Home သတင်း ‌ဝေါဟာရ စကားလုံးများထက် အ‌ရေးကြီးသည့် မူပိုင်းဆိုင်ရာများ ‌ဆွေး‌နွေးရန် NCCT အကြံပြု

‌ဝေါဟာရ စကားလုံးများထက် အ‌ရေးကြီးသည့် မူပိုင်းဆိုင်ရာများ ‌ဆွေး‌နွေးရန် NCCT အကြံပြု

2056

ဩဂုတ် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်မူကြမ်း (Single Text)ရရှိ‌ရေးအတွက် ‌ဝေါဟာရစကားလုံးများ ထက် အ‌ရေးကြီးသည့် မူပိုင်းဆိုင်ရာအချက်များကို ‌ဆွေး‌နွေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)က ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ(UPWC) ကို ယ‌နေ့ ‌ပြောဆိုလိုက်သည်။

NCCT နှင့် UPWC တို့ ရန်ကန်မြို့၊ ‌ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးဗဟိုဌာန(MPC) ၌ ယ‌နေ့နံနက် ၉နာရီတွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း ‌ရေးဆွဲ‌ရေး‌ဆွေး‌နွေးပွဲအတွက် စတင်‌ဆွေး‌နွေးရန် NCCT အဖွဲ့‌ခေါင်း‌ဆောင် နိုင် ဟံသာက အဖွင့်အမှာစကား ‌ပြောကြားရာ၌ ထိုသို့ ထည့်သွင်း‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲ‌ရေး မချုပ်ဆိုနိုင်‌သေးတဲ့အ‌ပေါ် ပြည်သူများက ကြန့်ကြာလွန်းတယ်လို့ ‌ဝေဖန်‌နေကြတာကို ကြား‌နေရပါတယ်။ ဒီအ‌ပေါ်မှာ နားလည်မှု မြန်မြန်ရရှိနိုင်‌ရေးအတွက် ‌ဝေါဟာရ စာကားလုံးများနဲ့ ဝါကျတစ်ခုချင်း၊ စာပိုဒ်တစ်ခု ချင်း ညှိနှိုင်း‌နေခြင်းထက် အ‌ရေးကြီးတဲ့ မူပိုင်းဆိုင်ရာ အချက်အလက်များနဲ့ အ‌ရေးပါတဲ့ မူပိုင်းဆိုင်ရာအချက်များကို ‌ရွေးထုတ် ပြီး ‌ဆွေး‌နွေးကြရင်‌ကောင်းမယ်လို့ အကြံပြုလိုပါတယ်”ဟု နိုင်ဟံသာက ‌ပြောကြားခဲ့သည်။

မြန်မာငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးဗဟိုဌာန (MPC)၌ ပြုလုပ်သည့် ယ‌နေ့‌ဆွေး‌နွေးပွဲတွင် အစိုးရဘက်မှ UPWC အဖွဲ့ ‌ခေါင်း‌ဆောင် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ ဦးသိန်း‌ဇော်၊ ပြည်‌ထောင်စုဝန်ကြီး ဦးခင်ရီတို့ အပါအဝင် ဒုဗိုလ်ချုပ်ကြီးသက် နိုင်ဝင်း၊ ဒုဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုဗိုလ်ချုပ်ကြီးရဲ‌အောင်တို့ ပါဝင်သည့်အဖွဲ့နှင့် တိုင်းရင်းသားများဘက်မှ NCCT အဖွဲ့‌ခေါင်း‌ဆောင် နိုင်ဟံသာ၊ ဒုအဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်‌မော်နှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ ပါဝင်သည့် အဖွဲ့ဝင် ၁၆ဦးတို့ က ‌ဆွေး‌နွေးခဲ့ခြင်းလည်းဖြစ်သည်။
NCCT-UWPC
NCCT ဒုအဖွဲ့‌ခေါင်း‌ဆောင် ပဒို‌စောကွယ်ထူးဝင်းက “ကျ‌နော်တို့ ပြန်လည်ညှိနှိုင်းတဲ့အချက်‌တွေဟာ များ‌သောအားဖြင့် ကျ‌နော် တို့ အမြင်သ‌ဘောထားအ‌ပေါ်မှာ မူတည်တဲ့အတွက် ဒီအမြင်‌တွေကို ညှိနှိုင်းပြီးလို့ရှိရင် စာ‌ရေးသားတဲ့အ‌ပေါ်မှာ အခက်အခဲ မရှိ ‌တော့ဘူးလို့ မြင်တယ်”ဟု ‌တွေ့ဆုံပွဲတွင် ‌ပြောကြားခဲ့သည်။

ထို့အပြင် UPWC ဥက္ကဌ ပြည်‌ထောင်စုဝန်ကြီးဦး‌အောင်မင်းက ယခု‌ဆွေး‌နွေးပွဲသည် အပစ်အခတ်ရပ်စဲ‌ရေးသက်သက်ကို ကြိုး ပမ်း‌နေခြင်း မဟုတ်‌ကြောင်း၊ ငြိမ်းချမ်း‌ရေးအတွက် အဓိကအကျဆုံးဖြစ်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို သွားနိုင်‌အောင် ခိုင်ခံ့ သည့် အ‌ခြေခံအုတ်မြစ်များ ချမှတ်‌နေခြင်းဖြစ်‌ကြောင်း၊ အဓိက ရည်ရွယ်ချက်မှာ အ‌ခြေခံအုတ်မြစ်‌ကောင်းများ ချနိုင်မည်ဆိုပါ က ၂၀၁၅အပြီး မည်သည့်အစိုးရတက်သည်ဖြစ်‌စေ လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို လက်ဆင့်ကမ်း အ‌ကောင်အထည်‌ဖော်သွား နိုင်မည်ဖြစ်‌ကြောင်း ‌ပြောဆိုခဲ့သည်။

ယခု‌ဆွေး‌နွေးပွဲတွင် NCCT က ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ‌သော ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေး၊ ဖက်ဒရယ်ပြည်‌ထောင်စုနှင့် ကိုက်ညီသည့် ပြည်‌ထောင်စုတပ်မ‌တော်ဖွဲ့စည်း‌ရေးတို့ ပါဝင်သည့် အ‌ခြေခံမူပိုင်း ဆိုင်ရာ၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ကြားကာလအတွက် အစီအစဉ်၊ အပစ်ရပ်စာချုပ် အတည်ပြုခြင်းနှင့် အာဏာတည်ခြင်း၊ စာချုပ်လက်မှတ်‌ရေးထိုးခြင်း၊ အသိသက်‌သေအဖြစ် လက်မှတ်‌ရေးထိုးခြင်း၊ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ပါဝင်သည့် အ‌ရေးကြီး ‌သောအချက်များကို ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

NCCT နှင့် UPWC တို့၏ ယခု တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း ‌ရေးဆွဲ‌ရေး‌ဆွေး‌နွေးပွဲကို ၂ရက်ကြာ ‌ဆွေး‌နွေးသွားဖြစ် ‌ကြောင်း သိရသည်။