသားက အမျိုးသမီးထက် ထိမှန်တာ ပိုများတယ်။ က‌လေးအချို့လည်း ပါဝင်ပါတယ်။

‌ကေအိုင်စီ – ‌မြေမြှုပ်မိုင်း‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ လူ‌တွေက သူတို့ရဲ့ ဘဝရပ်တည်‌ရေးအတွက် ဘယ်လိုအခက်အခဲ ‌တွေ ရင်ဆိုင်‌နေရတာကို ‌တွေ့ရသလဲ။
ကျ‌နော်တို့ ‌တွေ့မြင်‌နေရတဲ့ အ‌ခြေအ‌နေရ ‌မြေမြှုပ်မိုင်းထိမှန်တဲ့ ရွာသား‌တွေက ‌နောက်ဆက်တွဲအ‌နေနဲ့ သူတို့ အသက် ‌မွေးဝမ်း‌ကျောင်းပြဿနာပါပဲ။ ‌မြေမြှုပ်မိုင်းထိမှန်တဲ့ ရွာသားအချို့က ‌ပြောပြကြတယ်။ သူတို့ရဲ့ မိသားစု စားဝတ်‌နေ‌ရေးကို ‌ဖြေ ရှင်းဖို့ အခက်အခဲရှိတဲ့အတွက် အရမ်း အားငယ်‌နေကြတယ်။ ‌ခြေနှစ်ဘက်ရှိစဉ်တုန်းက မိသားစု စားဝတ်‌နေ‌ရေးအတွက် အနိုင် နိုင် ‌ဖြေရှင်း‌နေရတယ်။ အခု ‌ခြေတစ်ဖက်နဲ့ မိသားစု စားဝတ်‌နေ‌ရေး‌ဖြေရှင်းဖို့က ပိုပြီးခက်ခဲတယ်လို့ ‌ပြောပြကြတယ်။ အချို့ဆို လည်း ‌ခြေတဖက်တည်းရှိတဲ့အတွက် အရင်ကလို အားရပါးရ မသွားနိုင်မလာနိုင်ဖြစ်‌တော့ စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကို ‌သေ ‌ကြောင်းကြံတဲ့အထိ ကြိုးစားခဲ့ဖူးတယ်။ အချို့ဆို ကိုယ့်ကိုယ်ကို သတ်‌သေ‌ပေမယ့် မ‌သေဘဲ အသက်ရှင်သူလည်း ရှိတယ်။ သို့ ‌သော် သူတို့ဘဝ အရမ်းဆင်းရဲတယ်။ မကြာခင်တုန်းကပဲ ကိုယ်ဝန်သည်မိခင်တစ်‌ယောက်ကို ကျ‌နော်တို့ သွား‌တွေ့‌သေးတယ်။ သူမကိုယ်ဝန်‌ဆောင်စဉ်မှာ ‌မြေမြှုပ်မိုင်း တက်နင်းမိတယ်။ အခု သူ့က‌လေးကို ပြုစု‌စောင့်‌ရှောက်တဲ့‌နေရာမှာ လိုအပ်ချက်‌တွေ အများကြီးရှိတယ်။ သွားလာလှုပ်ရှားတဲ့‌နေရာမှာ ‌ခြေ‌ထောက်နာကျင်ကိုက်ခဲသလို အရင်ကလို လုပ်ကိုင်စား‌သောက်လို့ မရ ‌တော့တဲ့အတွက်‌ကြောင့်မို့လို စိတ်ထိခိုက်မှု အများကြီးရှိတယ်လို့ ‌ပြောပြတယ်။

