Home သတင်း ပဲခူးတိုင်းရှိ ကရင်စာသင် ဆရာ၊ ဆရာမများ ရှစ်လ ကြာသည်အထိ ချီးမြှင့်‌ငွေမရ‌သေး

ပဲခူးတိုင်းရှိ ကရင်စာသင် ဆရာ၊ ဆရာမများ ရှစ်လ ကြာသည်အထိ ချီးမြှင့်‌ငွေမရ‌သေး

1779

‌ဖေ‌ဖော်ဝါရီ ၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ အ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်စာသင်ဆရာ၊ ဆရာမများအတွက် တရားဝင် ချီးမြှင့်‌ငွေကို ၂၀၁၄ခုနှစ်၊ ဇွန်လမှ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလအထိ ‌ပေးအပ်ခြင်းမရှိ‌သေး‌ကြောင်း ပဲခူးတိုင်း‌ဒေသ ကြီး ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ ‌စောလင်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ပညာသင်နှစ်အစ ပြီးခဲ့တဲ့နှစ် ဇွန်လထဲက အခုထိ ‌ကျောင်းမှာ ကရင်စာသင်တဲ့ ဆရာမ‌တွေ ချိီးမြှင့်‌ငွေ မရ‌သေးဘူး။ အခု ဆရာမ‌တွေက‌ပေးမှ ‌ပေးပါ့မလားဆိုပြီး စိုးရိမ်ပူပန်‌နေတယ်လို့ အတီးကို ‌ပြောတယ်။ တချို့ ကျ‌တော့လည်း ဝန်ထမ်းမဟုတ်တဲ့ ဆရာဆရာမ‌တွေ ပါတယ်။ သူတို့ကျ‌တော့ ဒါ‌လေး‌မျှော်ကိုးပြီး‌တော့ လုပ်ကြရတာပါ”ဟု ‌ပြောသည်။

တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအ‌နေဖြင့် ကရင်စာသင် ဆရာ၊ ဆရာမများ စိတ်အား တက်ကြွမှုရှိ‌စေ‌ရေးအတွက် စိစစ်မှုပြုလုပ်ပြီး ‌ကျောင်းများကို တရားဝင်ချီးမြှင့်‌ငွေများ အရင်ထုတ်‌ပေးရန် ဆန္ဒရှိသည်ဟု ‌စောလင်း‌အောင်က ဆက်‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမှတ်(၁) အ‌ခြေခံ ပညာဦးစီးဌာန၊ ဒုညွှန်ကြား‌ရေးမှူး ဦးစိုးဝင်းက ချီးမြှင့်‌ငွေများ ‌ပေးအပ်နိုင်‌ရေးအတွက် စိစစ်ရာအချို့‌ကျောင်းများတွင် ‌ကျောင်းသားဦး‌ရေနှင့် ဆရာဦး‌ရေစာရင်း ကိုက်ညီမှု မရှိ‌နေသည့်အတွက် ‌သေချာစိစစ်ပြီးပါက ‌ပေးအပ်သွားမည်ဖြစ်သည်ဟု တိုင်းစာယဉ်သို့ ဇန်နဝါရီလက ထုတ်‌ဖော်‌ပြောဆိုထားသည်။

ကရင်စာသင်ကြား‌ပေး‌နေသည့် ‌ညောင်‌လေးပင်မြို့နယ်၊ အ.မ.က (အင်းကုန်း) မူလတန်းပြဆရာမ ‌နော်နှင်းနွယ်ခိုင်က “ဆရာမ‌တွေက‌တော့ လိုချင်တဲ့စိတ်နဲ့ စာသင်‌နေတာ မဟုတ်ဘူး။ ဒါ‌ပေမယ့် တစ်လ တစ်‌ခေါက် ‌ပေးမှာလား။ တစ်နှစ် တစ်‌ခေါက်‌ပေးမှာလား ‌သေ‌သေချာချာ‌လေး‌တော့ သိချင်တာ‌ပေါ့။ ဖြစ်နိုင်ရင် တစ်လတစ်‌ခေါက် ရရင်‌တော့ ‌ကောင်းတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌ခြေခံပညာ‌ကျောင်းများတွင် တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများကို တစ်လလျှင် ကျပ် ၃‌သောင်း နှုန်းဖြင့် ချီးမြှင့်မည်ဟု ပညာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ပြီးခဲ့သည့် ပညာသင်နှစ်က ပဲခူးတိုင်း‌ဒေသ ကြီး၊ ‌ညောင်‌လေးပင်မြို့နယ်ရှိ ကရင်စာသင်ဆရာ၊ ဆရာမများကို ချီးမြှင့်‌ငွေ ၁ဝ လစာအတွက် တစ်ဦးလျှင် ကျပ် ၃ သိန်း ‌ပေးအပ်ခဲ့သည်ဟု သိရသည်။

ပဲခူးတိုင်း‌ဒေသကြီးအတွင်း မြို့နယ် ၂၄ မြို့နယ်အတွင်းရှိ စာသင်‌ကျောင်းများတွင် ‌ကျောင်းသူ၊ ‌ကျောင်းသား တစ်‌ထောင်‌ကျော် ကရင်စာသင်ကြားလျှက်ရှိကာ ကရင်‌ကျောင်းသူ‌ကျောင်းသားများရှိပြီး ကရင်စာသင် ဆရာများ မရှိသည့် ‌ကျောင်းများတွင် တိုင်းစာယဉ်အစီအစဉ်ဖြင့် ပြင်ပကရင်စာသင် ဆရာမများ ‌ခေါ်ယူ၍ သင်ကြား‌ပေးမှုများရှိသည်ဟု တိုင်းစာယဉ်က ‌ပြောဆိုသည်။