Home သတင်း KPP က ‌ရွေး‌ကောက်ပွဲဝင်မည့် ကိုယ်စားလှယ် ၁၁ဝဦးအမည်စာရင်း အတည်ပြုထုတ်ပြန်

KPP က ‌ရွေး‌ကောက်ပွဲဝင်မည့် ကိုယ်စားလှယ် ၁၁ဝဦးအမည်စာရင်း အတည်ပြုထုတ်ပြန်

1690

ဇူလိုင် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်သူ့ပါတီ (KPP)က ၂၀၁၅၊ နိုဝင်ဘာလ ၈ရက်‌နေ့တွင် ပြုလုပ်မည့် ပါတီစုံ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကို ပါတီကိုယ်စား ပြု ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်း ၁၁ဝ ဦး၏ အမည်စာရင်းကို အင်းစိန်မြို့နယ်၊ ‌တောင်သူကုန်းရပ်ကွက်၊ ဟိုက် ပတ်လမ်းရှိ မာယနသန်ခမ်းမ၌ ယ‌နေ ့ပြုလုပ်သည့် ၅နှစ်ပြည့် ပါတီနှစ်ပတ်လည် အခမ်းအနားတွင် အတည်ပြု ထုတ်ပြန်လိုက် သည်။

(KPP) အ‌နေဖြင့် လာမည့်‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်၊ တနသင်္ာရီ၊ ပဲခူးနှင့် ဧရာဝတီတိုင်း‌ဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်ရှိ မြို့ နယ် ၅ဝခန့်တွင် ကိုယ်စားလှယ်‌လောင်း ၁၁ဝဦးဖြင့် ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ကာ မည်သည့် မဲဆန္ဒနယ်တွင် မည်သူက ဝင်‌ရောက်ယှဉ်ပြိုင်မည်ကို လတ်တ‌လော အတိအကျ ထုတ်ပြန်ဦးမည် မဟုတ်ဟုလည်း ပါတီအ‌ထွေ‌ထွေ အတွင်း ‌ရေးမှူး ‌စော‌စေးဝါးက ‌ပြောသည်။

“အခု ကိုယ်စားလှယ်‌တွေက ဘယ်သူက ဘယ်‌နေရာ၊ ဘယ်မြို့နယ်မှာဝင်မယ်ဆိုတာကို‌တော့ ‌လော‌လောဆယ် အတိအကျ မ‌ပြောနိုင်‌သေးဘူး”ဟု ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ ့ထုတ်ပြန်လိုက်သည့် ‌ရွေး‌ကောက်ပွဲဝင်မည့် KPP ကိုယ်စားလှယ်‌လောင်းများ စာရင်းတွင် ပါတီထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ဖြစ်သည့် ကရင့်‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်နှင့် ‌စောဂျူဘလီစံလှ အပါအဝင် ‌စော‌စေးဝါး၊ ‌ဒေါက်တာ‌စောဆိုင်မွန်သာ၊ ‌စောကဲနက်၊ နမ့်ခင်‌အေးဦး၊ မန်းထွန်းတင် အစရှိသူများ ပါဝင်ကာ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရခဲ့သည့် ကိုယ်စားလှယ်များ လည်း ပြန်လည်ပါဝင်လာခဲ့သည်။

ထို့အပြင် လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး ကရင့်‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်အ‌နေဖြင့် ယ‌နေ ့ထုတ်ပြန်လိုက်သည့် ၁၁ဝ ဦးစာရင်းတွင် ကရင်ပြည်နယ်အတွင်း ကျ‌ရောက်‌နေပြီး ၎င်းအ‌နေဖြင့် ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ် ‌တော်ကိုယ်စားလှယ်‌နေရာ ဝင်‌ရောက်အ‌ရွေးခံသွားရန် အလားအလာ ရှိ‌နေသည်ဟု အမည်မ‌ဖော်လိုသည့် ပါတီထိပ်ပိုင်း‌ခေါင်း ‌ဆောင်တစ်ဦးက ‌ကေအိုင်စီသို ့‌ပြောသည်။

အလားတူ ပဲခူးတိုင်း‌ဒေသကြီး ကရင့်‌ရေးရာဝန်ကြီး‌နေရာကို လက်ရှိလုပ်‌ဆောင်‌နေသည့် ‌စောဂျူပလီစံလှက ယင်း‌နေရာတွင် သာ ပြန်လည် ဝင်‌ရောက်အ‌ရွေးခံမည်ဖြစ်သလို မွန်ပြည်နယ် ကရင့်‌ရေးရာဝန်ကြီး‌နေရာကို ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ယင်း‌နေ ရာ၌ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ ‌နော်ဆာထူးတို ့ပြန်လည်ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ကာယကံရှင်များ၏ ‌ပြောပြချက် များအရ သိရှိရသည်။

“ပြုပြင်‌ပြောင်းလဲ‌ရေးလုပ်‌ဆောင်‌နေတဲ့ ‌နေရာမှာ ကိုယ့်လူမျိုးကို တကယ့်ဦး‌ဆောင်လုပ်ကိုင်‌ပေးမဲ့သူကို မှန်မှန်ကန်ကန် ‌ရွေး ချယ်‌ပေးပါလို ့‌ပြောချင်တယ်။ အခု‌နေရာကို ကြံ့ဖွံ့၊ NLD၊ တစညနဲ ့ ဖလုံ-စ‌ဝေါ်လည်း ပြိုင်မယ်ကြားတယ်။ ဖလုံ- စ‌ဝေါ်က‌တော့ အဓိက ပြိုင်ဘက်ဖြစ်လာနိုင်တယ်။ ကိုယ့်လူမျိုးအတွက် အမှန်တကယ် လုပ်‌ဆောင်မယ်ဆိုရင်‌တော့ လက်တွဲလုပ်‌ဆောင်ဖို့ အဆင်သင့်ပဲလို ့‌ပြောချင်တယ်”ဟု ‌နော်ဆာထူးက ‌ပြောသည်။

ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီကို ၂၀၁ဝပြည့်နှစ်၊ ‌မေလ၂၁ရက်‌နေ့တွင် တရားဝင် စတင် တည်‌ထောင်ခဲ့ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် မဲဆန္ဒနယ်‌မြေ ၆‌နေရာ အနိုင်ရရှိခဲ့ကာ ၂၀၁၅ခုနှစ်၊ ‌မေလ ၃၁ရက်‌နေ့အထိ ပါတီဝင် ၁၀၂,၆၁၂ဦး ရှိပြီးဖြစ် ‌ကြောင်း ပါတီနှစ်ပတ်လည် အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။