‌ကေအိုင်စီ – အပစ်အခတ်မရပ်စဲခင်ကာလနဲ့ အပစ်အခတ်ရပ်စဲပြီး‌နောက်ပိုင်း ‌မြေမြှုပ်မိုင်းပြဿနာက အ‌ခြေအ‌နေ ဘယ်လိုရှိသ လဲ။
အပစ်အခတ်မရပ်စဲခင်ကာလနဲ့ အပစ်အခတ်ရပ်စဲပြီး‌နောက်ပိုင်း ကာလနှစ်ခုကြားမှာ ကွာခြားမှုရှိပါတယ်။ အပစ်မရပ် ခင်တုန်းကဆိုရင် ‌မြေမြှုပ်မိုင်း အများအပြား ‌ထောင်ထားတာ‌တွေ့‌နေရတယ်။ စစ်ပွဲပြင်းထန်တဲ့ကာလဆိုရင် ရွာသား‌တွေလည်း အများအပြား ‌မြေမြှုပ်မိုင်း ထိမှန်တယ်။ ထိမှန်ရတဲ့အ‌ကြောင်းအရင်းက ‌ပေါ်တာလိုက်သွားအခါဖြစ်‌စေ၊ ဟင်းသီးဟင်းရွက် သွား ရှာစားတဲ့အချိန်ဖြစ်‌စေ၊ မြန်မာစစ်တပ်စခန်းကို သွားပြီးရှင်းလင်း‌ပေးတဲ့အခါဖြစ်‌စေ တခါတ‌လေ လမ်းသွားရင်းနဲ့ ထိမှန်တာ လည်း ရှိပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ ကျ‌နော်တို့ အချက်အလက်‌ကောက်ခံမှုတဲ့အရ ‌မြေမြှုပ်မိုင်းအသစ် ဆက် လက် အသုံးပြု‌နေတာရှိပါတယ်။ သို့‌သော်လည်း ယခင် စစ်ပွဲကာတုန်းက‌လောက်‌တော့ မများဘူး‌ပေါ့။ ‌မြေမြှုပ်မိုင်း အသုံးပြုမှု နည်းလာတယ်ဆို‌ပေမယ့်လည်း ရွာသား‌တွေ မိုင်းနင်းမိတာရှိ‌နေတုန်းပါပဲ။ ‌မြေမြှုပ်မိုင်း ‌ထောင်တဲ့အဖွဲ့က များ‌နေ‌တော့ နင်းမိတဲ့ မိုင်းက ဘယ်သူ့မိုင်းလဲဆိုတာက သူတို့‌တွေ တခါမှ အတိအကျ မသိကြဘူး။ ‌မြေမြှုပ်မိုင်း‌ဟောင်း‌တွေက‌တော့ အများအပြား ကျန်ရှိ‌နေပါ‌သေးတယ်။

‌ကေအိုင်စီ – ‌ကေအဲန်ယူနဲ့ အစိုးရတို့ကြား အပစ်အခတ်ရပ်စဲပြီး‌နောက်ပိုင်းမှာ ‌မြေမြှုပ်မိုင်း ရှင်းလင်းမှုနဲ့ပတ်သက်ပြီး လုပ်‌ဆောင် တာ ရှိသလား။ ‌ရှေ့ဆက်လုပ်‌ဆောင်ဖို့ အစီအစဉ်‌ကော ‌တွေ့မြင်‌နေရသလား။
‌မြေမြှုပ်မိုင်း ရှင်းလင်း‌ရေးနဲ့ပတ်သက်ပြီး လုပ်‌ဆောင်‌ပေးဖို့ကို ‌ကေအဲန်ယူပဲဖြစ်၊ နယ်ခြား‌စောင့်တပ်ပဲဖြစ်ဖြစ် ‌ကေအဲန် ယူ တပ်မဟာ(၇)မှာ ‌နေထိုင်တဲ့ရွာသား‌တွေ ‌တောင်းဆိုမှု‌တွေ ရှိပါတယ်။ သူတို့‌တွေ လုပ်ကိုင်စား‌သောက်တဲ့‌နေရာမှာ စိုးရိမ် ‌ကြောက်လန့်မှု‌တွေ ကင်း‌ဝေးဖို့အတွက်ပါ။ ကျ‌နော်တို့ ‌လေ့လာသိရှိချက်အရ နယ်ခြား‌စောင့်တပ်နဲ့ ‌ကေအဲန်ယူတို့‌ပေါင်းပြီး‌တော့ ‌ကေအဲန်ယူတပ်မဟာ(၇)မှာ ရွာသား‌တွေအတွက် ‌မြေမြှုပ်မိုင်း ရှင်းလင်း‌ပေးတာရှိတယ်။ သို့‌သော်လည်းပဲ ကရင်ပြည်နယ်တစ်ခု လုံးအ‌နေနဲ့ အစီအစဉ်တကျ ‌မြေမြှုပ်မိုင်းရှင်းဖို့ အစီအစဉ်ကို‌တော့ မ‌တွေ့ရ‌သေးပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့‌တွေက ‌မြေ မြှုပ်မိုင်းကို ရှင်းလင်းချင်‌ပေမယ့်လည်း လက်ရှိအပစ်အခတ်ရပ်စဲ‌ရေးဟာ ခိုင်မာတဲ့ အာမခံချက်မရှိ‌သေးတဲ့အတွက် ကရင်ပြည် နယ်တစ်ခုလုံးအတိုင်းအတာအ‌နေနဲ့ ရှင်းလင်းဖို့က ကျ‌နော်တို့ မ‌တွေ့ရ‌သေးပါဘူး။ အစိုးရဘက်က‌တော့ ‌မြေမြှုပ်မိုင်းရှင်းလင်း ‌ရေးနဲ့ပတ်သက်ပြီး အဖွဲ့ ဖွဲ့စည်းမှု လုပ်‌ဆောင်‌နေတာရှိတယ်လို့ ကြားသိရတယ်။ အခြားပြည်နယ်‌တွေကို‌တော့ ကျ‌နော်မ‌ပြောနိုင် ‌ပေမယ့်လို့ ကျ‌နော်တို့ကရင်ပြည်နယ်မှာဆိုရင် ‌မြေမြှုပ်မိုင်းရှင်းလင်းချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်း‌တွေလည်း ရှိ‌ပေမယ့်လို့ အစိုး ရနဲ့ နိုင်ငံတကာအဖွဲ့‌တွေအ‌နေနဲ့ ‌မြေမြှုပ်မိုင်း ရှင်းလင်းချင်‌တောင်မှ လုပ်လို့မရ‌သေးပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ အစိုးရနဲ့ ခွင့်ပြု ချက်ရရင်‌တောင်မှ ကရင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက ခွင့်မပြုရင် လုပ်လို့မရပါဘူး။

‌ကေအိုင်စီ – ‌မြေမြှုပ်မိုင်းကိစ္စနဲ့ ပတ်သက်ပြီး KHRG ရဲ့ ရပ်တည်မှုက ဘာဖြစ်မလဲ။
‌မြေမြှုပ်မိုင်းကိစ္စရပ်နဲ့ပတ်သက်ပြီး ကျ‌နော်တို့ KHRG အ‌နေနဲ့က ရွာသား‌တွေရဲ့ ကိုယ်စားပြုအ‌နေနဲ့ ‌ဖော်ပြ‌ပေးတာပဲ ရှိ ပါတယ်။ ‌ဒေသခံရွာသား‌တွေရဲ့ဆန္ဒက ဘာလဲဆို‌တော့ သူတို့‌တွေ လုံလုံခြုံခြုံ၊ စိုးရိမ်‌ကြောက်လန့်မှုကင်းကင်းနဲ့ လုပ်စားကိုင်စား ချင်တဲ့အတွက် စစ်သားပဲဖြစ်ဖြစ်၊ ‌မြေမြှုပ်မိုင်းကို ရှင်းလင်းတဲ့အဖွဲ့အစည်းပဲဖြစ်ဖြစ် ‌မြေမြှုပ်မိုင်းကို ရှင်းလင်း‌ပေးချင်ကြပါတယ်။ ‌မြေမြှုပ်မိုင်းလာရှင်းလင်းတဲ့‌နေရာမှာလည်း စီးပွား‌ရေးလာပြီးလုပ်စားဖို့၊ သစ်ဝါး‌တွေကိုလာပြီး ထုတ်ယူဖို့၊ ‌ရွှေလာတူးဖို့ အဲဒါ‌တွေ မဖြစ်ရဘူး။ ‌မြေမြှုပ်မိုင်းရှင်းလင်းတဲ့‌နေရာမှာ ရွာသား‌တွေရဲ့လုံခြုံ‌ရေးနဲ့ လုပ်စားကိုင်စားနိုင်ဖို့အတွက်ပဲ ဖြစ်ရမယ်။

‌ကေအိုင်စီ – ‌မြေမြှုပ်မိုင်းရှင်းလင်းမှု လုပ်‌ဆောင်ဖို့အတွက် ကရင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်း‌တွေကိုဖြစ်‌စေ၊ လက်ရှိအစိုးရဖြစ်‌စေ၊ မကြာခင်ဖြစ်လာမယ့် အစိုးရသစ်ဖြစ်‌စေ ဘာများ‌ပြောချင်ပါသလဲ။
ဒီ‌မြေမြှုပ်မိုင်းရှင်းလင်းမှုနဲ့ပတ်သက်ပြီး ‌ကေအဲန်ယူပဲဖြစ်ဖြစ်၊ ကရင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ် ဖြစ်၊ အခုအစိုးရပဲဖြစ်ဖြစ်၊ လာမယ့်အစိုးရသစ်ပဲဖြစ်ဖြစ် ‌ပြောချင်တာက ‌ဒေသခံပြည်သူလူထုက ‌မြေမြှုပ်မိုင်း‌တွေကို ရှင်းလင်း ‌ပေး‌စေချင်တဲ့အတွက် သူတို့အ‌နေနဲ့လည်း လုပ်‌ဆောင်‌ပေးဖို့ကို ကျ‌နော်တို့ ‌မျှော်လင့်ပါတယ်။ ‌မြေမြှုပ်မိုင်းရှင်းလင်းမှုက နိုင်ငံ ‌ရေးအ‌ခြေအ‌နေ ဘယ်‌လောက်အတိုင်းအတာထိ တိုးတက်မှုရှိသလဲဆိုတဲ့အ‌ပေါ်မှာပဲ မူတည်တယ်ဆိုတာ ကျ‌နော်တို့ နားလည် ပါတယ်။